KIA Myanmar သည် ဆန်းသစ်သောဒီဇိုင်းနှင့် ခေတ်ရှေ့ပြေးနည်းပညာများဖြင့် ဖန်တီးထားသည့် All New K5 2021 နှင့် Sorento 2021 တို့ကို ဒီဇင်ဘာ (၁၂)ရက်နေ့က Online မှ တဆင့်မိတ်ဆက်သွားခဲ့သည်။
KIA K5 2021 သည် ဆန်းသစ်သည့်ဒီဇိုင်းဖြင့် နိုင်ငံတကာတွင် ရေပန်းစားလူကြိုက်များသည့် Sedan မော်ဒယ် ဖြစ်ပြီး Sorento 2021 သည် ခန့်ထည့်သည့်အသွင်အပြင်ဖြင့် မိသားစုအသုံးပြုနိုင်သည့် Large size SUV ကားတစ်စီးဖြစ်သည်။
All New K5 2021 သည် လှပသည့်ရုပ်ထွက်ပိုင်းကို ပိုင်ဆိုင်ထားတာကြောင့် Sport ကားတစ်စီးကဲ့သို့ ဆွဲဆောင်မှုရှိပြိး အဆင့်မြင့်နည်းပညာများနှင့် အကောင်းဆုံးမောင်းနှင်မှုအတွက် စွမ်းဆောင်ရည်ကောင်းများ ပိုင်ဆိုင်ထားသည်။ နည်းပညာပိုင်းအရ 12.3 လက်မအရွယ် Cluster နှင့် ၈ လက်မအရွယ် Infotainment Display ၊ Mood Light စသည်တို့ကို ထည့်သွင်းပေးထားသည်။ စွမ်းဆောင်ရည်ပိုင်းအတွက် 2.0 MPI အင်ဂျင်နှင့် 6 Speed Auto transmission ဖြင့် Drive Mode များအလိုက် ရွေးချယ်မောင်းနင်နိုင်မည်ဖြစ်သည်။
All New Sorento သည် ခန့်ထည်သည့် ရုပ်ထွက်ပိုင်းဖြင့် (၇)ယောက်ထိ လိုက်ပါစီးနင်းနိုင်မည်ဖြစ်ပြီး နည်းပညာပိုင်းအရ လမ်းကြမ်းများအတွက်လည်း အကောင်းဆုံးမောင်းနှင်နိုင်အောင် ထောက်ပံ့ပေးထားသည်။ အတွင်းခန်းမှာ Cluster အတွက် 12.3 လက်မTFT Display၊ 8 လက်မအရွယ် Infotainment Display၊ လက်လှည့် Dual Clash shift by wire၊ မောင်းနှင်မှုအတွက် Drive mode စနစ် နှင့် Terrain Mode စနစ်၊ Mood light စနစ်များပါဝင်လာသည်။ စွမ်းဆောင်ရည်ပိုင်းအတွက် 2.2 VGT ဒီဇယ်အင်ဂျင်အမျိုးအစားဖြစ်ပြီး ် 8 Speed Dual Clash Auto Transmission ဂီယာကို အသုံးပြုထားသည်။
KIA Myanmar မှ All new K5 2021 ကို အမေရိကန်ဒေါ်လာ ၄၄၉၀၀ ဖြင့်ရောင်းချမည်ဖြစ်ပြီး All new Sorento 2021 ကားကို အမေရိကန်ဒေါ်လာ ၆၅၉၀၀ ဖြင့် ပြည်တွင်းဈေးကွက်အတွင်း ရောင်းချပေးသွားမည်ဖြစ်မည်။