Zawgyi Version…

Kia Habaniro Concept
Kia Habaniro Concept

Unicode Version…

AWD စနစ်သုံး လျှပ်စစ်ကား Hobo Niro Concept ကို KIA မှမိတ်ဆက်
Kia Hobo Niro Concept သည် KIA ကားများ၏ အတန်းအစားအသစ်ဟု KIA မှ တင်စားထားပြီး ( လျှပ်စစ်အပြည့်အဝအသုံးပြုခြင်း ၊ AWD ၊ 4 – Seater ) စသည့်ထူးခြားမှုများဖြင့် ဖန်တီးထားသည်။ အဆိုပါ Concept Model သည် လျှပ်စစ်သီးသန့်ဖြင့် မိုင် ၃၀၀ ခန့် မောင်းနှင် နိုင်ခြင်း ၊ လိပ်ပြာတောင်ပံပုံစံ တံခါးများပါရှိခြင်းနှင့် အဆင့် ၅ ရှိသည့် Autonomy တို့ ထည့်သွင်း ထားခြင်းကဲ့သို့ ထူးခြားချက်များပါရှိသည်။ Concept Model သည် လက်ရှိထုတ်လုပ်ထားသည့် Production Kia Niro ထက် ( 1.5 inch ) ပို၍ သေးငယ်ပြီး ၆ လက်မခန့် ပို၍ ဗျက်ကျယ်ပါသည်။ Wheelbase သည် ( 5.2 – inch ) ပို၍ ရှည်လျားပါသည်။ အပြင်ဖက်အရောင်အား – Snowdrift Pearl White Paint ဖြင့် ဖန်တီးထားပြီး Anodized lava Red Aero panel အား ကားအနောက်တွင် အသုံးပြုထားပါသည်။ အလားတူ – Satin Aluminum Skid plate ၊ Anodized Lava Red Aluminum Accents နှင့် LED ERL စသည်တို့ ထည့်သွင်းထားပါသည်။ အရွယ်အလွန်ကြီးမားသည့် HUD စနစ်ကို ထည့်သွင်းထားပြီး ၎င်းတွင် သတင်းအချက်အလက် များ လမ်းကြောင်းစနစ်များ ကိုလည်း စီစဉ်ထားပါသည်။ အဆင့် ( ၅ ) ရှိသည့် အလိုလျောက်မောင်းနှင် မှုစနစ်သည် လူသားမှ Guideline ပေးရုံသာဖြစ်ပြီး မောင်းနှင်မှု ပုံစံအတော်များများကို စနစ်မှ ဆောင်ရွက်ပေးပါမည်။ ထို့အပြင် ( Perimeter Ventilation System ) ၊ ( Real – Time Emotion Adaptive Driving – R . E . A . D ) ( Eye Tracking System ) စသည့်နည်းပညာအသစ်အဆန်း များကိုလည်း မိတ်ဆက်ထည့်သွင်းထားပါသည်။