KIA သည် Global Range SUVs များတွင် Hummer ကဲ့သို့ အထူးကြံ့ခိုင်သည့် ( Military Use Model ) များကို ဖန်တီးမည်ဖြစ်သည်။ KIA အင်ဂျင်နီယာများမှ လက်ရှိဖန်တီးထားသည့် Truck မှာ – ( All Terrain Vehicle ATV ) ဖြစ်ပြီး အဆိုပါ Model ၏ Body Frame အား KIA Mohave ထံမှ ရယူခြင်းဖြစ်သည် ။ လက်ရှိ KIA SUV များတွင် Size အကြီးဆုံးမှာ KIA Telluride ဖြစ်ပြီး ၎င်းမတိုင်ခင် 2010 အထိ ထုတ်လုပ်ခဲ့သည့် Model မှာ KIA Borrego ဖြစ်သည်။ KIA သည် အဆိုပါ ( ATV form ) အား အထူးကြံ့ခိုင်သည့် ပုံစံအနေဖြင့် ဖန်တီးမည်ဖြစ်ပြီး Style နှင့် အခင်းအကျင်းတို့ကိုလည်း လက်ရှိ SUV Lineup များအတိုင်း ဖန်တီးမည်ဖြစ်သည်။ သို့သော် အထူးကောင်းမွန်သည့် အကြမ်းခံနိုင်မှုနှင့် တောင့်တင်းခိုင်မာမှုတို့ဖြင့် ထုတ်လုပ်ရန် KIA မှ အဓိက ရည်ရွယ်ထားပါသည်။ ATV Form ကို အမည်သတ်မှတ်ခြင်း မရှိသေးသော်လည်း Production Model ထုတ်လုပ်မည်ဆိုပါက ဆောက်လုပ်ရေးလုပ်ငန်း ၊ အားကစားနှင့် ဘက်စုံသုံး လုပ်ငန်းကဲ့သို့ Industry မျိုးစုံအတွက် ရည်ရွယ်ထုတ်လုပ်မည်။ အမေရိကန်စစ်တပ်သုံး Humvee ကို Hummer အနေဖြင့် ပြောင်းလဲထုတ်လုပ်ခြင်း ၊ Toyota BXD 10 ကို Toyota Mega Cruiser အနေဖြင့် ပြောင်းလဲထုတ်လုပ်ခြင်း ၊ စသည့်ထူးခြားသည့် SUV ဖန်တီးမှု သာဓကများ လည်း ရှိထားပါသည်။ KIA အနေဖြင့် ( AVT Prototype ) အား 2021 တွင် စတင်ရန် စီစဉ်ထား ပြီး Production အနေဖြင့် 2020 – 2025 အလည်ခန့်တွင် စတင်နိုင်ရန် လျာထားပါ သည်။ KIA သည် တောင်ကိုးရီးယားရှိ Defense Division အတွက် နည်းပညာအသစ်များစွာကို စမ်းသပ် စစ်ဆေးလျှက်ရှိပြီး ၎င်းတွင် Hydrogen Fuel Cell , Self-Driving System များပါဝင်သည်။

04 Nov 2020
0