KIA သည် အလွန်ထင်ရှားသည့် ဖန်တီးမှုဖြစ်သည့် ၎င်း၏ Logo Design အသစ်ကို မိတ်ဆက် ပြသပွဲအတွင်း ကုမ္ပဏီမှ ထပ်မံထုတ်လုပ်မည့် လျှပ်စစ်ကားအသစ်များကိုလည်း တခါတည်း မိတ်ဆက်လိုက်ပါသည်။ အဆိုပါ EV ကားသစ်များသည် အနာဂတ်တွင် ကျယ်ပြန့်စွာ ထုတ်လုပ်မည့် Model များလည်းဖြစ်သည်။ EV ကားသစ်စုစုပေါင်း (၉)စင်းကို ထုတ်ဖော် ပြသလိုက်ကာ ၎င်းတို့အနက် ပထမဆုံး Model အား လာမည့်လ အနည်းငယ်အတွင်း မိတ်ဆက် မည်ဖြစ်သည်။ အခြားသော Model များကို ယခု 2021 မှ 2027 အတွင်း မိတ်ဆက်သွားပါမည်။ EV Lineup အသစ်များအား ( EV1 မှ EV9 ) ဟု လက်ရှိတွင် သတ်မှတ်ထားပါသည်။ Production အဆင့်ရောက်မှသာ သက်ဆိုင်သည့် အမည်များ သတ်မှတ်ခေါ်ဆိုပါမည်။ Model အသစ်များ အနက်(၅)မျိုးသည် Consumer Model များဖြစ်ကြသည်။ Model Lineup အသစ်များတွင် – စွမ်းဆောင်ရည်မြင့်သည့် Dynamic Crossover ၊ Bold SUV /ခန့်ထည်သည့် Sedan စသည်ဖြင့် EV အမျိုးအစားများ စုံလင်စွာ ပါဝင်ပါမည်။ KIA ၏ New EV Model များအား E-GMP Platform ဖြင့်ထုတ်လုပ်ထားကာ နောက်ဘီးယက်စနစ်နှင့် မော်တာ(၁)လုံး (သို့) AWD System နှင့် မော်တာ (၂) လုံး ဟူ၍ ပုံစံ(၂)မျိုး ရရှိနိုင်မည်။ ( 800 – Volt Fast Charging ) စနစ်ကိုလည်း ထည့်သွင်းပေးပါမည်။ အဆိုပါ E-GMP Platform အား Hyundai ၊ Genesis ၊ Ioniq တို့တွင်လည်း ခွဲဝေအသုံးပြုမည် ဖြစ်သည်။ အသစ်ထွက်ရှိသည့် Model များအား ( Micro-Autonomous Pad )၊ ( Small Individual Urban Transport ) ၊ ( Midsize-Commuter ) ဟူ၍ အစဉ်အတိုင်း မိတ်ဆက် သွားပါမည်။

26 Jan 2021
0