Unicode version..

တောင်ကိုးရီးယားနိုင်ငံ အခြေစိုက် မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် KMC (Korea Motor Corporation)သည် 1944 ခုနှစ်တွင် စတင်တည်ထောင်ခဲဲ့ပြီး ကိုးရီးယားနိုင်ငံ၏ ဒုတိယမြောက် အကြီးမားဆုံးသော ကုမ္ပဏီလည်းဖြစ်သည်။ Kia Motors Corportion (KMC) သည် ယခုဆိုလျှင် နိုင်ငံ (၈) နိုင်ငံမှာရှိသော ကားထုတ်လုပ် တပ်ဆင်ရေးလုပ်ငန်း (၁၃) ခုမှ တစ်နှစ်လျှင် မော်တော်ကားပေါင်း (၁.၅) သန်းကျော် ထုတ်လုပ်ပြီး နိုင်ငံပေါင်း (၁၇၂) နိုင်ငံတွင်ရောင်းချလျက်ရှိပါသည်။ KIA ၏ ညွန်းဆိုချက်မှာ Sino-Korean စကားလုံး ki ( to come out ) နှင့် a ( stands for Asia ) ဖြစ်ပြီး “Rising out of Asia“ အာရှမှပေါက်ဖွားလာခြင်း ဟုဆိုလိုသည်။ နှစ်ပေါင်း ရ၀ ကျော်ကြာဖြတ်သန်းပြီးနောက် KIA Motor သည် ကမ္ဘာ့ထိပ်တန်း အမှတ်တံဆိပ် ( Global top 100 list ) စာရင်းဝင်ရောက်ခဲ့ပါသည်။ ထို့နောက်ပိုင်းတွင်လည်း Brand Value တန်ဖိုးသည် US$ 6.3 billion အထိ တိုးတက်လာခဲ့ပြီး 2016 ခုနှစ် အရောက်တွင် ကမ္ဘာ့အကောင်းဆုံးအမှတ်တံဆိပ်(Best Brand 60)စာရင်းအထိပင် ၀င်ရောက်လာခဲ့ပါသည်။

1992 ခုနှစ်တွင် အမေရိကန်နိုင်ငံကိုယ်စားလှယ် KIA Motors American သည် KIA Motors ထံမှ ပထမဦးဆုံး Kia-branded မော်တော်ကားတစ်စီးဖြစ်သည့် KIA Sephia ကိုစတင်ရောင်းချခဲ့သည်။ ထို့နောက်ပိုင်းနှစ်များမှစတင်၍ KIA Sportage အစရှိသော Compact SUV အမျိုးအစားကိုလည်း တင်သွင်းရောင်းချခဲ့ပြီး အမေရိကန်နိုင်ငံတွင် ရောင်းအားစျေးကွက် (market share) 15နှစ်တိုင်တိုင် ဆက်တိုက်တိုးတက်ခဲ့ပါသည်။ ထို့နောက် 1995 ခုနှစ် အရောက်တွင် အမေရိကန်ပြည်နယ် 30 ကျော်မှ အရောင်းကိုယ်စားလှယ် 100 ကျော်၏ ရောင်းအားရလဒ်မှာ KIA မော်တော်ကားအစီးရေ 24,740 အထိပင်ဖြစ်ခဲ့ပေသည်။

KIA Motors သည် 2005 ခုနှစ်မှစ၍ KIA ကားများကို ဥရောပစျေးကွက်အထိ ထိုးဖောက်နိုင်အောင် အာရုံစိုက်ခဲ့သည်။ သို့ုဖြစ်၍ ဥရောပထိ ထိုးဖောက်နိုင်ရန်အတွက်အဓိကလိုအပ်သည်မှာကားဒီဇိုင်းဖြစ်ကြောင်း သုံးသပ်ပြီး နောက်ပိုင်း ပြောင်းလဲမူများစတင်ခဲ့ကြပါသည်။ KIA Motors ကားများသည် လှပဆန်းသစ်သော ဒီဇိုင်းနှင့် လုံခြုံစိတ်ချရမူတို့ကြောင့် ကမ္ဘာနှင့်အဝှမ်းတွင် အောင်မြင်ကြော်ကြား လူကြိုက်များနေသည့် ကားတစ်မျိူးပင် ဖြစ်ပါတယ်။ အကြောင်းအရင်းမှာ ဂျာမနီနိုင်ငံသား ဒီဇိုင်းနာ Mr. Peter Schreyer ကြောင့်ပင်ဖြစ်ပါသည်။ Mr.Peter သည် 1975 ခုနှစ်တွင် Munich University of Applied Sciences တွင်ပညာသင်ယူခဲ့ပါသည်။ 1978 ခုနှစ်ကျောင်းသားဘဝကတည်းကပင် Audi နှင့် ပထမဦးဆုံး လက်တွဲလုပ်ဆောင်ခဲ့ပြီး Industrial Design degree ဘွဲ့ကို 1979 ခုနှစ်တွင် ရရှိခဲ့သည်။ KIA နှင့် လက်မတွဲခင် ဂျာမနီ ကားအမှတ်တံဆိပ် Audi နှင့် Volkswagen ၏ ဒီဇိုင်နာချူပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး သူ၏ဒီဇိုင်းများထဲမှ Audi A6 နှင့် TT တို့မှာ ထင်ရှားကျော်ကြားဆုံးသော ဒီဇိုင်းများ ဖြစ်ပါသည်။ သူသည် KIA နှင့်အတူ 2006 ခုနှစ်မှ စတင်လက်တွဲခဲ့ပါသည်။

KIA Motor နှင့် လက်တွဲလုပ်ကိုင်ချိန်မှစ၍ Mr.Peter သည် KIA ကားအမျိုးအစားအားလုံးကို ပုံစံအသစ် ဒီဇိုင်းအသစ် ဖန်တီးခဲ့ပါသည်။ “မြင်လိုက်တာနဲ့ လူတိုင်းက ဒါဟာ ဘာ brand လဲဆိုတာသိနေတာမျိုးကို ဖန်တီးချင်တယ်၊ KIA ကားရဲ့အရှေ့ဘက်မျက်နှာကို ကြည့်လိုက်တာနဲ့ အခြားကားတွေနဲ့မတူပဲ တကယ်ကို ထူးခြားဆန်းသစ်နေပြီး Powerful ဖြစ်နေတဲ့ ညဘလလဘကားမျိုးဖြစ်နေစေရမယ်လို့ ယုံကြည်တယ်ဟု” သူကဆိုပါသည်။ ထိုသို့ဆိုခဲ့ သည့်အတိုင်း Mr. Peter သည် အများနှင့် မတူထူးခြားဆန်းသစ်သော Design များကို ဖန်တီးပေးမှုကြောင့် KIA ကားများမှာ ကမ္ဘာအနှံအပြားတွင် အောင်မြင်စွာရပ်တည်နေသော Brand တစ်ခုဖြစ်လာခဲ့ပါသည်။ ထို့ကြောင့် Mr.Peter သည် KIA အားအသစ်တစ် ဖန်ပြန်လည်မွေး ဖွားပေးခဲ့သူဟုပင် ဆိုနိုင်ပါသည်။Mr. Peter Schreyer သည် KIA အတွက် တမူထူးခြားဆန်းသစ်သည့် Tiger Nose ရှဲလ်အား 2007 ခုနှစ် Frankfurt Motor Show ပြပွဲတွင် မိတ်ဆက်ပြသပေးခဲ့ပြီး ယခုအခါတွင် ၄င်း Tiger Nose ရှဲလ်သည် KIA ၏ နာမည်ကျော် အမှတ်အသားတံဆိပ်တစ်ခုပင်ဖြစ်နေပါသည်။

KIA Motors မှမြန်မာနိုင်ငံတွင် ဖြန့်ဖြူးရောင်းချပေးသော ကားအမျိူးအစားများဖြစ်သည့် Picanto, Rio, Cerato, Optima, Carens, Quoris အစရှိသည့် Passanger ကားအမျိူးအစားများ၊ Mohave, Carnival, Sorento, Sportage SUV ကားများ နှင့်အတူ Commercial အမျိုးအစားများ K 2700, K 3000 အစရှိသော KIA Brand New ကားများကို Official Warrantyများဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် Service Center များနှင့်တွဲ၍ ရောင်းချပေးလျက်ရှိပါသည်။

Optima GT Line

Midsized Sedan တစ်စီးဖြစ်တဲ့ Optima ကို Sport luxury အသွင်ဆောင်တဲ့ GT Line လိုဖန်တီးလိုက်တာကြောင့် Design နဲ့ မောင်း နှင်မှုတွေက Sporty ဆန်သွားပါတယ်။ Xeon ၂ လုံးပါတဲ့ Head Lamps တွေ၊ GT Alloy တွေ၊ Peddle Shifter ၊ Dual Exhaust တို့ ပါဝင်လာပြီး အင်ဂျင်ပါဝါကလည်း 2400 cc ဖြစ်သွားပါတယ်။ ဒါပေမယ့် ဆီစားနှုန်းက ပျမ်းမျှတစ်ဂါလံမြို့တွင်း မိုင် 20 မှ မြို့ပြင် မိုင် 30 အထိမောင်းနှင်နိုင်တယ်။ ရှေ့ရှဲတွေကလည်း KIA ရဲ့အမှတ်သင်္ကေတဖြစ်တဲ့ Tiger Nose Grille တွေကို အခြေခံထားပေမယ့် အခု GT Line မှာတော့ ပိုပြီးပြေပြစ်တဲ့ပုံစံမျိုးကို မြင်တွေ့ခဲ့ရပါတယ်။ ပြီးတော့ GT Logo ပါတဲ့ Sports Leather ခုံတွေ၊ D ပုံစံ 3-Spokes စတီ ယာရင်စနစ် ၊ Premium Sound System ၊ ဇုန်အလိုက် ခွဲပြီးအပူအအေးလိုသလို ထိန်းညှိနိုင်တဲ့ စနစ်၊ထိုင်ခုံအပူအေးပေး တဲ့စနစ်တွေ သာမကဘဲ လေအိတ် ရ လုံးအထိသုံးထားတာကိုကြည့်ရင် Optima GT Line ကိုလုံးဝ Sport ကားတစ်စီးရဲ့ပါဝင်မှုမျိုး နဲ့ရနိုင်အောင်ပြု လုပ်ပေးထားသလိုပါပဲ။ လမ်းမပေါ်မှာ စီးနှင်းသွားတဲ့အခါတိုင်း မြင်သူတိုင်း ငေး မောကြည့်ရလောက်အောင် ခေတ်မီဆန်းသစ်တဲ့့ ဒီဇိုင်း မျိုးဖြစ်စေပါလိမ့်မယ်။ စျေးကတော့ USD 52,000 ပဲဖြစ်ပါတယ်။

Picanto

မြို့တွင်းစီး Hatch back ကားတစ်စီးအဖြစ်ဖန်တီးထားပေမယ့်လည်း All New Picanto မှာပါဝင်လာမှုတွေက ကားလေးတစ်စီးအတွက် လွန်တယ် လို့ဆိုရမလောက်ပါပဲ။ သူ့မှာ Leather Seat ၊ Sunroof ၊ Digital Aircon၊ FM/CD ပြောင်းဖို့ Mode၊ အသံအတိုးအကျယ်် channel ပြောင်းဖို့ ခလုတ်တွေအပြင် Bluetooth hand Free Systemပါတဲ့ Steering Control တွေပါတယ်။ နောက်ပြီး 2018 ရဲ့ iF Design Awards ရရှိထားတဲ့ Picanto က 1200 cc နဲ့လာလို့ ဆီစားနှုန်းကတော့ ချိုသာမှာအသေအချာပါ။ Original Alloy , လေအိတ် ၆ လုံး ၊ Electric Stability Control System လိုစနစ်တွေကြောင့် Safety လည်းလျစ်လျူမရှုထားဘူးလို့ဆိုရမှာပါ။ ကားပုံစံ City Car အတွင်း ခန်းက ကျဉ်းတယ်လို့ထင်ရပေမယ့် ပါဝင်ပစ္စည်းတွေ၊နည်းပညာတွေကြောင့် လူနည်းသူတွေအတွက် အဆင်ပြေစေမှာပါ။ စျေးနှုန်းကတော့ USD 19,900 ဖြစ်ပါတယ်။

Sorento GT Line

Mid size SUV ဖြစ်ပြီးခုံ ၃ တန်းပါလို့ လူများများစီးနိုင်သလို အသစ် Version မှာ Safety ပိုင်းကိုအရမ်းအသားပေးထားသလို ရုပ်ထွက် ပိုင်းကလည်း ပိုလန်းလာတယ်။ Xeon ရှေ့မီးကြီး ၊ လေးထောင့်ပုံ Fog Lamp ၊ GT alloy ၊ အတွင်းခန်းက All black package ကြောင့် အဆင့်မြင့်ကားဆိုတာ မပြောဘဲသိနိုင်တယ်။ နည်းပညာအစွမ်းကို ချပြနေတဲ့ KIA ရဲ့အထင်ကရထုတ်ကုန်တစ်ခုလို့ဆိုနိုင်ပါတယ်။ Peddle Shifter ၊ Mode 4 မျိုးပြောင်းနိုင်တဲ့ မောင်းနှင်မှုစနစ်၊ အသစ်ပါဝင်လာတဲ့ 360 Camera တွေကြောင့် ဒီကားက Sporty စတိုင် ထုတ်လို့ရသွားမှာပါ။ ပြီးတော့ ကားရဲ့ cargo ထည့်တဲ့နေရာမှာ ပစ္စည်းတွေအများအပြားတင်ဆောင်ခဲ့ရင် suspension ကအလိုအ လျောက်မြင့်တက်သွားပြီး တည်ငြိမ်မှုနဲ့ လုံလောက်တဲ့မြေပြင်ကင်းလွတ်ပမာဏမျိုးရောက်အောင် ပြုလုပ်ပေးတဲ့စနစ်လည်းပါဦး မှာဖြစ်ပါတယ်။ ပေးရတာနဲ့တန်တာကို ပြန်ရပါလိမ့်မယ်။ စျေးကတော့ USD 65,000 ဖြစ်ပါတယ်။

Rio

Picanto ထက်ပိုကြီးလာပြီး Hatchback Luxury Car အမျိုးအစားပုံစံထုတ်ထားတဲ့ Rio ကရုပ်ထွက်ပိုင်းမှာ အရင်မော်ဒယ်ဟောင်း တွေထက်ပိုပြီး လှပကာ Sport ဆန်သွားတယ်။ သူ့မှာက သာမန်ဆလွန်းကားတစ်စီးလောက်ကျယ်ဝန်းတဲ့ အတွင်းခန်း၊ ပစ္စည်းထည့်စရာ နေရာတွေအပြင် Small Car တွေမှာ မြင်တွေ့နေကျမဟုတ်တဲ့ Android Auto, Apple Car play,2 Tone Leather Seat,7 Inches Back Camera မျဉ်းကွေး၊ Sunroof တို့ပါ၀င်ပါတယ်။ 1400 cc Engine ကို 4 Speed Auto နဲ့လာတော့ ဆီစားသက်သာတာက Picanto လောက်နီးပါးပါပဲ။ လေအိတ် ၆ လုံးအပါအဝင် ABS ၊ Electric Stability Control System တွေပါလို့ Rio ကဟိုင်းဝေး ခရီးတွေအတွက်ပါ အသုံးဝင်မယ့်အနေအထားပါ။ ဒီကားရဲ့ စျေးနှုန်းကတော့ USD 25,500 ပဲဖြစ်ပါတယ်။

Sportage GT Line

KIA Motors ရဲ့ရောင်းအားအကောင်းဆုံးသော Compact SUV ဖြစ်တဲ့ Sportage ရဲ့နောက်ဆုံးပေါ်အဆင့်မြှင့်တင်မှုအနေနဲ့ GT Line အဖြစ်ထုတ်လုပ်မှုက အရင်ထက်အများကြီးပိုထူးခြားသွားပါတယ်။ HID Head Lamps ၊ GT Alloy ၊ GT Logo ပါတဲ့ Leather ခုံ၊ စတီ ယာရင်ဒီဇိုင်းတွေက ပိုပြီးဆွဲဆောင်မှုရှိတဲ့ Sport SUV တစ်စီးဖြစ်သွားစေပါတယ်။ သူ့မှာ ခလုတ်နှိပ်စရာမလိုတဲ့ Smart Power Tailgate စနစ်၊ စတီယာရင် အပူပေးစနစ်၊ Seat Ventilation စနစ် ၊ Wireless Charger တို့အပြင် ABS(Anti Braking System)၊ ESC(Electronics Stability Control)၊ Hill Start Assist Control (HAC), Downhill Brake Control (DBC) ၊ Rear Cross Traffic Alert (RCTA) ၊ Auto Cruise Control (ACC) ၊ Blind-Spot Detection (BSD) စနစ် ၊ Front- and Rear-Parking Assist လိုစနစ် တွေပါဝင်ပါတယ်။ 2.0 L CRDi four-cylinder engines ကိုသုံးထားပြီး turbocharged စနစ်ဖြစ်လို့ ဒီဇယ်ဖြစ်ပေမယ့် အထတွေမှာကြွ ရွနေမှာပါ။ သူ့ရဲ့စျေးကတော့ USD 55,000 ပဲဖြစ်ပါတယ်။

Carens

Luxury Grade ထုတ်ထားတဲ့ MPV တစ်စီးဖြစ်ပြီး လူ ရ ဦးလိုက်ပါစီးနင်းလို့ရတယ်။ ခုံ ၃ တန်းပါပြီး လည်သာတွေကိုသုံးထား တာကြောင့် မိသားစုသုံးအတွက်ရေရှည်မှာပါ စိတ်ချရတယ်။ သူ့ကိုလည်း လေပူ၊လေအေး ထုတ်ပေးနိုင်တဲ့ Air Ventilation Seat စနစ်ကို ရှေ့ ၂ ခုံမှာ တပ်ဆင်အသုံးပြုထားလို့ ဟိုင်းဝေးတွေကို သက်သက်သာသာမောင်းနိုင်မယ်။ ပြီးတော့ နည်းပညာနဲ့ပတ်သက်ရင် အကုန်ထုတ်သုံးတတ်တဲ့ KIA က HID Head Lamps ၊ Panoramic Sunroof ၊ Dynamic Bending Light တွေသာမကဘဲ Auto Defog System တွေ၊ Round Air Con စနစ်၊ လေ အိတ် ၆ လုံး၊ ABS ၊ Electric Stability Control System တွေပါလို့ အဆင့်မြင့် MPV တစ်စီးကို စီးနင်းခွင့်ရနိုင်မှာဖြစ်ပါတယ်။ အင်ဂျင် က 1700 cc ဒီဇယ်နဲ့ 7 Speed Auto ဆိုတော့ ဟိုင်းဝေသွားတတ်တဲ့ မိသား စုများသူတွေအတွက် အကိုက်ပါပဲ။ စျေးနှုန်းကတော့ USD 43,500 ပဲဖြစ်ပါတယ်။

Zawgyi version…

ေတာင္ကိုးရီးယားနိုင္ငံ အေျခစိုက္  ေမာ္ေတာ္ကားထုတ္လုပ္ေရးကုမၸဏီတစ္ခုျဖစ္သည့္ KMC (Korea Motor Corporation)သည္ 1944 ခုနွစ္တြင္ စတင္တည္ေထာင္ခဲ့ဲျပီး ကိုးရီးယားနိုင္ငံ၏ ဒုတိယေျမာက္ အၾကီးမားဆံုးေသာ ကုမၸဏီလည္းျဖစ္သည္။ Kia Motors Corportion (KMC) သည္ ယခုဆိုလ်ွင္ နိုင္ငံ (၈) နိုင္ငံမွာရွိေသာ ကားထုတ္လုပ္ တပ္ဆင္ေရးလုပ္ငန္း (၁၃) ခုမွ တစ္နွစ္လ်ွင္ ေမာ္ေတာ္ကားေပါင္း (၁.၅) သန္းေက်ာ္ ထုတ္လုပ္ျပီး  နိုင္ငံေပါင္း  (၁၇၂)  နိုင္ငံတြင္ေရာင္းခ်လ်က္ရွိပါသည္။ KIA ၏ ညြန္းဆိုခ်က္မွာ Sino-Korean စကားလံုး ki ( to come out ) နွင့္ a ( stands for Asia ) ျဖစ္ျပီး “Rising out of Asia“ အာရွမွေပါက္ဖြားလာျခင္း ဟုဆိုလိုသည္။ နွစ္ေပါင္း ၇၀ ေက်ာ္ၾကာျဖတ္သန္းျပီးေနာက္ KIA Motor သည္ ကမၻာ႔ထိပ္တန္း အမွတ္တံဆိပ္ ( Global top 100 list ) စာရင္း၀င္ေရာက္ခဲ့ပါသည္။ ထို႔ေနာက္ပိုင္းတြင္လည္း Brand Value တန္ဖိုးသည္ US$ 6.3 billion အထိ တိုးတက္လာခဲ့ျပီး 2016 ခုနွစ္ အေရာက္တြင္ ကမၻာ႔အေကာင္းဆံုးအမွတ္တံဆိပ္(Best Brand 60)စာရင္းအထိပင္ ၀င္ေရာက္လာခဲ့ပါသည္။

1992 ခုနွစ္တြင္ အေမရိကန္နိုင္ငံကိုယ္စားလွယ္ KIA Motors American သည္ KIA Motors ထံမွ ပထမဦးဆံုး Kia-branded ေမာ္ေတာ္ကားတစ္စီးျဖစ္သည့္ KIA Sephia ကိုစတင္ေရာင္းခ်ခဲ့သည္။ ထို႔ေနာက္ပိုင္းနွစ္မ်ားမွစတင္၍ KIA Sportage အစရွိေသာ Compact SUV အမ်ိဳးအစားကိုလည္း တင္သြင္းေရာင္းခ်ခဲ့ျပီး  အေမရိကန္နိုင္ငံတြင္  ေရာင္းအားေစ်းကြက္ (market share) 15နွစ္တုိင္တုိင္ ဆက္တိုက္တိုးတက္ခဲ့ပါသည္။ ထို႔ေနာက္ 1995 ခုနွစ္ အေရာက္တြင္ အေမရိကန္ျပည္နယ္ 30 ေက်ာ္မွ အေရာင္းကိုယ္စားလွယ္ 100 ေက်ာ္၏ ေရာင္းအားရလဒ္မွာ KIA ေမာ္ေတာ္ကားအစီးေရ 24,740 အထိပင္ျဖစ္ခဲ့ေပသည္။

KIA Motors သည္ 2005 ခုႏွစ္မွစ၍ KIA ကားမ်ားကို ဥေရာပေစ်းကြက္အထိ ထိုးေဖာက္ႏိုင္ေအာင္ အာရံုစိုက္ခဲ့သည္။ သို႔ုျဖစ္၍ ဥေရာပထိ ထိုးေဖာက္ႏိုင္ရန္အတြက္အဓိကလိုအပ္သည္မွာကားဒီဇိုင္းျဖစ္ေၾကာင္း သံုးသပ္ျပီး ေနာက္ပိုင္း ေျပာင္းလဲမူမ်ားစတင္ခဲ့ၾကပါသည္။ KIA Motors ကားမ်ားသည္ လွပဆန္းသစ္ေသာ ဒီဇိုင္းနွင့္ လံုျခံဳစိတ္ခ်ရမူတို႔ေၾကာင့္ ကမၻာနွင့္အ၀ွမ္းတြင္ ေအာင္ျမင္ေၾကာ္ၾကား လူၾကိဳက္မ်ားေနသည့္ ကားတစ္မ်ိဴးပင္ ျဖစ္ပါတယ္။ အေၾကာင္းအရင္းမွာ  ဂ်ာမနီနိုင္ငံသား ဒီဇိုင္းနာ Mr. Peter Schreyer  ေၾကာင့္ပင္ျဖစ္ပါသည္။ Mr.Peter သည္ 1975 ခုႏွစ္တြင္ Munich University of Applied Sciences တြင္ပညာသင္ယူခဲ့ပါသည္။ 1978 ခုႏွစ္ေက်ာင္းသားဘ၀ကတည္းကပင္ Audi ႏွင့္ ပထမဦးဆံုး လက္တြဲလုပ္ေဆာင္ခဲ့ၿပီး Industrial Design degree ဘြဲ႔ကို 1979 ခုႏွစ္တြင္ ရရွိခဲ့သည္။ KIA နွင့္ လက္မတြဲခင္ ဂ်ာမနီ ကားအမွတ္တံဆိပ္ Audi နွင့္ Volkswagen ၏ ဒီဇိုင္နာခ်ဴပ္အျဖစ္တာ၀န္ထမ္းေဆာင္ခဲ့သူတစ္ဦးျဖစ္ျပီး သူ၏ဒီဇိုင္းမ်ားထဲမွ Audi A6 နွင့္ TT တို႔မွာ ထင္ရွားေက်ာ္ၾကားဆံုးေသာ ဒီဇိုင္းမ်ား ျဖစ္ပါသည္။ သူသည္ KIA နွင့္အတူ 2006 ခုနွစ္မွ စတင္လက္တြဲခဲ့ပါသည္။

KIA Motor ႏွင့္ လက္တြဲလုပ္ကိုင္ခ်ိန္မွစ၍ Mr.Peter သည္ KIA ကားအမ်ိဳးအစားအားလံုးကို ပံုစံအသစ္ ဒီဇိုင္းအသစ္ ဖန္တီးခဲ့ပါသည္။ “ျမင္လိုက္တာနဲ႕ လူတိုင္းက ဒါဟာ ဘာ brand လဲဆိုတာသိေနတာမိ်ဳးကို ဖန္တီးခ်င္တယ္၊ KIA ကားရဲ႕အေရွ႕ဘက္မ်က္ႏွာကို ၾကည့္လိုက္တာနဲ႕ အျခားကားေတြနဲ႕မတူပဲ တကယ္ကို ထူးျခားဆန္းသစ္ေနၿပီး Powerful ျဖစ္ေနတဲ့ ညဘလလဘကားမ်ိဳးျဖစ္ေနေစရမယ္လို႕ ယံုၾကည္တယ္ဟု” သူကဆုိပါသည္။ ထိုသို႔ဆုိခဲ့ သည့္အတိုင္း Mr. Peter သည္ အမ်ားႏွင့္ မတူထူးျခားဆန္းသစ္ေသာ Design မ်ားကို ဖန္တီးေပးမွဳေၾကာင့္ KIA ကားမ်ားမွာ ကမၻာအႏွံအျပားတြင္ ေအာင္ျမင္စြာရပ္တည္ေနေသာ Brand တစ္ခုျဖစ္လာခဲ့ပါသည္။ ထို႔ေၾကာင့္ Mr.Peter သည္ KIA အားအသစ္တစ္ ဖန္ျပန္လည္ေမြး ဖြားေပးခဲ့သူဟုပင္ ဆိုႏိုင္ပါသည္။Mr. Peter Schreyer သည္ KIA အတြက္ တမူထူးျခားဆန္းသစ္သည့္ Tiger Nose ရွဲလ္အား 2007 ခုနွစ္ Frankfurt Motor Show ျပပြဲတြင္ မိတ္ဆက္ျပသေပးခဲ့ျပီး ယခုအခါတြင္ ၄င္း Tiger Nose ရွဲလ္သည္ KIA ၏ နာမည္ေက်ာ္ အမွတ္အသားတံဆိပ္တစ္ခုပင္ျဖစ္ေနပါသည္။

KIA Motors မွျမန္မာႏုိင္ငံတြင္ ျဖန္႔ျဖဴးေရာင္းခ်ေပးေသာ ကားအမ်ိဴးအစားမ်ားျဖစ္သည့္ Picanto, Rio, Cerato, Optima, Carens, Quoris အစရွိသည့္ Passanger ကားအမ်ိဴးအစားမ်ား၊ Mohave, Carnival, Sorento, Sportage SUV ကားမ်ား နွင့္အတူ Commercial အမ်ိဳးအစားမ်ား  K 2700, K 3000 အစရွိေသာ  KIA Brand New  ကားမ်ားကို  Official Warrantyမ်ားျဖင္႔ ရန္ကုန္၊ မႏၱေလး၊ ေနျပည္ေတာ္တို႔တြင္ Service Center မ်ားနွင့္တြဲ၍ ေရာင္းခ်ေပးလ်က္ရွိပါသည္။

Optima GT Line

Midsized Sedan တစ္စီးျဖစ္တဲ့ Optima ကုိ Sport luxury အသြင္ေဆာင္တဲ့ GT Line လုိဖန္တီးလုိက္တာေၾကာင့္ Design နဲ႔ ေမာင္း ႏွင္မွဳေတြက Sporty ဆန္သြားပါတယ္။ Xeon ၂ လုံးပါတဲ့ Head Lamps ေတြ၊ GT Alloy ေတြ၊ Peddle Shifter ၊ Dual Exhaust တုိ႔ ပါဝင္လာျပီး အင္ဂ်င္ပါဝါကလည္း 2400 cc ျဖစ္သြားပါတယ္။ ဒါေပမယ့္ ဆီစားႏွဳန္းက ပ်မ္းမွ်တစ္ဂါလံၿမိဳ႕တြင္း မိုင္ 20 မွ ျမိဳ႕ျပင္ မိုင္ 30 အထိေမာင္းႏွင္ႏုိင္တယ္။ ေရွ႔ရွဲေတြကလည္း KIA ရဲ႕အမွတ္သေကၤတျဖစ္တဲ့ Tiger Nose Grille ေတြကုိ အေျခခံထားေပမယ့္ အခု GT Line မွာေတာ့ ပုိျပီးေျပျပစ္တဲ့ပုံစံမ်ိဳးကုိ ျမင္ေတြ႔ခဲ့ရပါတယ္။ ျပီးေတာ့ GT Logo ပါတဲ့ Sports Leather ခုံေတြ၊ D ပုံစံ 3-Spokes စတီ ယာရင္စနစ္ ၊ Premium Sound System ၊ ဇုန္အလုိက္ ခဲြျပီးအပူအေအးလုိသလုိ ထိန္းညွိႏိုင္တဲ့ စနစ္၊ထုိင္ခုံအပူေအးေပး တဲ့စနစ္ေတြ သာမကဘဲ ေလအိတ္ ၇ လုံးအထိသုံးထားတာကုိၾကည့္ရင္ Optima GT Line ကုိလုံးဝ Sport ကားတစ္စီးရဲ႕ပါဝင္မွဳမ်ိဳး နဲ႔ရႏုိင္ေအာင္ျပဳ လုပ္ေပးထားသလုိပါပဲ။ လမ္းမေပၚမွာ စီးႏွင္းသြားတဲ့အခါတိုင္း ျမင္သူတိုင္း ေငး ေမာၾကည့္ရေလာက္ေအာင္ ေခတ္မီဆန္းသစ္တဲ့့ ဒီဇိုင္း မ်ိဳးျဖစ္ေစပါလိမ့္မယ္။ ေစ်းကေတာ့ USD 52,000 ပဲျဖစ္ပါတယ္။

Picanto

ျမိဳ႕တြင္းစီး Hatch back ကားတစ္စီးအျဖစ္ဖန္တီးထားေပမယ့္လည္း All New Picanto မွာပါဝင္လာမွဳေတြက ကားေလးတစ္စီးအတြက္ လြန္တယ္ လုိ႔ဆုိရမေလာက္ပါပဲ။ သူ႕မွာ Leather Seat ၊ Sunroof ၊ Digital Aircon၊ FM/CD ေျပာင္းဖုိ႔ Mode၊ အသံအတုိးအက်ယ္္ channel ေျပာင္းဖုိ႔ ခလုတ္ေတြအျပင္  Bluetooth hand Free Systemပါတဲ့ Steering Control ေတြပါတယ္။ ေနာက္ျပီး 2018 ရဲ႕ iF Design Awards ရရွိထားတဲ့ Picanto က  1200 cc နဲ႔လာလုိ႔ ဆီစားႏွဳန္းကေတာ့ ခ်ိဳသာမွာအေသအခ်ာပါ။ Original Alloy , ေလအိတ္ ၆ လုံး ၊ Electric Stability Control System လုိစနစ္ေတြေၾကာင့္ Safety လည္းလ်စ္လ်ဴမရွဳထားဘူးလုိ႔ဆုိရမွာပါ။ ကားပုံစံ City Car အတြင္း ခန္းက က်ဥ္းတယ္လုိ႔ထင္ရေပမယ့္ ပါဝင္ပစၥည္းေတြ၊နည္းပညာေတြေၾကာင့္ လူနည္းသူေတြအတြက္ အဆင္ေျပေစမွာပါ။ ေစ်းႏွဳန္းကေတာ့ USD 19,900 ျဖစ္ပါတယ္။

Sorento GT Line

Mid size SUV ျဖစ္ျပီးခုံ ၃ တန္းပါလုိ႔ လူမ်ားမ်ားစီးႏိုင္သလုိ အသစ္ Version မွာ Safety ပုိင္းကုိအရမ္းအသားေပးထားသလုိ ရုပ္ထြက္ ပုိင္းကလည္း ပုိလန္းလာတယ္။ Xeon ေရွ႔မီးၾကီး ၊ ေလးေထာင့္ပုံ Fog Lamp ၊ GT alloy ၊ အတြင္းခန္းက All black package ေၾကာင့္ အဆင့္ျမင့္ကားဆုိတာ မေျပာဘဲသိႏုိင္တယ္။ နည္းပညာအစြမ္းကုိ ခ်ျပေနတဲ့ KIA ရဲ႕အထင္ကရထုတ္ကုန္တစ္ခုလုိ႔ဆုိႏိုင္ပါတယ္။ Peddle Shifter ၊ Mode 4 မ်ိဳးေျပာင္းႏုိင္တဲ့ ေမာင္းႏွင္မွဳစနစ္၊ အသစ္ပါဝင္လာတဲ့ 360 Camera ေတြေၾကာင့္ ဒီကားက Sporty စတုိင္ ထုတ္လုိ႔ရသြားမွာပါ။ ျပီးေတာ့ ကားရဲ႕ cargo ထည့္တဲ့ေနရာမွာ ပစၥည္းေတြအမ်ားအျပားတင္ေဆာင္ခဲ့ရင္ suspension ကအလုိအ ေလ်ာက္ျမင့္တက္သြားျပီး တည္ျငိမ္မွဳနဲ႔ လုံေလာက္တဲ့ေျမျပင္ကင္းလြတ္ပမာဏမ်ိဳးေရာက္ေအာင္ ျပဳလုပ္ေပးတဲ့စနစ္လည္းပါဦး မွာျဖစ္ပါတယ္။ ေပးရတာနဲ႔တန္တာကုိ ျပန္ရပါလိမ့္မယ္။ ေစ်းကေတာ့ USD 65,000 ျဖစ္ပါတယ္။

Rio

Picanto ထက္ပုိၾကီးလာျပီး Hatchback Luxury Car အမ်ိဳးအစားပုံစံထုတ္ထားတဲ့ Rio ကရုပ္ထြက္ပုိင္းမွာ အရင္ေမာ္ဒယ္ေဟာင္း ေတြထက္ပုိျပီး လွပကာ Sport ဆန္သြားတယ္။ သူ႔မွာက သာမန္ဆလြန္းကားတစ္စီးေလာက္က်ယ္ဝန္းတဲ့ အတြင္းခန္း၊ ပစၥည္းထည့္စရာ ေနရာေတြအျပင္ Small Car ေတြမွာ ျမင္ေတြ႔ေနက်မဟုတ္တဲ့ Android Auto, Apple Car play,2 Tone Leather Seat,7 Inches Back Camera မ်ဥ္းေကြး၊ Sunroof တို႔ပါ၀င္ပါတယ္။ 1400 cc Engine ကုိ 4 Speed Auto နဲ႔လာေတာ့ ဆီစားသက္သာတာက Picanto ေလာက္နီးပါးပါပဲ။ ေလအိတ္ ၆ လုံးအပါအဝင္ ABS ၊ Electric Stability Control System ေတြပါလုိ႔ Rio ကဟုိင္းေဝး ခရီးေတြအတြက္ပါ အသုံးဝင္မယ့္အေနအထားပါ။ ဒီကားရဲ႕ ေစ်းႏွဳန္းကေတာ့ USD 25,500 ပဲျဖစ္ပါတယ္။

Sportage GT Line

KIA Motors ရဲ႕ေရာင္းအားအေကာင္းဆံုးေသာ Compact SUV ျဖစ္တဲ့ Sportage ရဲ႕ေနာက္ဆုံးေပၚအဆင့္ျမွင့္တင္မွဳအေနနဲ႔ GT Line အျဖစ္ထုတ္လုပ္မွဳက အရင္ထက္အမ်ားၾကီးပုိထူးျခားသြားပါတယ္။ HID Head Lamps ၊ GT Alloy ၊ GT Logo ပါတဲ့  Leather ခုံ၊ စတီ ယာရင္ဒီဇုိင္းေတြက ပုိျပီးဆဲြေဆာင္မွဳရွိတဲ့ Sport SUV တစ္စီးျဖစ္သြားေစပါတယ္။ သူ႕မွာ ခလုတ္ႏွိပ္စရာမလုိတဲ့ Smart Power Tailgate စနစ္၊ စတီယာရင္ အပူေပးစနစ္၊ Seat Ventilation စနစ္ ၊ Wireless Charger တုိ႔အျပင္ ABS(Anti Braking System)၊ ESC(Electronics Stability Control)၊ Hill Start Assist Control (HAC), Downhill Brake Control (DBC) ၊ Rear Cross Traffic Alert (RCTA) ၊ Auto Cruise Control (ACC) ၊ Blind-Spot Detection (BSD) စနစ္ ၊ Front- and Rear-Parking Assist လုိစနစ္ ေတြပါဝင္ပါတယ္။ 2.0 L CRDi four-cylinder engines ကုိသုံးထားျပီး turbocharged စနစ္ျဖစ္လုိ႔ ဒီဇယ္ျဖစ္ေပမယ့္ အထေတြမွာၾကြ ရြေနမွာပါ။ သူ႕ရဲ႕ေစ်းကေတာ့ USD 55,000 ပဲျဖစ္ပါတယ္။

Carens

Luxury Grade ထုတ္ထားတဲ့ MPV တစ္စီးျဖစ္ျပီး လူ ၇ ဦးလုိက္ပါစီးနင္းလုိ႔ရတယ္။ ခုံ ၃ တန္းပါျပီး လည္သာေတြကုိသုံးထား တာေၾကာင့္  မိသားစုသုံးအတြက္ေရရွည္မွာပါ စိတ္ခ်ရတယ္။ သူ႕ကုိလည္း ေလပူ၊ေလေအး ထုတ္ေပးႏိုင္တဲ့ Air Ventilation Seat စနစ္ကုိ ေရွ႕ ၂ ခုံမွာ တပ္ဆင္အသုံးျပဳထားလုိ႔ ဟုိင္းေဝးေတြကုိ သက္သက္သာသာေမာင္းႏုိင္မယ္။ ျပီးေတာ့ နည္းပညာနဲ႕ပတ္သက္ရင္ အကုန္ထုတ္သုံးတတ္တဲ့ KIA က HID Head Lamps ၊ Panoramic Sunroof ၊ Dynamic Bending Light ေတြသာမကဘဲ Auto Defog System ေတြ၊ Round Air Con စနစ္၊ ေလ အိတ္ ၆ လုံး၊  ABS ၊ Electric Stability Control System ေတြပါလုိ႔ အဆင့္ျမင့္ MPV တစ္စီးကုိ စီးနင္းခြင့္ရႏုိင္မွာျဖစ္ပါတယ္။ အင္ဂ်င္ က 1700 cc ဒီဇယ္နဲ႕ 7 Speed Auto ဆုိေတာ့ ဟုိင္းေဝသြားတတ္တဲ့ မိသား စုမ်ားသူေတြအတြက္ အကုိက္ပါပဲ။ ေစ်းႏွဳန္းကေတာ့ USD 43,500 ပဲျဖစ္ပါတယ္။