Unicode version…

အရင်ကလဲ ကားဝယ်ရောင်းလောကမှာကျင်လည်ဖူးသူ၊ကားတွေကိုလည်း ပြန်ဆင်တာတွေ၊ပြုပြင်တာတွေကို ဝါသနာပါသူ၊အဲဒီတော့ ကိုယ့်ဘာသာဆိုင်ဖွင့်ပြင်ရင်အဆင်ပြေမှာပဲတွေးပြီး Service တွေဖွင့်ဖြစ်ခဲ့သူတစ်ဦး။ ကားတွေအကြောင်း အကုန်လုံးနီးပါးသိတယ်၊ပြီးတော့ Service လဲကောင်းတယ်။ဒီတော့ JY’s ကိုငယ်ရဲ့နာ မည်က ကားပိုင်ရှင်တွေကြားမှာ မသိသူခပ်ရှားရှား။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ JY’s ဆီအရောက်သွားပြီး

အင်တာဗျူးလေးလုပ်ခဲ့တယ်။ပြီးတော့ ပရိသတ်တွေကို သူ့အကြောင်းပြန်ပြောပြချင်ပါတယ်။

မေး- JYကိုဘယ်အချိန်ကစဖွင့်ခဲ့တာပါလဲ။ဘယ်လိုရည်ရွှယ်ချက်နဲ့ဖွင့်ခဲ့တာပါလဲ။

ဖြေ-JYကိုလွန်ခဲ့တဲ့သုံးနှစ်ကျော်လောက်ကစပြီးဖွင့်ခဲ့တာပါ၊ရည်ရွှယ်ချက်ကတော့မြန်မာပြည်မှာအဆင့်အတန်း မြင့်တဲ့ဝပ်ရှော့တွေတအားနည်းတယ်လေ။အဲ့လိုမျိုးနောက်ပိုင်းမှာနည်းပညာမြင့်တဲ့ကားတွေဝင်လာတော့ပြင်နိုင်တဲ့ဝပ်ရှော့တွေလိုအပ်လာတယ်၊တချို့တွေလဲ အရင်ထဲက ပြင်နေကြတာတွေရှိတယ်။ဒါပေမယ့်တကယ်ပြင်နိုင် တဲ့ ဝပ်ရှော့တွေနည်းတဲ့အတွက်ရယ်၊ကိုယ်ကိုယ်တိုင်လဲဝါသနာပါတာရယ်၊ကားလုပ်ငန်း ကားအရောင်းအဝယ် အလုပ်ကိုအရင်ကတည်းကလုပ်ကိုင်နေတာရယ် ကားတွေကိုဆင်တာလဲ ၀ါသနာပါတော့သူများဆီမှာ သွားလုပ် တာထက် ကိုယ်ဟာကိုယ်လုပ်တော့ဝါသနာပါတာလဲလုပ်နိုင်တယ်။နောက်ပြီးတော့ ဒီမှာလိုအပ်နေတဲ့လုပ်ငန်း တစ်ခုကိုဝါသနာနဲ့အရင်းတည်ပြီးလုပ်ခဲ့လိုက်တာပါ။

မေး-ဘယ်လိုService ပိုင်းတွေကိုအဓိကထားဆောင်ရွှက်ပေးပါသလဲ။ဘယ်လိုစက်မျိုးတွေသုံးပြီး Serviceပေးပါသလဲ။

ဖြေ-Serviceပေးတာကတော့ဘယ်လိုအပိုင်းတွေလဲဆိုတော့တစ်နေရာထဲမှာအဆင်ပြေနိုင်အောင်ပေါ့။ဒိုင်နမို တွေ၊မော်တာတွေ၊ရှေ့ရေတိုင်ကီFanတွေကအစတံခါးဂျက်ပါဝါဝင်းဒိုးတွေအထိပြုပြင်ပေးတယ်။အခြားနေရာမှာ ဥပမာ-ကျိက္ကဆံတို့၊ပတ္တမြားစျေးတို့သွားပြင်နေရမယ့်ကိစ္စမျိုးတွေကို အစ်ကိုတို့ဆိုင်မှာတခါတည်းပြင်နိုင် အောင်ပြုလုပ်ပေးထားပါတယ်။နောက်ပြီးအင်ဂျင်အောက်ပိုင်း၊ဝါယာရိန်းပိုင်းတွေဆိုရင်ဝါယာရိန်းဆရာသီးသန့်ရှိတယ်။အောက်ပိုင်းဆရာသီးသန့်၊အလိုင်းမန့်ဆရာသီးသန့်အဲ့လိုမျိုးရှိတယ်။အင်ဂျင်ပိုင်းဆိုရင်လဲအင်ဂျင်ပိုင်းဘဲသီးသန့်လုပ်တဲ့ဆရာသီးသန့်ရှိတယ်။သူ့ကဏ္ဍနဲ့သူအကုန်ခွဲထားတာပေါ့နော်။အဓိကကတော့ ကားပြင် တဲ့သူတွေ ဥပမာ-ဒီမှာအောက်ပိုင်းပြင်ပြီးသွားလို့ရှိရင်မော်တာဆိုင်သွားပြင်ရတဲ့ကိစ္စမျိုးတွေမရှိတော့ ဘူးနော်။ တစ်နေရာထဲမှာပဲအောက်ပိုင်းပြင်လို့ရမယ်၊မော်တာဖြုတ်ပြင်လို့ရမယ်၊ဒိုင်နမိုဖြုတ်ပြင်လို့ရမယ်၊တစ်နေရာထဲမှာပဲပြီးသွားမယ်။အချိန်ကိုချုံ့ပြီးသားဖြစ်သွားမယ်။သပ်သပ်ရပ်ရပ်ဖြစ်သွားမယ်။ပြီးတော့ဘယ်လိုစက်မျိုးတွေသုံးလဲဆိုရင် အလိုင်းမန့်ကတော့ 3Dပေါ့နော်၊နောက်ပြီးScan Toolsတွေကတော့အစုံသုံုးတယ်။အစ်ကိုတိုဆီိက ဝါ ယာရိန်းပိုင်းကိုအဓိကထားတဲ့နေရာဖြစ်လို့ပစ္စည်းကတော့အစုံကိုထားတယ်။မာစီဒီးဆိုမာစီဒီးသီးသန့်၊BMWဆိုBMWသီးသန့်ဟွန်ဒါဆိုဟွန်ဒါသီးသန့်ထားတယ်။Toolsတွေတော်တော်များများကစက်တစ်လုံးထဲနဲ့ကားအမျိုးအစားတော်တော်များများအတွက်သုံးလို့ရတယ်ဆိုပေမယ့်လဲအစုံတော့သုံးလို့မရဘူး။တချို့Special Functionတွေကျတော့သူ့အမျိုးအစားနဲ့သူပဲသုံးလို့ရတယ် ကိုယ်တို့ဆီမှာတော့ စက်ကတော့အကုန်လုံးသုံး ရတာပေါ့နော်။အများဆုံးကတော့စက်ပဲ။

မေး-ဘယ်လိုကားအမျိုးအစားတွေကိုအဓိကထားပြီးServiceပေးပါသလဲ။

ဖြေ-အဓိကကတော့ဂျပန်ကားတွေရယ် ဥရောပကားတွေရယ်ကအများဆုံးပါပဲ။ဒီကိုလာတဲ့ထဲမှာပေါ့ ကိုရီးယား ကားတွေတရုတ်ကားတွေလဲတချို့တလေလာပါတယ်။အဓိကကတော့ ဘယ်အမျိုးအစား ရယ်ဆိုပြီး မခွဲထား ပါဘူး။Taxiမို့လို့မပြင်ဘူး၊ပစ်ကပ်မို့လို့မပြင်ဘူး၊ဒိုင်နာမို့လို့မပြင်ဘူးဆိုပြီးမရှိဘူး။လာတဲ့သူတွေအကုန်လုံးအဆင်ပြေအောင်Serviceပေးပါတယ်။

မေး-အခုဆိုရင်ပြည်တွင်းကိုဥရောပကားတွေလဲဝင်ရောက်လာပါပြီ။ဂျပန်ကားနဲ့ဥရောပကားတွေကြားဝန် ဆောင်မှုပေးရတဲ့အခါဘယ်လိုကွာခြားမှုရှိိပါသလဲ။ရှိတဲ့အခက်အခဲလေးတွေကိုပြောပြပေးပါလား။

ဖြေ-ဥရောပကားနဲ့ဂျပန်ကားဘာကွာသလဲဆိုတော့အဓိကကတော့ပစ္စည်းပဲ။ဥရောပကားတွေကSpare Parts ရှားတဲ့ဒုက္ခရှိတယ်။အဲ့ဒါကိုမြန်မာပြည်ကလူတွေခံရတာပေါ့နော်။ဂျပန်ကားကတော့ဒီမှာအသစ်ဝယ်ချင်ဝယ်၊မ ဝယ်ချင်လဲSecondဝယ်ထည့်လို့ရတယ်။Secondစျေးကွက်ကလဲသူ့ဟာနဲ့သူပေါပြီးသားပေါ့နော်။နောက် ပြီး တော့ဂျပန်ကမှာလို့ရှိရင်လဲလက်လှမ်းမှီတယ်။အစ်ကိုတို့ဆီမှာဆိုရင်ဥပမာ-ဂျပန်ကိုပစ္စည်းမှာတာ တောက် လျှောက်မှာပေးတာပဲလေ။Parts တွေ၊ 460 ABS လိုမျိုး၊ စတီယာရင် ဂန်းလိုမျိုး၊နောက် 570 ABS လိုမျိုးမှာ လို့ရှိရင် တစ်ပတ်အတွင်းကိုရောက်ပါတယ်။ အစ်ကိုတို့ကတော့ DHL နဲ့ပဲပို့တယ်။ ဟိုမှာ တောက် လျှောက်ဝယ်ပေးတဲ့သူလည်းရှိတော့ မြန်တာပေါ့နော်။Toyota Brand New အစစ်တွေပဲသုံးတာပါ။အဲမှာမှ တစ်ချို့တွေကျတော့ ဂျပန်မှာပဲပြန်ရောင်းကြတာတွေရှိတယ်။ အဲဒီ ဂျပန်ကျတွေက စျေးသက်သာတယ်။ ကား လေလံပစ်သလိုမျိုးပေါ့နော်၊ဆိုက်တွေကနေလေလံပြန်ဝင်ဆွဲပြီးတော့ တန်တဲ့ပစ္စည်းတွေဆို ဥပမာ-460 ABS လိုမျိုးဆိုစျေးသက်သာတာမျိုးတွေလည်းဝယ်ပေးပါတယ်။အသစ်မှမဟုတ်ပါဘူး၊Second တွေလည်း ဝယ်ပေးပါတယ်။အများဆုံးကြာရင် ၁၀ ရက်ပါပဲ။

မေး-အစ်ကိုတို့ဆီကို ဘယ်လို Service ပိုင်းတွေအဓိကလာလုပ်ကြပါသလဲ။

ဖြေ-အစုံတော့ရှိပါတယ်။အစ်ကိုဆီမှာ အလိုင်းမန့် အောက်ပိုင်းလာတဲ့သူတွေလည်းရှိသလို ဝါယာရိန်းပိုင်း အကုန်လုံးပိုင်းတွေအတွက် အတော်များများလာကြပါတယ်။ခွဲခြားပြီးတော့ တစ်ခုထဲ လာလုပ်တာမျိုးတော့ မရှိပါ ဘူး။ဒီမှာလာနေတဲ့ Customer အတော်များများကပေါ့နော်။ ဒိုင်နမိုပဲဖြစ်ဖြစ်၊တံခါးဘောင်လုပ်မရတာက အစ ဒီမှာပဲလာလုပ်ကြပါတယ်။ တခြား Customer တွေလည်းလာကြပါတယ်။

မေး-ကားတစ်စီးကို အမြဲကောင်းနေဖို့ Check လုပ်ပေးပါသလား။အောက်ပိုင်းတွေဘာတွေပေါ့။

ဖြေ-အစ်ကိုတို့ဆီမှာတော့ အလိုင်းမန့်တင်လိုက်လို့ရှိရင် အလိုင်းမန့်ချိန်ပေးရုံတင်မဟုတ်ဘူးပေါ့နော်။ လိုအပ် တဲ့အပိုင်း ဥပမာ အချို့ကားတွေက ကြည့်လိုက်ထဲကိုက အောက်ပိုင်းတွေတော်တော်များများ ပြင်ရတော့မယ် ပေါ့။အဲတော့ အလိုင်းမန့်တောင်မချိန်တော့ဘဲ ပြင်ဖို့ကိုဦးစားပေးပါတယ်။အလိုင်းမန့်ချိန်လည်း ဘာမှမထူး တော့ဘူးလေ။တစ်ခါထဲစစ်ဆေးပေးလိုက်တယ်။ဘွတ်တွေမကောင်းရင် မကောင်းတဲ့အကြောင်း၊ အောက်ပိုင်း မကောင်းရင် မကောင်းတဲ့အကြောင်းပြောပြလိုက်တယ်။အလိုင်းမန့်ချိန်ရင် ၅၀၀၀ ပဲယူတယ်။ အစ်ကိုတို့ဆီမှာ အလိုင်းမန့်ချိန်မယ်ဆိုရင် လေးဘီးစလုံးနိုက်ထရိုဂျင်နဲ့လေချိန်ပြီးတော့မှပဲ အလိုင်းမန့်ချိန် ပါတယ်။

မေး-ကားပိုင်ရှင်တစ်ဦးအနေနဲ့ ကိုယ့်ကားကို တစ်နှစ်ဘယ်နှစ်ကြိမ်လောက် Check လုပ်ပေးသင့်ပါသလဲ။

ဖြေ-ကားပိုင်ရှင်တစ်ဦးအနေနဲ့ အဓိကကတော့ ကားကိုဂရုစိုက်ဖို့ပဲပေါ့နော်။မနက်ပိုင်း ရေစစ်တာတို့၊ အင်ဂျင်စစ်တာတို့ဒါကတော့ပုံမှန်စစ်တဲ့အပိုင်းပေါ့နော်။ဒါတွေကတော့ ကားအသစ်မှမဟုတ်ဘူး၊အဟောင်း လည်းစစ်ရတာပေါ့နော်။အင်ဂျင်ဝိုင်ဆိုလည်း ကီလို၅၀၀၀၊၁၀၀၀၀ပေးတာမျိုးတွေကို သေချာမှတ်ထားပြီး ကီလိုပြည့်ရင်လဲမယ်ပေါ့နော်၊တချို့ကားတွေက သိပ်ပြီးသွားတာလာတာမရှိဘူးဆိုပေမဲ့လည်း အင်ဂျင်ဝိုင် ရဲ့သက်တမ်းက ၁ နှစ်ပဲကောင်းတယ်။ ပေးထားတဲ့ကီလိုပြည့်မသွားထားလည်း ၁ နှစ်ပြည့်ရင်အင် ဂျင်ဝိုင်လဲ သင့်ပါတယ်။ပုံမှန်စစ်ဆေးတာသင့်တာက ခရီးသွားခါနီးမှာတော့ အဓိကပဲ၊ကား ဘယ်လောက် ကောင်းကောင်း ခရီးသွားခါနီးကတော့ အလိုင်းမန့်တင်တာဖြစ်ဖြစ်၊ အောက်ပိုင်းစစ်တာဖြစ်ဖြစ်၊တာယာတွေ စစ်တာဖြစ်ဖြစ်၊ အင်ဂျင်ဝိုင်၊ရေ၊ပန့်အကုန်လုံးတော့ စစ်သွားသင့်ပါတယ်။

မေး-လက်ရှိဆိုင်ခွဲတွေလည်းဖွင့်ထားတယ်လို့ သိရပါတယ်။ပြောပြပေးပါဦးခင်ဗျ။

ဖြေ-ဆိုင်ခွဲတွေက ရန်ကုန်မှာ Work shop က၂ ရုံ၊ဘော်ဒီရုံက ၁ ရုံ၊နောက်ကားစတေကာတွေကပ်တာက ၁ ရုံ၊ မန္တလေးမှာ ၁ရုံမှာရှိပါတယ်။လိပ်စာတွေကတော့

1-JY’s I –No-388,Wai Zayandar Rd(Near Pyi Thar Yar Rd),Za/South Ward,Thingankyun Tsp,Yangon.Ph: 01 8560 167

2-JY’s II –No.35(B),South Okkalapa Industrial Zone (4) Street ,South Okkakapa Zone, Yangon. Ph: 09 250145062

3-JY’s III –Thu Dathana (4) Street,(16/3) Quarter,Thirigon Housing,Thangankyun Tsp, Yangon. Ph: 01 857 7050

4- JY’s VII –No.(6/2),Theik Pan Street ,Suzuki Car Showroom,Chanmya Tharsi Tsp,Mandalay.

Ph: 02 2848 122

5-2-JY’s VI –No.(4/42),Myay Tine Kwet,No (46),Land no.(R-4/L),(Nga/Ka) Quarter,Than Thu Mar Road,Thingangyun Tsp.Yangon.

သူရတွေ့ဆုံမေးမြန်းသည်။

Zawgyi version…

အရင္ကလဲ ကားဝယ္ေရာင္းေလာကမွာက်င္လည္ဖူးသူ၊ကားေတြကုိလည္း ျပန္ဆင္တာေတြ၊ျပဳျပင္တာေတြကုိ ဝါသနာပါသူ၊အဲဒီေတာ့ ကုိယ့္ဘာသာဆုိင္ဖြင့္ျပင္ရင္အဆင္ေျပမွာပဲေတြးျပီး Service ေတြဖြင့္ျဖစ္ခဲ့သူတစ္ဦး။ ကားေတြအေၾကာင္း အကုန္လုံးနီးပါးသိတယ္၊ျပီးေတာ့ Service လဲေကာင္းတယ္။ဒီေတာ့ JY’s ကုိငယ္ရဲ႕နာ မည္က ကားပုိင္ရွင္ေတြၾကားမွာ မသိသူခပ္ရွားရွား။ ဒါေၾကာင့္ ဒီတစ္ေခါက္မွာေတာ့ JY’s ဆီအေရာက္သြားျပီး

အင္တာဗ်ဴးေလးလုပ္ခဲ့တယ္။ျပီးေတာ့ ပရိသတ္ေတြကုိ သူ႕အေၾကာင္းျပန္ေျပာျပခ်င္ပါတယ္။

ေမး- JYကိုဘယ္အခ်ိန္ကစဖြင့္ခဲ့တာပါလဲ။ဘယ္လိုရည္ရႊယ္ခ်က္နဲ႕ဖြင့္ခဲ့တာပါလဲ။

ေျဖ-JYကိုလြန္ခဲ့တဲ့သံုးႏွစ္ေက်ာ္ေလာက္ကစျပီးဖြင့္ခဲ့တာပါ၊ရည္ရႊယ္ခ်က္ကေတာ့ျမန္မာျပည္မွာအဆင့္အတန္း ျမင့္တဲ့ဝပ္ေရွာ႔ေတြတအားနည္းတယ္ေလ။အဲ့လိုမ်ိဳးေနာက္ပိုင္းမွာနည္းပညာျမင့္တဲ့ကားေတြဝင္လာေတာ့ျပင္နိုင္တဲ့ဝပ္ေရွာ့ေတြလိုအပ္လာတယ္၊တခ်ိဳ႕ေတြလဲ အရင္ထဲက ျပင္ေနၾကတာေတြရွိတယ္။ဒါေပမယ့္တကယ္ျပင္နိုင္ တဲ့ ဝပ္ေရွာ႔ေတြနည္းတဲ့အတြက္ရယ္၊ကိုယ္ကိုယ္တိုင္လဲဝါသနာပါတာရယ္၊ကားလုပ္ငန္း ကားအေရာင္းအဝယ္ အလုပ္ကိုအရင္ကတည္းကလုပ္ကိုင္ေနတာရယ္ ကားေတြကိုဆင္တာလဲ ၀ါသနာပါေတာ့သူမ်ားဆီမွာ သြားလုပ္ တာထက္ ကိုယ္ဟာကိုယ္လုပ္ေတာ့၀ါသနာပါတာလဲလုပ္နိုင္တယ္။ေနာက္ျပီးေတာ့ ဒီမွာလိုအပ္ေနတဲ့လုပ္ငန္း တစ္ခုကို၀ါသနာနဲ႕အရင္းတည္ျပီးလုပ္ခဲ့လိုက္တာပါ။

ေမး-ဘယ္လိုService ပိုင္းေတြကိုအဓိကထားေဆာင္ရႊက္ေပးပါသလဲ။ဘယ္လိုစက္မ်ိဳးေတြသံုးျပီး Serviceေပးပါသလဲ။

ေျဖ-Serviceေပးတာကေတာ့ဘယ္လိုအပိုင္းေတြလဲဆိုေတာ့တစ္ေနရာထဲမွာအဆင္ေျပနိုင္ေအာင္ေပါ့။ဒိုင္နမို ေတြ၊ေမာ္တာေတြ၊ေရွ႕ေရတိုင္ကီFanေတြကအစတံခါးဂ်က္ပါဝါဝင္းဒိုးေတြအထိျပဳျပင္ေပးတယ္။အျခားေနရာမွာ ဥပမာ-က်ိကၠဆံတို႕၊ပတၱျမားေစ်းတို႕သြားျပင္ေနရမယ့္ကိစၥမ်ိဳးေတြကို အစ္ကိုတို႕ဆိုင္မွာတခါတည္းျပင္နိုင္ ေအာင္ျပဳလုပ္ေပးထားပါတယ္။ေနာက္ျပီးအင္ဂ်င္ေအာက္ပိုင္း၊ဝါယာရိန္းပိုင္းေတြဆိုရင္ဝါယာရိန္းဆရာသီးသန္႕ရွိတယ္။ေအာက္ပိုင္းဆရာသီးသန္႕၊အလိုင္းမန္႕ဆရာသီးသန္႕အဲ့လိုမ်ိဳးရွိတယ္။အင္ဂ်င္ပိုင္းဆိုရင္လဲအင္ဂ်င္ပိုင္းဘဲသီးသန္႕လုပ္တဲ့ဆရာသီးသန္႕ရွိတယ္။သူ႕က႑နဲ႕သူအကုန္ခဲြထားတာေပါ့ေနာ္။အဓိကကေတာ့ ကားျပင္ တဲ့သူေတြ ဥပမာ-ဒီမွာေအာက္ပိုင္းျပင္ျပီးသြားလို႕ရွိရင္ေမာ္တာဆိုင္သြားျပင္ရတဲ့ကိစၥမ်ိဳးေတြမရွိေတာ့ ဘူးေနာ္။ တစ္ေနရာထဲမွာပဲေအာက္ပိုင္းျပင္လို႕ရမယ္၊ေမာ္တာျဖဳတ္ျပင္လို႕ရမယ္၊ဒိုင္နမိုျဖဳတ္ျပင္လို႕ရမယ္၊တစ္ေနရာထဲမွာပဲျပီးသြားမယ္။အခ်ိန္ကိုခ်ံဳ႕ျပီးသားျဖစ္သြားမယ္။သပ္သပ္ရပ္ရပ္ျဖစ္သြားမယ္။ျပီးေတာ့ဘယ္လုိစက္မ်ိဳးေတြသံုးလဲဆိုရင္ အလုိင္းမန္႕ကေတာ့ 3Dေပါ့ေနာ္၊ေနာက္ျပီးScan Toolsေတြကေတာ့အစံုသုံုးတယ္။အစ္ကိုတိုဆီိက ဝါ ယာရိန္းပိုင္းကိုအဓိကထားတဲ့ေနရာျဖစ္လို႕ပစၥည္းကေတာ့အစံုကိုထားတယ္။မာစီဒီးဆိုမာစီဒီးသီးသန္႕၊BMWဆိုBMWသီးသန္႕ဟြန္ဒါဆိုဟြန္ဒါသီးသန္႕ထားတယ္။Toolsေတြေတာ္ေတာ္မ်ားမ်ားကစက္တစ္လံုးထဲနဲ႕ကားအမ်ိဳးအစားေတာ္ေတာ္မ်ားမ်ားအတြက္သံုးလို႕ရတယ္ဆိုေပမယ့္လဲအစံုေတာ့သံုးလို႕မရဘူး။တခ်ိဳ႕Special Functionေတြက်ေတာ့သူ႕အမ်ိဳးအစားနဲ႕သူပဲသံုးလို႕ရတယ္ ကိုယ္တို႕ဆီမွာေတာ့ စက္ကေတာ့အကုန္လံုးသံုး ရတာေပါ့ေနာ္။အမ်ားဆံုးကေတာ့စက္ပဲ။

ေမး-ဘယ္လိုကားအမ်ိဳးအစားေတြကိုအဓိကထားျပီးServiceေပးပါသလဲ။

ေျဖ-အဓိကကေတာ့ဂ်ပန္ကားေတြရယ္ ဥေရာပကားေတြရယ္ကအမ်ားဆံုးပါပဲ။ဒီကိုလာတဲ့ထဲမွာေပါ့ ကိုရီးယား ကားေတြတရုတ္ကားေတြလဲတခ်ိဳ႕တေလလာပါတယ္။အဓိကကေတာ့ ဘယ္အမ်ိဳးအစား ရယ္ဆိုျပီး မခဲြထား ပါဘူး။Taxiမို႕လို႕မျပင္ဘူး၊ပစ္ကပ္မို႕လို႕မျပင္ဘူး၊ဒိုင္နာမို႕လို႕မျပင္ဘူးဆိုျပီးမရွိဘူး။လာတဲ့သူေတြအကုန္လံုးအဆင္ေျပေအာင္Serviceေပးပါတယ္။

ေမး-အခုဆိုရင္ျပည္တြင္းကိုဥေရာပကားေတြလဲဝင္ေရာက္လာပါျပီ။ဂ်ပန္ကားနဲ႕ဥေရာပကားေတြၾကားဝန္ ေဆာင္မွဳေပးရတဲ့အခါဘယ္လိုကြာျခားမွဳရွိိပါသလဲ။ရွိတဲ့အခက္အခဲေလးေတြကိုေျပာျပေပးပါလား။

ေျဖ-ဥေရာပကားနဲ႕ဂ်ပန္ကားဘာကြာသလဲဆိုေတာ့အဓိကကေတာ့ပစၥည္းပဲ။ဥေရာပကားေတြကSpare Parts ရွားတဲ့ဒုကၡရွိတယ္။အဲ့ဒါကိုျမန္မာျပည္ကလူေတြခံရတာေပါ့ေနာ္။ဂ်ပန္ကားကေတာ့ဒီမွာအသစ္ဝယ္ခ်င္ဝယ္၊မ ဝယ္ခ်င္လဲSecondဝယ္ထည့္လို႕ရတယ္။Secondေစ်းကြက္ကလဲသူ႕ဟာနဲ႕သူေပါျပီးသားေပါ့ေနာ္။ေနာက္ ျပီး ေတာ့ဂ်ပန္ကမွာလို႕ရွိရင္လဲလက္လွမ္းမွီတယ္။အစ္ကိုတို႕ဆီမွာဆိုရင္ဥပမာ-ဂ်ပန္ကိုပစၥည္းမွာတာ ေတာက္ ေလွ်ာက္မွာေပးတာပဲေလ။Parts ေတြ၊ 460 ABS လုိမ်ိဳး၊ စတီယာရင္ ဂန္းလုိမ်ိဳး၊ေနာက္ 570 ABS လုိမ်ိဳးမွာ လုိ႕ရွိရင္ တစ္ပတ္အတြင္းကုိေရာက္ပါတယ္။ အစ္ကုိတုိ႕ကေတာ့ DHL နဲ႕ပဲပုိ႕တယ္။ ဟုိမွာ ေတာက္ ေလွ်ာက္ဝယ္ေပးတဲ့သူလည္းရွိေတာ့ ျမန္တာေပါ့ေနာ္။Toyota Brand New အစစ္ေတြပဲသုံးတာပါ။အဲမွာမွ တစ္ခ်ိဳ႕ေတြက်ေတာ့ ဂ်ပန္မွာပဲျပန္ေရာင္းၾကတာေတြရွိတယ္။ အဲဒီ ဂ်ပန္က်ေတြက ေစ်းသက္သာတယ္။ ကား ေလလံပစ္သလုိမ်ိဳးေပါ့ေနာ္၊ဆုိက္ေတြကေနေလလံျပန္ဝင္ဆဲြျပီးေတာ့ တန္တဲ့ပစၥည္းေတြဆုိ ဥပမာ-460 ABS လုိမ်ိဳးဆုိေစ်းသက္သာတာမ်ိဳးေတြလည္းဝယ္ေပးပါတယ္။အသစ္မွမဟုတ္ပါဘူး၊Second ေတြလည္း ဝယ္ေပးပါတယ္။အမ်ားဆုံးၾကာရင္ ၁၀ ရက္ပါပဲ။

ေမး-အစ္ကုိတုိ႕ဆီကုိ ဘယ္လုိ Service ပုိင္းေတြအဓိကလာလုပ္ၾကပါသလဲ။

ေျဖ-အစုံေတာ့ရွိပါတယ္။အစ္ကုိဆီမွာ အလုိင္းမန္႕ ေအာက္ပုိင္းလာတဲ့သူေတြလည္းရွိသလုိ ဝါယာရိန္းပုိင္း အကုန္လုံးပုိင္းေတြအတြက္ အေတာ္မ်ားမ်ားလာၾကပါတယ္။ခဲြျခားျပီးေတာ့ တစ္ခုထဲ လာလုပ္တာမ်ိဳးေတာ့ မရွိပါ ဘူး။ဒီမွာလာေနတဲ့ Customer အေတာ္မ်ားမ်ားကေပါ့ေနာ္။ ဒုိင္နမုိပဲျဖစ္ျဖစ္၊တံခါးေဘာင္လုပ္မရတာက အစ ဒီမွာပဲလာလုပ္ၾကပါတယ္။ တျခား Customer ေတြလည္းလာၾကပါတယ္။

ေမး-ကားတစ္စီးကုိ အျမဲေကာင္းေနဖုိ႕ Check လုပ္ေပးပါသလား။ေအာက္ပုိင္းေတြဘာေတြေပါ့။

ေျဖ-အစ္ကုိတုိ႕ဆီမွာေတာ့ အလုိင္းမန္႕တင္လုိက္လုိ႔ရွိရင္ အလုိင္းမန္႔ခ်ိန္ေပးရုံတင္မဟုတ္ဘူးေပါ့ေနာ္။ လုိအပ္ တဲ့အပုိင္း ဥပမာ အခ်ိဳ႕ကားေတြက ၾကည့္လုိက္ထဲကုိက ေအာက္ပုိင္းေတြေတာ္ေတာ္မ်ားမ်ား ျပင္ရေတာ့မယ္ ေပါ့။အဲေတာ့ အလုိင္းမန္႕ေတာင္မခ်ိန္ေတာ့ဘဲ ျပင္ဖုိ႕ကုိဦးစားေပးပါတယ္။အလုိင္းမန္႔ခ်ိန္လည္း ဘာမွမထူး ေတာ့ဘူးေလ။တစ္ခါထဲစစ္ေဆးေပးလုိက္တယ္။ဘြတ္ေတြမေကာင္းရင္ မေကာင္းတဲ့အေၾကာင္း၊ ေအာက္ပုိင္း မေကာင္းရင္ မေကာင္းတဲ့အေၾကာင္းေျပာျပလုိက္တယ္။အလုိင္းမန္႔ခ်ိန္ရင္ ၅၀၀၀ ပဲယူတယ္။ အစ္ကုိတုိ႕ဆီမွာ အလုိင္းမန္႕ခ်ိန္မယ္ဆုိရင္ ေလးဘီးစလုံးႏုိက္ထရုိဂ်င္နဲ႕ေလခ်ိန္ျပီးေတာ့မွပဲ အလုိင္းမန္႔ခ်ိန္ ပါတယ္။

ေမး-ကားပုိင္ရွင္တစ္ဦးအေနနဲ႔ ကုိယ့္ကားကုိ တစ္ႏွစ္ဘယ္ႏွစ္ၾကိမ္ေလာက္ Check လုပ္ေပးသင့္ပါသလဲ။

ေျဖ-ကားပုိင္ရွင္တစ္ဦးအေနနဲ႔ အဓိကကေတာ့ ကားကုိဂရုစိုက္ဖုိ႕ပဲေပါ့ေနာ္။မနက္ပုိင္း ေရစစ္တာတုိ႕၊ အင္ဂ်င္စစ္တာတုိ႕ဒါကေတာ့ပုံမွန္စစ္တဲ့အပုိင္းေပါ့ေနာ္။ဒါေတြကေတာ့ ကားအသစ္မွမဟုတ္ဘူး၊အေဟာင္း လည္းစစ္ရတာေပါ့ေနာ္။အင္ဂ်င္ဝုိင္ဆုိလည္း ကီလုိ၅၀၀၀၊၁၀၀၀၀ေပးတာမ်ိဳးေတြကုိ ေသခ်ာမွတ္ထားျပီး ကီလုိျပည့္ရင္လဲမယ္ေပါ့ေနာ္၊တခ်ိဳ႕ကားေတြက သိပ္ျပီးသြားတာလာတာမရွိဘူးဆုိေပမဲ့လည္း အင္ဂ်င္ဝုိင္ ရဲ႕သက္တမ္းက ၁ ႏွစ္ပဲေကာင္းတယ္။ ေပးထားတဲ့ကီလုိျပည့္မသြားထားလည္း ၁ ႏွစ္ျပည့္ရင္အင္ ဂ်င္ဝုိင္လဲ သင့္ပါတယ္။ပုံမွန္စစ္ေဆးတာသင့္တာက ခရီးသြားခါနီးမွာေတာ့ အဓိကပဲ၊ကား ဘယ္ေလာက္ ေကာင္းေကာင္း ခရီးသြားခါနီးကေတာ့ အလုိင္းမန္႔တင္တာျဖစ္ျဖစ္၊ ေအာက္ပုိင္းစစ္တာျဖစ္ျဖစ္၊တာယာေတြ စစ္တာျဖစ္ျဖစ္၊ အင္ဂ်င္ဝုိင္၊ေရ၊ပန္႕အကုန္လုံးေတာ့ စစ္သြားသင့္ပါတယ္။

ေမး-လက္ရွိဆုိင္ခဲြေတြလည္းဖြင့္ထားတယ္လုိ႕ သိရပါတယ္။ေျပာျပေပးပါဦးခင္ဗ်။

ေျဖ-ဆုိင္ခဲြေတြက ရန္ကုန္မွာ Work shop က၂ ရုံ၊ေဘာ္ဒီရုံက ၁ ရုံ၊ေနာက္ကားစေတကာေတြကပ္တာက ၁ ရုံ၊ မႏၱေလးမွာ ၁ရုံမွာရွိပါတယ္။လိပ္စာေတြကေတာ့

1-JY’s I –No-388,Wai Zayandar Rd(Near Pyi Thar Yar Rd),Za/South Ward,Thingankyun Tsp,Yangon.Ph: 01 8560 167

2-JY’s II –No.35(B),South Okkalapa Industrial Zone (4) Street ,South Okkakapa Zone, Yangon. Ph: 09 250145062

3-JY’s III –Thu Dathana (4) Street,(16/3) Quarter,Thirigon Housing,Thangankyun Tsp, Yangon. Ph: 01 857 7050

4- JY’s VII –No.(6/2),Theik Pan Street ,Suzuki Car Showroom,Chanmya Tharsi Tsp,Mandalay.

Ph: 02 2848 122

5-2-JY’s VI –No.(4/42),Myay Tine Kwet,No (46),Land no.(R-4/L),(Nga/Ka) Quarter,Than Thu Mar Road,Thingangyun Tsp.Yangon.

သူရေတြ႕ဆုံေမးျမန္းသည္။