သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။အသစ်မိတ်ဆက်လိုက်သည့် KIA K8 ၏ အတွင်းခန်းအခင်းအကျင်း

KIA K8 သည် အသစ်ထွက်ရှိမည့် KIA Sedan ဖြစ်ပြီး နာမည်ကျော် KIA Candenza ၏ အစားထိုး Model ဖြစ်သည်။ ယခုအခါ KIA သည် ၏ အတွင်းခန်းထက် ပုံအချို့အား စတင်မိတ်ဆက် ပြသလိုက်ပါသည်။ New K8 အား ယခုနှစ်ကုန်ခန့်တွင် စတင်မိတ်ဆက်ပြသရန် KIA မှ စီစဉ်ထား ပါသည်။ K8 ၏ အတွင်းခန်းအား သပ်ရပ်လှပပြီး ခန့်ထည်သည့် ပုံစံဖြင့် အဓိက ခင်းကျင်းထားပြီး ထူးခြားမှု အနေဖြင့် (၁၂) လက်မ ပတ်လည် Display Screen (၂) ခု ထည့်သွင်းထားမည်ဖြစ်သည်။ တခုသည် Digital Instrument Cluster ဖြစ်ပြီး အခြား တခုသည် Infotainment Screen ဖြစ်ကာ ဘေးချင်း ကပ်ရပ်တပ်ဆင်ထားပါသည့် HVAC System ကို ထိန်းချုပ်သည့် ခလုတ်များနှင့် Infotainment Screen အတွက် Shortcut အသုံးပြုရမည့် ခလုတ်များကိုလည်း Dashboard နေရာတွင် ပေါင်းစပ်ထည့်သွင်းပေးထားပါသည်။ အရှေ့ဖက်အလည်နေရာတွင် သစ်သားများ ထည့်သွင်းပေးထားပါသည်။ Drivetrain Control ဆိုင်ရာ အားလုံးသည် L-Shape ပုံစံများဖြစ်ကာ အဝိုင်းပုံစံ Gearshift များလည်း ပါဝင်သည်။ Steering သည်လည်း ဆန်းသစ်သည့် ဒီဇိုင်းရှိပြီး ထိန်းချုပ်ခလုတ်များစွာ ပါရှိပါသည်။ KIA အနေဖြင့် New K8 တွင်နာမည်ကျော် Sound System ဖြစ်သည့် – ( 14 Speaker Meridian Stereo ) ကို ထည့်သွင်းထားပါမည်။ ထိုင်ခုံများသည် တန်ဖိုးကြီး Nappa Leather များဖြစ်ပြီး Embossed Diamond Pattern များဖြင့် လှပစွာ ပုံဖော်ထား ကာ တံခါးလက်ကိုင်နေရာများတွင်လည်း အလားတူပုံဖော်ထားပါသည်။ Door Trim နှင့် Dashboard တွင် Star Cloud Lighting Pattern များကို ဆန်းသစ်စွာ ထည့်သွင်းထားပါသည်။ ကား၏ အတွင်းခန်း အကျယ်သည် (197.4 – inch ) ရှိသည့်အတွက် ကျယ်ဝန်းသည့် အနေအထားပါရှိ ပါသည်။ New K8 အား လှပဆန်းသစ်သည့် ဒီဇိုင်းပုံစံဖြင့် ဖန်တီးထားမည်ဖြစ်ပြီး အသေးစိတ် အချက်များကို မကြာခင်ထပ်မံမိတ်ဆက်ရန် KIA မှ စီစဉ်ထားပါသည်။