Jeep သည် ၎င်း၏ Icon Model ဖြစ်သည့် Wrangler ၏ 2020 Model တွင် ထူးခြားသည့် Trim ဖြစ်သည့် Recon Edition ကို ထည်သွင်းသွားမည်ဖြစ်ကြောင်း JL Wrangler Forums သတင်းအရင်းမြစ်မှ သိရသည်။ ၎င်းတွင် ထူးခြားမှုမှာ e Torque Mild Hybrid Assist System အား 2.0 L Turbocharged I 4 Engine ဖြင့် တွဲဖက်တပ်ဆင်ထားခြင်းဖြစ်ပြီး ( 270 hp Output ) ထွက်မည်ဖြစ်ကာ 8 – Speed Auto gear ပါဝင်မည်။ ပုံမှန် Grade တွင် 3.6 L V 6 Engine ( 285 hp ) အင်ဂျင်နှင့် ( 6 – Speed Manual Gear ) တို့တွဲဖက်ထားသည်။ ယခုထည့်သွင်းသည့် Recon Edition တွင် 2017 တွင် ထုတ်လုပ်ခဲ့သည့် Recon Version တွင် ပါဝင်သည့် Body ဆေးရောင်များ ၊ အနီရောင် ထိုင်ခုံခါးပတ်များလည်းပါဝင်မည်။ သို့သော် LED စနစ်သုံး ရှေ့မီးလုံး နောက်မီးတန်း ၊ နှင်းခွဲမီးနှင့် DRL စနစ်တို့သည် 2020 Model အတွက် အသစ်ထည့်ထားခြင်းဖြစ်ပြီး Rear Steel Bumper ၊ 17 – inch Black Wheels ၊ 33 – inch Mud – Terrain Tire စသည့် လမ်းကြမ်းသုံး ပစ္စည်းများလည်း စုံလင်စွာပါရှိမည်။
Zawgyi Version…
Jeep သည် Recon Edition အား 2020 Wrangler တွင်ထည့်သွင်းခြင်း