အခုဖော်ပြပေးလိုက်တဲ့ကားအသစ်က Fast off-road ကားတစ်စီးလိုက်ရှာနေသူတွေကို အတော်ေလးစိတ်လှုပ်ရှားရင်ခုန်သွားစေလောက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Texas အခြေစိုက် Tuning Company HPE (Hennessey Performance Engineering) က “Jeep Gladiator Maximus” ဆိုတဲ့ အကြမ်းစား၊ အလန်းစား Off-roader တစ်စီးကို ဖန်တီးနေပြီဖြစ်လို့ပါပဲ။
တန်ကြေးမြင့် High-power Jeep တစ်စီးဖြစ်တာကြောင့် စွမ်းဆောင်ရည်ဘယ်လောက်ထိကောင်းေနမလဲ ဆိုတာကလည်း စိတ်ဝင်စားစရာပါ။ HPE က Jeep Gladiator Maximus အတွက် Standard V6 Engine အစား Supercharged 6.2-liter Hellcat V8 Engine ကိုအသုံးပြုထားလို့ 1,000 Horsepower နဲ့ 933 lb-ft torque ဆိုတဲ့ တကယ့်အကြမ်းစား Power Output ကိုရေစပါလိမ့်မယ်။
ECU, Radiator, Fuel System အသစ်တွေကိုအသုံးပြုထားပြီး Stainless Steel Exhaust System နဲ့ Eight-speed Automatic Gear တွေပါဝင်မှာဖြစ်ပါတယ်။
6-inch L,ift 20-inch Off-road Tire တွေနဲ့ အဆင့်မြှင်တင်မှုလုပ်ထားတဲ့ Suspension System က Off-road Crazy တွေအတွက် စိတ်ကျေနပ်ေလာက်စရာဖြစ်ပြီး Front နဲ့ Rear Bumper တွေရဲ့ ဒီဇိုင်းက လည်း ကားရဲ့ရုပ်ထွက်ပိုင်းကို ပိုပြီးဆွဲေဆာင်မှုရှိသွားေစတာကိုေတွ့ရပါတယ်။ အနုစိတ်ဖန်တီးထားတဲ့ Custom Leather Interior ဒီဇိုင်းကတော့ စီးနင်းလိုက်ပါသူတိုင်းအတွက် ပိုနှစ်လိုဖွယ်ကောင်းတဲ့ Cabin Feel ကို ရရှိေစမှာဖြစ်ပါတယ်။
Ref: roadshow
Thiha