Unicode version…
ရုရှနိုင်ငံ၏ အကြီးဆုံးလုပ်ငန်းသုံးယာဉ်ထုတ်လုပ်သူစာရင်းဝင် Kamaz ထုတ် Truck ကားများကို မြန်မာနိုင်ငံ စျေးကွက်သို့တရားဝင်တင်သွင်းရောင်းချခြင်းမိတ်ဆက်ပွဲအခမ်းအနားကို ပြီးခဲ့သည့်ဒီဇင်ဘာ ၂၀ ရက်ကပြု လုပ်ကျင်းပသွားခဲ့သည်။ အဆိုပါပွဲတွင် Kamaz ထုတ်ကုန်တင်ယာဉ်များဖြစ်သော Prime Mover (6×4) 360 HP, Prime Mover (4×2) 360 HP ,Cargo Truck with crane (6×4) 240 HP, Cargo Truck with crane (4×2) 360 HP , Cargo Truck (4×2) 260 HP ,Cargo Truck (6×4) 260 HP ,Cargo Truck (8×4) 260 HP,Fuel Tank (tank volume 17cu.m)စသည့်အမျိုးအစားများကိုစျေးကွက်ဖြန့်ဖြူးရောင်းချပေးသွား မည ဖြစ်ကြောင်းလည်း သိရှိရသည်။
ရုရှတွင် ရောင်းအားအကောင်းဆုံး Brand အဖြစ်ရပ်တည်နေသော Kamaz ၏အထူးခြားဆုံးစွမ်းဆောင်နိုင်မှုမှာ အကြမ်းခံနိုင်ခြင်းနှင့် မည်သည့်ရာသီဥတုမှာမဆိုအကောင်းဆုံးမောင်းနှင်နို်င်ခြင်းလည်းဖြစ်သည်။ Kamaz သည်လက်ရှိအရှေ့တောင်အာရှစျေးကွက်အတွင်း ဗီယက်နမ်တွင်တပ်ဆင်ထုတ်လုပ်မှုများရှိနေပြီး ဗီယက် နမ်သာမက ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံများသို့တင်ပို့ရောင်းချလျက်ရှိသည်။ ထိုKamaz သည် မြန်မာပြည် စျေးကွက်သို့Euro 2 အဆင့်ရှိ Truck များကိုသာတင်သွင်းရောင်းချပေးမည်ဖြစ်ပြီး Customer များ စိတ်ကြိုက် ဝန်တင်ဆောင်နိုင်မှု၊ဆီတိုင်ကီပမာဏဝင်ဆန့်မှုတွေကိုလည်း Option အနေနဲ့ထုတ်လုပ်ရောင်းချပေးမည် ဖြစ်ပြီး မြန်မာပြည်တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် UMG Group မှတာဝန်ယူဖြန့်ဖြူးရောင်းချပေးသွား မည်ဟု သိရှိရသည်။ ကြမ်းခင်းစျေးအနေဖြင့် USD 78000 မှစတင်ကြောင်းလည်းသိရသည်။
Zawgyi version..
ရုရှနိုင်ငံ၏ အကြီးဆုံးလုပ်ငန်းသုံးယာဉ်ထုတ်လုပ်သူစာရင်းဝင် Kamaz ထုတ် Truck ကားများကို မြန်မာနိုင်ငံ ဈေးကွက်သို့တရားဝင်တင်သွင်းရောင်းချခြင်းမိတ်ဆက်ပွဲအခမ်းအနားကို ပြီးခဲ့သည့်ဒီဇင်ဘာ ၂၀ ရက်ကပြု လုပ်ကျင်းပသွားခဲ့သည်။ အဆိုပါပွဲတွင် Kamaz ထုတ်ကုန်တင်ယာဉ်များဖြစ်သော Prime Mover (6×4) 360 HP, Prime Mover (4×2) 360 HP ,Cargo Truck with crane (6×4) 240 HP, Cargo Truck with crane (4×2) 360 HP , Cargo Truck (4×2) 260 HP ,Cargo Truck (6×4) 260 HP ,Cargo Truck (8×4) 260 HP,Fuel Tank (tank volume 17cu.m)စသည့်အမျိုးအစားများကိုဈေးကွက်ဖြန့်ဖြူးရောင်းချပေးသွား မည ဖြစ်ကြောင်းလည်း သိရှိရသည်။
ရုရှတွင် ရောင်းအားအကောင်းဆုံး Brand အဖြစ်ရပ်တည်နေသော Kamaz ၏အထူးခြားဆုံးစွမ်းဆောင်နိုင်မှုမှာ အကြမ်းခံနိုင်ခြင်းနှင့် မည်သည့်ရာသီဥတုမှာမဆိုအကောင်းဆုံးမောင်းနှင်နိုင်ခြင်းလည်းဖြစ်သည်။ Kamaz သည်လက်ရှိအရှေ့တောင်အာရှဈေးကွက်အတွင်း ဗီယက်နမ်တွင်တပ်ဆင်ထုတ်လုပ်မှုများရှိနေပြီး ဗီယက် နမ်သာမက ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံများသို့တင်ပို့ရောင်းချလျက်ရှိသည်။ ထိုKamaz သည် မြန်မာပြည် ဈေးကွက်သို့Euro 2 အဆင့်ရှိ Truck များကိုသာတင်သွင်းရောင်းချပေးမည်ဖြစ်ပြီး Customer များ စိတ်ကြိုက် ဝန်တင်ဆောင်နိုင်မှု၊ဆီတိုင်ကီပမာဏဝင်ဆန့်မှုတွေကိုလည်း Option အနေနဲ့ထုတ်လုပ်ရောင်းချပေးမည် ဖြစ်ပြီး မြန်မာပြည်တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် UMG Group မှတာဝန်ယူဖြန့်ဖြူးရောင်းချပေးသွား မည်ဟု သိရှိရသည်။ ကြမ်းခင်းဈေးအနေဖြင့် USD 78000 မှစတင်ကြောင်းလည်းသိရသည်။