KIA Telluride သည် မြောက်အမေရိကဒေသဈေးကွက်တွင် အောင်မြင်နေသည့် Midsize SUV ဖြစ်ပြီး နာမည်ကျော် – ( Car and Driver ) မှ သတ်မှတ်သည့် ( 10 Best List ) တွင်လည်း 2020 နှင့် 2021 Model Year တို့၌ ပါဝင်ခဲ့သည့် ကားလည်းဖြစ်သည့်အပြင်ရောင်းအားကောင်းသည့် KIA Model လည်းဖြစ်ပါသည်။ ထိုကဲ့သို့ ထူးခြားချက်များ ပိုင်ဆိုင်ထားသည့် Telluride SUV အား 2022 Model အား Refresh Model အနေဖြင့် ထုတ်လုပ်လိုက်ပြီး ၎င်းတွင် KIA ၏ Logo အသစ်ဖြစ်သည့် KIA’s Snazzy New Logo ကို အသုံးပြုထားသည့်အပြင် ဆန်းသစ်ခြင်းများဖြင့် တွေ့မြင်ရပါမည်။ ကား၏ အပြင်ဖက် ဒီဇိုင်းအချို့အား Update ဖန်တီးထားကာ ( Blackout Chrome Design ) ကိုလည်း ထည့်သွင်းထား ပါသည်။ ထူးခြားသည့် Features ဖြစ်သည့် – ( Navigation Based Smart Cruise Control – Curve) အား Trim Level အားလုံးတွင် ထည့်သွင်း ထားမည်ဖြစ်ကာ ၎င်းစနစ်သည် Navigation ၏ အချက်အလက်များကို အသုံးiပြု၍ ကား၏ အရှိန်နှုန်းကို ထိန်းချုပ်ပေးမည့်စနစ်ဖြစ်သည်။ ထို့အပြင် ( 10.3-inch Touch Screen ) i ( Automatic Climate Control ) ၊ ( Semi-Autonomous Highway driving Assist ) စသည့် Features များကိုလည်း ( LX / S ) Trims များတွင် Standard ထည့်သွင်းပေးထားပါသည်။ 2022 KIA Telluride တွင် အင်ဂျင်အနေဖြင့် – ( 3.8 L Naturally Aspirated V6 Engine ) ( 291 hp ) အင်ဂျင်ကို ( LX , S , EX , SX ) Trims များတွင် ထည့်သွင်း ထားပါသည်။ ၎င်းတွင် (ရှေ့ဘီးယက်စနစ်)နှင့် ( AWD System ) တို့ရရှိနိုင်ပါသည်။

23 Jun 2021
0