Jeep သည် PHEV Model အသစ်ဖြစ်သည့် Wrangler 4 x e ၏ ဈေးနှုန်းကို ထုတ်ပြန် လိုက်ပြီး New Model ၏ ( 4 – door Version ) တွင် Sahara နှင့် Rubicon Trim အသစ်များ ပါဝင်ပါမည်။ Sahara အား ( USD 47900 ) ဖြင့်၎င်း ၊ Rubicon အား ( USD 49400 ) ဖြင့်၎င်း ( အမေရိကန်ဈေးကွက် ) တွင် ရောင်းချပါမည်။ Wrangler 4 x e Rubicon ကိုမူ ( USD 53000 ) ဖြင့် ရောင်းချပါမည်။ Hybrid မဟုတ်သည့် Sahara သည် ( USD 40000 ) ခန့် ကျသင့်ပါမည်။ Wrangler PHEV အတွက် ( USD 9000 ) တန်သည့် Premium Powertrain ကိုလည်း အပိုဆောင်း ရနိုင်ပါမည်။ New Wrangler 4 x e Sahara Model တွင် ( 20 inch Wheels ) ၊ ( 8.4 inch U connect ) ၊ ( Navigation ) ၊ နာမည်ကျော် Alpine Premium Audio ၊ LED Lighting Package ၊ ( Selec-Trac 4WD System ) ၊ ( Dana 44 HD Axles ) စသည့် Function များ အဓိက ပါဝင်ပါမည်။ အဆိုပါ Features များအား Hybrid မဟုတ်သည့် Trim များတွင် Optional အနေဖြင့်သာ ရနိုင်ပါမည်။ New Wrangler 4 x e Rubicon တွင်မူ – ( 4.1 Rock-Trac Heavy-Duty Full Time 4 WD System ) ကိုထူးခြားစွာ ဖြည့်စွက်ထည့်သွင်းမည်ဖြစ်သည်။ New Wrangler PHEV Model များတွင် – ( 2.0 L Turbo I4 Engine ) နှင့်အတူ လျှပ်စစ်မော်တာနှင့် e Torque Starter – Generator တို့ပေါင်းစပ်ထားပြီး ( Combined Output ) သည် ( 375 hp ) ရှိပါမည်။ Battery အနေဖြင့် ( 17-kWh Liquid-cooled Battery Park ) ကို ထည့်သွင်းထားပြီး လျှပ်စစ်သီးသန့်ဖြင့် ( ၂၅ မိုင် ) ခန့် အသုံးပြုနိုင်ပါမည်။ Combined Driving ဆိုပါက ( 50-mpg-e ) အထိ ရနိုင်ပါမည်။ New Wrangler 4 x e Model များအား 2021 ပထမ (၄) လအတွင်း ( U.S.A ) သို့စတင်ရောင်းချရန် Jeep မှ စီစဉ်ထားပါသည်။
The Jeep® Wrangler 4xe’s 400-volt, 17kWh battery pack mounts beneath the second-row seat, where it is protected from outside elements.