KIA – SORENTO 2021 

Unicode Version

            KIA သည် မျိုးဆက်သစ် Sorento အား 2021 Model အနေဖြင့် Geneva Motor Show တွင် မိတ်ဆက်ပြသမည်။ Sorento သည် KIA ၏ နာမည်ကျော် Crossover ဖြစ်ပြီး KIA Range တွင် သက်တမ်း အကြာဆုံး Model လည်းဖြစ်သည်။ Model အသစ်အနေဖြင့် ခန့်ထည်ပြီး သွယ်လျသည့် ပုံစံရှိမည်ဖြစ်ကာ Design Language ပုံစံအသစ်ဖြင့် ဖန်တီးမည်ဖြစ်ကာ Sheet Metal ဖန်တီးတည်ဆောက်မှုကို ဆက်လက် အသုံးပြု ထားမည်ဖြစ်သည်။ ကားအတွင်းခန်းတွင် Aluminum များအား ပေါများစွာ ထည့်သွင်းထားမည် ဖြစ်ပြီး Touchscreen ကိုလည်း Dashboard အပေါ်ဖက် နေရာတွင် တပ်ဆင်ထားပါသည်။ အင်ဂျင်အနေဖြင့် ပုံမှန် အင်ဂျင်စနစ်များအပြင် ( Hybrid ) နှင့် ( PHEV ) အင်ဂျင်များကိုလည်း ဒေသဈေးကွက်များအလိုက် စတင်ထည့်သွင်းထားရန် KIA မှ စီစဉ်ထားပါသည်။ 2021 KIA Sorento အား 2021 March 3 တွင် ကျင်းပမည့် Geneva ကားပြပွဲ၌ စတင်မိတ်ဆက်မည်ဖြစ်ပြီး U.S.A အတွက် 2020 April တွင် ကျင်းပမည့် New York ကားပြပွဲ၌ မိတ်ဆက်မည်ဖြစ်သည်။

 

Zaw Gyi Version
