Karma သည် Revere GT ကဲ့သို့ လျှပ်စစ်ကားထုတ်လုပ်မှုဖြင့် နာမည်ကျော် Brand ဖြစ်ကာ ၎င်း၏ Model Range များတွင် အဓိက အသုံးပြုရန်အတွက် ( E – Flex Platform ) ကို မိတ်ဆက် လိုက်ပါသည်။ အဆိုပါ Platform အား Revere GT ၏ ( EREV Model ) တွင် စတင်ထည့်သွင်းမည် ဖြစ်သည် ။ ၎င်း၏ အနောက်ဖက်ဝန်းရိုးတွင် လျှပ်စစ်မော်တာ ( ၂ ) ခု တပ်ဆင်ထားပြီး BMW ၏ ( 1.5 L Engine ) ပေါင်းစပ်ပါဝင်မည်။ E – Flex Platform ကို အခြေခံထားသည့် Proof – of Concept ကားသစ်များအား ယခုနှစ်အစတွင် မိတ်ဆက်ပြသ ခဲ့ပါသည်။ Karma သည် အဆိုပါ Platform အား အခြား Brands များကိုခွဲဝေပေးရန် စီစဉ်ထားပြီး Hyundai နှင့် Karma သည် အဆိုပါ Platform အား In – House အနေဖြင့် ထုတ်လုပ်မည်ဖြစ်ပြီး ၎င်းကို အခြေခံကာ EV SUV နှင့် Pickup ကားသစ် များကို ထုတ်လုပ်မည်ဖြစ်သည်။ Karma နှင့် Pininfarina တို့ပူးပေါင်းပြီး EV ဆိုင်ရာ ဖွံ့ဖြိုးမှုအား 2019 တွင် စတင်နိုင်ခဲ့ပြီး Karma Pininfarina GT အားပူးပေါင်းဖန်တီးခဲ့ပါသည်။ Super Car နှင့် Pickup တို့အား ( SC 1 / SC 2 Concepts ) တို့အပေါ် အခြေခံကာ ဖန်တီးမည်ဖြစ်ပြီး 2021 တွင် စတင်ထုတ်လုပ်ရန် karma မှ လျာထားပါသည်။

Zawgyi Version…..
Karma သည် ၎င်း၏ EV ကားများတွင် အခြေခံတပ်ဆင်မည့် E – Flex Platform ကို မိတ်ဆက်ခြင်း
