Unicode version…
KIA မြန်မာမှ Promotion မှအစီအစဉ်အဖြစ်ပြုလုပ်ခဲ့သော Black Friday တွင် အထူး Discount နှုန်းထား များဖြင့်ကားများကို ရောင်းချပေးခဲ့ရုံသာမကဘဲ အသစ်ရောက်ရှိလာသော Sport ပုံစံ Luxury ပစ္စည်းများကို သုံးထားသော Optima , Sportage နှင့် Sorent GT line Model များကိုလည်းမိတ် ဆက်ပြသသွားခဲ့သည်။ ထို့အပြင် တစ်မူထူးခြားချက်အနေဖြင့် ကားများ၏အာမခံကို ရ နှစ် သို့မဟုတ် ကီလို ၁ သိန်းအထိ ပေးခြင်းလည်းဖြစ်သည်။
အဆိုပါ ၃ ရက်တာအရောင်းပွဲတွင်ထုတ်ဖော်ပြသသွားခဲ့သည့် GT line Model များကိုအနည်းငယ်မိတ် ဆက်ပေးလိုပါသည်။ ပထမဆုံး Optima GT line အကြောင်းပြောရလျှင် ၎င်းတွင် 2400 cc ၊ Gasoline ၊ 6 Speed Auto ကိုသုံးထားပြီး ပြောင်းလဲမှုများအနေဖြင့် ရှေ့မီးကြီးတွေက Bi Xeon Head Lamps ဖြစ်သွားခြင်း၊ ရှေ့ရှဲတွေက KIA အမှတ်တံဆိပ် ကျားနှာခေါင်းပုံ Grille အဖြစ်ပြောင်းလဲသွားခြင်း၊ Wireless Charger ပါဝင်လာခြင်း ၊ GT Alloy ၊ Smart Trunk System ၊ Blind Spot Detection ၊ Peddle Shifter ၊ Dual Exhaust တို့ပါဝင်လာပါသည်။ ၎င်း၏စျေးမှာ USD 52,000 သာကျသင့်မည်ဖြစ်သည်။
Sportage GT line တွင် 2000 cc ၊ Diesel၊ 6 Speed Auto ကိုသုံးထားပြီး ပြောင်းလဲသွားသည်က ရှေ့မီးကြီးတွေက HID Head Lamps ဖြစ်သွားခြင်း၊ ရှေ့ရှဲတွေက KIA အမှတ်တံဆိပ် ကျားနှာခေါင်းပုံ Grille အဖြစ်ပြောင်းလဲသွားခြင်း၊ Wireless Charger ပါဝင်လာခြင်း ၊ GT Alloy၊ Smart Power Tailgate၊ ABS၊ Seat Ventilation ၊ Steering Heat တို့ပါဝင်လာပါသည်။ ၎င်း၏စျေးမှာ USD 55,000 သာကျသင့်မည်ဖြစ်သည်။
Sorento GT line တွင် 2200 cc ၊ Diesel ၊ 8 Speed Auto ကိုသုံးထားပြီး Triple Bi Xeon Head Lamps ရှေ့ မီး ၊ KIA အမှတ်တံဆိပ် ကျားနှာခေါင်းပုံ Grille ၊ Wireless Charger ပါဝင်လာခြင်း ၊ GT Alloy၊ Smart Power Tailgate၊ Blind Spot Detection ၊ Peddle Shifter ၊ 360 Camera တို့ပါဝင်လာပါသည်။ ၎င်း၏စျေးမှာ USD 65,000 သာကျသင့်မည်ဖြစ်သည်။ အထက်ပါ Model ၃ မျိုးစလုံးမှာ Sport Luxury Grade များလည်းဖြစ်ကြသည်။
Zawgyi version…