Off-roader ဆိုတဲ့ကားမျိုးက သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်တယ် လို့ ဘယ်တုန်းကမှ နာမည်မထွက်ခဲ့ဖူးတဲ့ကားအမျိုးအစားဖြစ်ပါတယ်။ ဒါပေမဲ့ အခုထွက်လာတဲ့ Off-roader Model သစ်ကိုတော့ အဲဒီအချက်နဲ့ပတ်သက်လို့ ချွင်းချက်ထားရေတာ့မှာပါ။
အဲဒီ Off-roader သစ်ကတော့ 22/29/25 mpg city/highway/combined ဆိုတဲ့ Fuel Economy ရှိပြီး ထုတ်လုပ်ခဲ့သမျှ Wrangler Model ေတွထဲမှာ စွမ်းဆောင်ရည်အကောင်းဆုံး လို့ ညွှန်းဆိုမိတ်ဆက်လိုက်တဲ့ 2020 Jeep Wrangler EcoDiesel ပဲဖြစ်ပါတယ်။
ရှေ့ကထွက်ခဲ့ပြီးတဲ့ မျိုးဆက်နဲ့ယှဉ်ကြည့်ရင်လည်း အခု Wrangler Model သစ်ရဲ့ Global Warming Potential က 15 ရာခိုင်နှုန်းေလာက် ပိုနည်းပါးေနပါတယ်။ ရဲ့ Environmental Friendly ဖြစ်မှုတန်ဖိုးက Design ပိုင်း, Production ပိုင်းတွေအပါအဝင် Fuel Production နဲ့ Delivery ပိုင်းတို့ရဲ့သဘာဝပတ်ဝန်းကျင်အပေါ်အကျိုးသက်ရောက်မှုပုံစံ, အသုံးပြုထားတဲ့ကုန်ကြမ်းပစ္စည်းအမျိုးအစား၊ ဆီစားနှုန်း စတာတွေပါဝင်တဲ့ On-road performance ပိုင်းနဲ့ဆက်စပ်တဲ့အချက်တွေအပေါ် အကဲဖြတ်တွက်ချက်ထားတာဖြစ်ပါတယ်။ မိုင် 150,000 မောင်းနှင်မှုအပေါ်မှာလည်းအခြေခံတွက်ချက်မှုေတွပြုလုပ်ထားပြီး အရည်အသွေးပိုင်းတိုးတက်မှုတွေအတွက်ကိုတော့ တခြားယာဉ်အမျိုးအစားတွေရဲ့ ကာဘွန်အညစ်အကြေးစွန့်ထုတ်မှုနှုန်းနဲ့နှိုင်းယှဉ်တိုင်းတာထားတာပါ။
New Wrangler ရဲ့ Performance ပိုင်းအတွက် 270-horsepower ထုတ်လုပ်နိုင်တဲ့ 2.0-liter Turbo Engine (Engine stop-start ပါဝင်) ကိုအသုံးပြုထားပါတယ်။ New Wrangler Unlimited တစ်စီးချင်းစီဟာ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုပမာဏကို 14-metric-ton (passenger ကား ၃ စီး တစ်နှစ်မောင်းနှင်ပြီးချိန်အတွင်း ထုတ်လွှတ်ခဲ့သည့်ပမာဏနှင့်ညီမျှ) လောက်ထိလျှော့ကျစေနိုင်မှာပါ။
Wrangler Unlimited Model ရဲ့အရင် Wrangler မျိုးဆက်မှာတုန်းက သတ္ထုအသုံးပြုမှုပမာဏ ၆၈ ရာခိုင်နှုန်းထိရှိခဲ့ေပမဲ့ အခု သဘာဝပတ်ဝန်းကျင်အပေါ်အကျိုးပြုနိုင်စွမ်းကြောင့် သတ္ထုအသုံးပြုမှုပမာဏဟာ ၅၄ ရာခိုင်နှုန်းကို လျော့ကျသွားပါတယ်။ ယာဉ်ရဲ့အလေးချိန်လျှော့ချနိုင်ဖို့နဲ့ ပျက်စီးမှုဒဏ်ခံနိုင်စေနိုင်ဖို့အတွက် သတ္ထုသုံးစွဲမှုလျှော့ချပစ်တဲ့ပမာဏ 12-20 ရာခိုင်နှုန်းထိ တိုးလာပါတယ်။
အခု New Wrangler Model ရဲ့ On-road Performance နဲ့ Fuel Economy ပိုင်းမှာက TorqueFlite eight-speed automatic transmission ပါဝင်တာေကြာင့် ဆီတစ်ဂါလံစခရီးေရာက်နှုန်းက 21 mpg ရှိနေပြီး အဲဒီ Five-speed Automatic Transmission ပါဝင်တဲ့ အရင်မျိုးဆက် Wrangler နဲ့ယှဉ်လိုက်ရင် 3 mpg လောက် ပိုများလာတာဖြစ်ပါတယ်။
Ref: carbuzz
Thiha