Unicode version…
DRIVE မဂ္ဂဇင်းရဲ့ Brand Guide ကနေကြိုဆိုလိုက်ပါတယ်။
ထုတ်ဝေတဲ့မဂ္ဂဇင်းတိုင်းမှာ ဘရန်းတစ်ခုစီမှာပါဝင်သော ကားမော်ဒယ်တွေအားလုံးကို ပရိသတ်များဖတ်ရှုသိရှိနိုင်စေဖို့ ကြိုးစားလျက်ရှိပါတယ်။ ကားတစ်စီးချင်းစီရဲ့ စွမ်းဆောင်ရည်နဲ့ ၄င်းမှာ ဘယ်လိုကောင်းမွန်မှုတွေရှိတယ်ဆိုတာရဲ့ အကျဉ်းချုပ်ကို ဖော်ပြပေးမှာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်တုန်းက Jaguar သည် ကြီးမားသော ကူးပြောင်းခြင်းတစ်ခုကို ကြုံတွေ့ခဲ့ရပြီး အမြင်တင့်တယ်ကာ မောင်းနှင်ရတာ အရမ်းကောင်းတဲ့ ဇိမ်ခံ sport ကားတွေကို ဆက်လက်ထုတ်လုပ်လျက်ရှိပါတယ်။ ၄င်းကားတွေသည် ကြံ့ခိုင်ပြီး ယုံကြည်စိတ်ချရတဲ့ကားတွေဖြစ်ကာ ဘရန်းများရဲ့ ရှေးရိုးကို ထင်ရှားစွာ စိန်ခေါ်ပြသနေပါတယ်။
Jaguar ကားများရဲ့ အဓိကပြိုင်ဘက်ကတော့ ဂျာမန်ကားများဖြစ်ပြီး ၄င်းဂျာမန်ကားများနဲ့ ယှဉ်ပြိုင်ပြီး အပိုင်းတစ်ခုချင်းစီမှာ ကွာခြားစေကာ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ မွန်းကျပ်မှုမရှိစေဘဲ အတွင်းဘက်နေရာများကို အလေးပေးဖန်တီးထားပါတယ်။ ၄င်း Jaguar base model ဇိမ်ခံကားများမှာပင်လျှင် အမြဲတမ်း sport ပုံစံထုတ်လုပ်ထားပြီး ပျော်ရွှင်စရာကောင်းတဲ့ မောင်းနှင်မှုအတွေ့အကြံုတစ်ခုကို ပေးပါတယ်။
ကားအမျိုးအစားတွေအားလုံးထဲက အဓိကကျတာတွေကတော့ မြင့်မားတဲ့ တံခါးဘောင်များ၊ သေသပ်တဲ့ effect တွေနဲ့ သင့်ကို ကားနဲ့တစ်သားတည်းကျစေတာတွေ ဖြစ်ပါတယ်။jaguar-symbol1
သိုဝှက်စွာရှိနေတဲ့ အမြန်နှုန်းများသည် အကောင်းဆုံးနီးပါးပါပဲ။ ဇိမ်ခံ sport ဖြစ်ပြီး sport ကားပုံစံဘက်ကို မသိမသာ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ၄င်းကားပုံစံသည် သင့်ကို ဂရုတစိုက်နဲ့ မေ့မရအောင်ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။
ပေါ့ပါးမှုကို ထိန်းထားနိုင်ဖို့အတွက် အလူမီနီယံနဲ့ မဂ္ဂနီဆီယမ်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ ထိုလုပ်ဆောင်မှုတွေသည် ၄င်းရဲ့ ယှဉ်ပြိုင်ဘက်တွေကို ပြိုင်ဆဲနဲ့ ယှဉ်ပြိုင်ဘက်တွေကြားမှာ တက်ြွကဖျတ်လတ်နေဆဲပါပဲ။ Jaguar သည် ၄င်းရဲ့ ကားမော်ဒယ် (၅) မျိုးဖြင့်သာ ရိုးရှင်းမှုကို ထိန်းထားနေတုန်းပါပဲ။ (လက်တွေ့ကျမှုကိုလည်း ထိန်းထားဆဲ)
၄င်းကားတွေရဲ့ ဒိီဇိုင်းတွေအားလုံးကို ဒီဇိုင်းခေါင်းဆောင် Mr. Ian Callum က ဖန်တီးခဲ့တာဖြစ်ပါတယ်။ သူဟာ Aston Martin ကားတွေနဲ့ အခြား မှတ်သားဖွယ်ကောင်းတဲ့ များပြားလှတဲ့ကားအချို့ကို စိတ်ကူးပုံဖော်ခဲ့သူ တစ်ယောက်လည်းဖြစ်ပါတယ်။ Mr. Callum ရဲ့ ပြောစကားအရဆိုလျှင် Jaguar ကားများကို အမိုက်ဆုံးကားတွေအနေနဲ့ လေ့လာသင့်ပါတယ်။ ပြီးတော့ ကားအမိုက်စားတွေသည် ကားအရူးအမူးဖြစ်နေသူတွေကို စိတ်ဝင်စားအောင် ဆွဲဆောင်ပါတယ်။
XFxf
Jaguar ရဲ့ XF မော်ဒယ်ကားအမျိုးအစားသည် XE မော်ဒယ်ကားအမျိုးအစားမော်ဒယ်ထက် ပိုပြီးကြီးမားပါတယ်။ အလွန်အဆင်ပြေတဲ့ နောက်ခုံများ၊ အကောင်းစား အသံပိုင်းဆိုင်ရာများ၊ အတွင်းဘက်မှာရှိတဲ့ ဇိမ်ခံလယ်လ်သာ၊ နည်းပညာများစွာ စသည်တို့နဲ့ တစ်နင့်တစ်ပိုးတင်ထားတာကို တွေ့ရပါမယ်။ ထိုကားသည် အကောင်းစားစွမ်းဆောင်ရည်ရှိတဲ့ ကားတစ်စီးဖြစ်နေတုန်းပါပဲ။ (ထိုကားအကြောင်း review ကို ယခုစာအုပ်ထဲတွင်ကြည့်ရှုပါ)။ ဇိမ်ခံ ဟိုက်ဝေးပြေးတဲ့ကားတွေနဲ့ အံ့ဩဖွယ်ကောင်းတဲ့ sport ဆီဒန်ကားတွေကြား ၄င်းရဲ့ ကားဒရိုင်ဘာမောင်းနှင်သလို ပြောင်းလဲနိုင်တဲ့ကားအမျိုးအစားဖြစ်ပါတယ်။
> 164,500,000 MMK
XExe
Jaguar ရဲ့ မော်ဒန်ခေတ်သစ်ထဲတွင် XE မော်ဒယ်သည် ပထမဆုံး အကောင်းစား အလယ်အလတ်အရွယ်အစားရှိတဲ့ တံခါးလေးပေါက် ဆလွန်းဖြစ်ပါတယ်။ XE မော်ဒယ်သည် သူ့ရဲ့ သက်တမ်းကြာရှည်ပြီဖြစ်တဲ့ ဂျာမန်ယှဉ်ပြိုင်ဘက်တွေထက် ဈေးသက်သာခြင်း၊ စွမ်းအား၊ မောင်းနှင်မှု၊ အကုန်အကျသက်သာခြင်း၊ ဇိမ်ခံကားဖြစ်ခြင်း စသည်တို့တွင် ပိုပြီးခြေတစ်လှမ်းသာပါတယ်။ ၄င်းမော်ဒယ်သည် အရွယ်အစားအနည်းငယ် သေးငယ်သော်လည်း Jaguar ရဲ့ အမိုက်စားကားဖြစ်ပါတယ်။
> 124,560,575 MMK
XJxj
XJ မော်ဒယ်ကားအမျိုးအစားကတော့ Jaguar ကားမော်ဒယ်တွေအားလုံးထဲမှာ အကြီးဆုံးကားအမျိုးအစားတစ်မျိုး ဖြစ်ပါတယ်။ဆီဒန်ကားအမျိုးအစားဖြစ်ပြီး အထူးသဖြင့် ရှည်လျားတဲ့ ဘီးအချင်းတွေရှိတဲ့ မော်ဒယ်ဖြစ်ပါတယ်။ ဒီကားအမျိုးအစားလေးမှာ သင့်ဇိမ်ခံကားတွေရဲ့ သာယာအဆင်ပြေမှု အားလုံးကို မျှော်လင့်နိုင်ပါတယ်။ ခင်ဗျား Dynamic mode ကိုပြောင်းလိုက်တဲ့အခါ ထိုလှပပြီး သန်မာထွားကြိုင်းတဲ့ တောကောင်ကြီးသည် ကားအသေးစားလေးတွေလို လျင်မြန်ဖျတ်လတ်စွာဖြင့် မောင်းနှင်မှာဖြစ်ပါတယ်။
> 252,625,000 MMK
F-Pacef-pace
Jaguar သည် ထိုကားမော်ဒယ်ကို မောင်းနှင်ရတာ ကြိုက်တဲ့သူတွေအတွက် Performance crossover
လို့ခေါ်ပါတယ်။ ၅ စက္ကန့်ကျော်ထဲနဲ့ သုညမိုင်ကနေ ၁၀ဝ မိုင်ထိအရှိန်မြင့်သွားလာနိုင်တဲ့ စွမ်းအားမြင့်ဗားရှင်းထဲမှာ Jaguar ရဲ့ ဂီယာ (၈) ချက် လေးဘီးမောင်းစနစ်နဲ့အတူ ရရှိနိုင်ပါတယ်။နောက်ထပ်တစ်ခါအနေနဲ့ Jaguar ရဲ့ ကိုယ်ပိုင်ဂိမ်းထဲတွင် (Porsche လို) သက်တမ်းကြာရှည်တဲ့ ယှဉ်ပြိုင်ဘက်တွေပေါ်မှာ အနိုင်ယူနိုင်ခဲ့တာကို Jaguar က ပြသခဲ့ပါတယ်။
> 213,516,300 MMK
F-Typef-type
Jaguar ရဲ့ F-type မော်ဒယ်ကတော့ ၁၉၆၁ ခုနှစ်မှာ အလွန်ကျော်ကြားခဲ့တဲ့ Jaguar ရဲ့ E-type ပုံစံတစ်ခုကို လိုက်ပါတည်ဆောက်ထားတဲ့ နှစ်ပေါင်း ၅၀ သက်တမ်းရှိ ပုံစံတစ်မျိုးဖြစ်ပါတယ်။ သို့ပေမဲ့ ကားထုတ်လုပ်သူတွေ နောက်ဆုံးလုပ်ခဲ့တဲ့အခါ ၄င်းကို အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်။ မြင်းကောင်ရေ ၅၅၀ ထုတ်လုပ်တဲ့ကားဖြစ်ပြီး ဂျာမန်ကားတွေနဲ့ အီတလီကားတွေကြားမှာ ပြိုင်ဘက်ကင်းတဲ့ ဗြိတိန်ကားဖြစ်ခဲ့ပါတယ်။
> 276,125,000 MMK
Zawgyi versin…
XFxf
> 164,500,000 MMK
XExe
> 124,560,575 MMK
XJxj
> 252,625,000 MMK
F-Pacef-pace
> 213,516,300 MMK
F-Typef-type
> 276,125,000 MMK