Zawgyi version…
Unicode version…
အလိုအလျောက်မောင်းနှင်သည့် စနစ်ပါ၀င်သော K – Byte Concept
တရုတ်ပြည်အခြေစိုက် EV Brand ဖြစ်သည် Byton သည် Level 4 Autonomy အဆင့် ရှိသည့် Electric SUV Concept Car အား ယခုနှစ် January တွင် Las Vegas၌ ကျင်းပခဲ့သည့် CES ပြပွဲ၌ မိတ်ဆက်ပြသခဲ့သည်။ အထူးအားဖြင့် Byton သည် EV ကား အမျိုးအစား SUV, Sedan , Minivan တို့အား ( U .S . A ) သို့ တင်ပို့ရန် ရည်ရွယ်ခြင်းဖြစ်သည်။ တရုတ်နိုင်ငံ Nanjing တွင် အခြေစိုက် သည့် Byton သည် ဒေါ်လာ သန်း ၅၀၀ခန့်ရင်းနှီးမြုပ်နှံထားသည့် Brand ဖြစ်ပြီး ၎င်း၏ ဒုတိယ မြောက် Concept Car ဖြစ်သည့် K – Byte Sedan အား မကြာခင်က မိတ်ဆက်လိုက်ပါသည်။ ၎င်းသည် Aurora Autonomous Driving Tech Firm နှင့် နည်းပညာမိတ်ဖက် ဖန်တီးခဲ့ပြီး ( Level 4 Autonomous Driving စနစ် ၎င်းအဆင့်တွင် လူသား၏ ထိန်းချုပ်မှု မပါပဲ ယာဉ်အား မောင်းနှင်နိုင်မည်ဖြစ်ပြီး ယာဉ်မောင်းသည် စောင့်ကြည့်ရန်အတွက်သာရှိနေမည့် အဆင့်ဖြစ်သည် ) စနစ်ကို တပ်ဆင်ထားသည်။ K – Byte Concept Model တွင် ( Lidar ) System ခေါ် ကား၏ အပေါ်မှ တစင်းလုံးပတ်လည်ကို ကြည့်ရှု နိုင်သည့် (Lidar )စနစ် ၊ (L i Guard ) ခေါ် ဘေးနောက်ကြည့်မှန်များ၏ ( Lidar ) စနစ်များမှ Parking အပါ၀င်အလိုအလျောက် မောင်းနှင်မှုအား စောင့်ကြည့်စနစ်များ ထည့်သွင်းထားပါသည်။ ထို့အတူ 3D Visual စနစ်သုံး အလင်းတန်း များအား ကားအပြင်တွင် တပ်ဆင်ထားဆင်ထားသည့် Smart Surfaces စနစ်လည်းပါရှိ မည်ဖြစ်သည်။ ( ပထမဆုံးမိတ်ဆက်ခဲ့သည် M – Byte Concept နှင့် ယခု K – Byte Concept တို့သည် ဆန်းသစ်သည့် ဒီဇိုင်းပုံစံကားများသို့ ရည်ညွှန်းခြင်းအား ကိုယ်စားပြုမည်ဖြစ်ကာ သမားရိုးကျ ဒီဇိုင်းဖန်တီးမှုမှ ဖေါက်ထွက်သည့် ပုံစံအသစ်များဖြင့် ဖန်တီးထား၍ ခန့်ထည်မှု ၊ စတိုင်ကျမှု ၊ Luxury နှင့် Sporty ဆန်မှုတို့အား အချိုးကျ ပေါင်းစပ်ထားမည်ဖြစ်ပြီး Autonomous နှင့် Mobility လောကတွင်လည်း အထင်အရှား ဖြစ်စေရန် ရည်ရွယ် ထုတ်လုပ်ခြင်းဖြစ်ပါသည် ) ဟု Byton ၏ CEO ဖြစ်သူ Dr Carsten Breitfeld မှ ပြောကြားပါသည်။
Byton သည် ယခု K – Byte ၏ Powertrain ဆိုင်ရာ အသေးစိတ်အချက်အား မပြောကြားသော်လည်း ၎င်းတွင် M – Byte Powertrain Platform ကိုသာ အသုံးပြုမည်ဖြစ်သည်။ Byton အနေဖြင့် ယခု K – Byte Concept Sedan အား 2020 နှစ်ကုန်တွင် အပြီးသက် စမ်းသပ်မှုများ ပြုလုပ်မည်ဖြစ်ပြီး 2021 တွင် စတင် ဖြန့်ချီရန် အစီအစဉ်ချမှတ်ထားပါသည်။ January၌ မိတ်ဆက်ခဲ့သည် M – Byte SUV ကိုမူ 2019 နှစ်ကုန် ခန့်တွင် စတင်ရောင်းချရန် ရည်ရွယ်ထားပါသည်။