Jeep သည် Zero Emission Car များကို ထုတ်လုပ်ရန် ရည်ရွယ်ချက်ရှိပြီး 2025 အတွင်း SUV Lineup အားလုံးတွင် ထည့်သွင်းရန် စီစဉ်ထားပါသည်။ အဆိုပါ အစီအစဉ် တစိတ်တပိုင်း အနေဖြင့် 2022 Grand Cherokee 4Xe Model အား Jeep မှ မိတ်ဆက်လိုက်လာ အဆိုပါ Version သည် ရိုးရိုး Grand Cherokee ဖြစ်ပြီး Grand Cherokee L တွင် ပုံမှန်အင်ဂျင်သာ ပါဝင်ပါမည်။ 2022 Grand Cherokee 4Xe Model သည် Plug – in Hybrid Model ဖြစ်ကာ 2021 ထွက်ရှိခဲ့သည်။ Electrified 2021 Jeep Wrangler 4Xe Model နောက်ပိုင်း ဒုတိယမြောက်ထွက်ရှိလာသည့် Model လည်းဖြစ်သည်။ အဆိုပါ PHEV Wrangler Model တွင် – ( 375 hp Output ) ရရှိသည့် Eco – Minded Powertrain ပါဝင်ပါသည်။ EPA ခန့်မှန်းချက်အရ 2021 Wrangler 4Xe ၏ ( All Electric Range of 22 Miles ) ခန့်ရှိမည်ဖြစ်ကာ ( Combined MPGE Rating of 49 ) ရရှိထားပါသည်။ Jeep သည် 2025 အတွင်း EV Model များကို Lineup အားလုံးတွင် စုံလင်စွာထည့်သွင်းသွားမည့်အပြင် ( Solar – Power Charging Station ) များကိုလည်း U.S.A အပါအဝင် နိုင်ငံအချို့တွင် ဖန်တီး တည်ဆောက်ရန်လည်း စီစဉ်ထားသည်ဟု CEO ဖြစ်သူ Christian Meunier မှ ပြောကြားပါသည်။ အလားတူ မကြာခင်ထွက်ရှိလာမည့် Jeep Wagoneer Model နှင့် Jeep Grand Wagoneer တို့တွင်လည်း ( 4xe Version ) များ ဆက်လက်ထည့်သွင်းမည်ဟု ၎င်းမှ ထပ်လောင်းပြောကြားပါသည်။