KIA သည်နာမည်ကျော် Carnival Minivan ၏ 2021 Model အတွက် နမူနာ ဓာတ်ပုံများကို မိတ်ဆက်ပြသလိုက်ပြီး ၎င်းအား KIA Sedona အနေဖြင့်လည်း မြောက်အမေရိကသို့ ရောင်းချ ပါသည်။ 2021 New Model သည် လုံး၀ ပုံစံအသစ်ဖြစ်ပြီး Boxy Body ကိုယ်ထည်အား Upright Design အနေဖြင့် ဖန်တီးထားကာ သမားရိုးကျ Minivan များနှင့် ခွဲထွက်သည့် အလှတရားဖြင့် တွေ့မြင်ရပါသည်။ Crossover Design လက်ရာများဖြစ်သည့် Faux Skid Plate များကို ကား၏ ရှေ့နှင့် အနောက် Bumper များတွင် ထည့်သွင်းမထားမှုသည် အမြင်ကို အသစ်အဆန်းဖြစ်စေပါသည်။ KIA ၏နာမည်ကျော် Tiger Nose Grille ကို Chrome Diamond များ ဝန်းရံထားသည့် ဒီဇိုင်းသည် New Carnival တွင် စွဲဆောင်မှု အရှိဆုံးဟု ဆိုရမည်။ LED Running Light စနစ်သုံး ရှေ့မီးကြီးသည် Grille နှင့် တွဲစပ်ထားပြီး Chrome Eyebrow များလည်း ပေါင်းစပ်ပါဝင်သည်။ ထင်ရှားပြီး ခိုင်ခန့်သည့် ဘေးဖက်လိုင်းများသည် ဘေးတံခါး (၂)ဖက်နှင့် ပေါင်းစပ်ထားပြီး C-Piller Design ကိုလည်း အလှပဆုံး ဖန်တီးထားပါသည်။ အနောက်ဖုံးရှိ Taillight သည် အလွန်ပေါ်လွင်ထင်ရှား သည့် ဒီဇိုင်းဖြစ်ကာ LED Elements များထည့်သွင်းထား၍ စူးရှတောက်ပသည့် အလင်းစနစ်ကို ရရှိစေပါမည်။ 2021 Carnival Model တွင် အင်ဂျင်များအနေဖြင့် – ( 3.3 L V6 Engine) သို့မဟုတ် KIA Telluride မှ ရရှိသည့် ( 3.8 L V6 Engine ) (၂)ခုကို တပ်ဆင်မည်ဟု အများစုက ယူဆထားပါသည်။ ၎င်းအား KIA ၏ မိခင်ဈေးကွက်ဖြစ်သည့် တောင်ကိုရီးယားတွင် ယခုနှစ်အကုန်၌ စတင်ရောင်းချရန် KIA မှ လျာထားပါသည်။