Zawgyi Version…









Unicode Version…
ထူးခြားဆန်းသစ်ခြင်း၏ ပြယုဂ် မော်ဒယ်တစ်ခုဖြစ်သောအမေရိကန်အခြေစိုက် Karma ၏ Pininfarina GT
Karma Pininfarina GT သည် ထူးခြား ဆန်းသစ်ခြင်း၏ ပြယုဂ်ဟု ဆိုရမည့် Model ဖြစ်သည်။ Karma Automotive သည် အမေရိကန် အခြေစိုက် Brand ဖြစ်ပြီး ဖျက်သိမ်းလိုက်သည့် Fisker Automotive ထံမှ လွှဲပြောင်းရယူထားသည့် Brand ဖြစ်သည်။ Fishker Karma မှ Karma Revero အမည်ရှိ Plug-in Hybrid 4 seat Sedan အား ထူးခြားသည့် ပုံစံဖြင့် ထုတ်လုပ်ခဲ့ပြီး BMW Z8 နှင့် Aston Martin ကားများကို ဒီဇိုင်း ထုတ်ခဲ့သည့် Henrik Fisker ဆိုသူမှ ဖန်တီးခဲ့ပါသည်။
Karma Pininfarina GT ၏ ဒီဇိုင်းသည် ဆင့်ပွားပုံစံဖြစ်ပြီး အရှေ့မီးကြီးများသည် Aston Martin DB 10 ပုံစံ၊ Grille Colom သည် Ferrari 488 ပုံစံနှင့် ဘေးဖက်လိုင်းများနှင့် အရှေ့ဘောနပ် ပုံတို့သည် Lamborghinis ကားများနှင့် တူညီပါသည်။ သို့သော် အနောက်ဖက် ဒီဇိုင်းသည် အလွန် ထူးခြားပြီး သူမတူအောင် ဆန်းပြားသည့် အစိတ်အပိုင်းများဖြင့် ဖန်တီးထားကာ Revero ၏ တံခါး (၄)ပေါက် ပုံစံမှ ရယူထားသည့် ရှည်လျားသည့် တံခါး (၂)ပေါက် ဒီဇိုင်းသည် Grand Touring Model ကို အဓိက ညွှန်းဆိုသည့် ပုံစံဖြစ်သည်။ ၎င်း၏ အတွင်းခန်း ဒီဇိုင်းနှင့် အခင်းအကျင်းတို့သည် Revero / Karma နှင့် အခြေခံအားဖြင့် တူညီသော်လည်း Materials အသစ်များကို အဓိက အသုံးပြုထားပြီး Pininfarina ၏ အမှတ်တံဆိပ်အား ထိုင်ခုံများတွင် လှပစွာ ရေးထိုးထားသည့် ဖန်တီးမှုများကို ခံစား ရမည် ဖြစ်သည်။ Karma အနေဖြင့် Pininfarina GT အား အနုသုခုမဟန်ပန်ဖြင့် စိတ်ဝင်စားဖွယ်ရာ ဖန်တီးထားပြီး Limited Production အနေဖြင့် သတ်မှတ်ရောင်းချမည် ဖြစ်သည်။ ၎င်းအား အီတလီ နိုင်ငံ ၊ Torino ရှိ စက်ရုံတွင် ထုတ်လုပ်တပ်ဆင်ပြီး Customer များအနေဖြင့် ကားတစင်းလုံးကို မိမိတို့ စိတ်ကြိုက် Customize အနေဖြင့် ဖန်တီးနိုင်ကြောင်းလည်း Karma မှ ဖိတ်ခေါ်ထားပါသည်။