Zawgyi Version…

Unicode Version…

ထူးခြားသော ဖန်တီးထားမှုများဖြင့် Kia Mohave Masterpiece Concept
( Body – on – frame ) ပုံစံရှိသည် Kia Borrego အား U.S ဈေးကွက်သို့တင်ပို့မှုရပ်ဆိုင်း လိုက်ပြီးနောက် ၎င်းအစား လူသိများသည့် Sorento ကို ပြောင်းလဲတင်ပို့ခဲ့သည်။ Kia Borrego အား အခြားသောဈေးကွက်များတွင် Mohave အမည်ဖြင့် ဆက်လက်ရောင်းချခဲ့သည်။ KIA သည် ထိုအချိန် မှစ၍ Mohave အား အသစ်တဖန်မွမ်းမံခြင်းများပြုလုပ်ပြီး 2019 Seoul Motor Show တွင် အသွင်သစ်ဖြစ်သည့် – Mohave Masterpiece Concept အနေဖြင့်ပြသမည်ဖြစ်သည်။ KIA သည် အဆိုပါ Auto Show တွင် Concept Model ( ၃ ) မျိုးထည့်သွင်းထားပြီး ၎င်းတို့အားလုံးသည် အနာဂတ်ကား များအတွက် မတူညီသည့်ဒီဇိုင်းလက်ရာများဖြင့် အဓိကဖန်တီးထားပါမည်။ ပထမ Model မှာ Electric Sports Sedan ဖြစ်ပြီး သွယ်လျသည့် Green House ပုံစံနှင့် လိပ်နင်ဂျာပုံစံ Facemask design တို့ဖြင့် ဖန်တီးထားပါသည်။ ဒုတိယ Model မှာ SP Signature Compact Crossover ဖြစ်ပြီး လက်ရှိ အသုံးပြုနေသည့် LED Lighting အပြင် ( ၂ ) ရောင်စပ်ကိုယ်ထည်နှင့် အမိုး ၊ စသည့် Features များပေါင်းစပ်ထည့်သွင်းထားပါမည်။ တတိယ Model သည် Mohave Masterpiece ဖြစ်ပြီး ၎င်းတွင် KIA ၏ ခေတ်သစ်အတွက် အသွင်သစ်ဖြစ်သည့် ကျားနှာခေါင်း ဒီဇိုင်းအရှေ့ Grille နှင့် Busy Lighting ပုံဖေါ်ခြင်းများပေါင်းစပ်ထားပြီး တောင့်တင်းသည့်ကိုယ် ထည်အနေအထားဖြင့်ဖန်တီး ထားမည်။ ၎င်း သည် AWD SUV Design အပေါ်တွင် ကြီးမားသည့် အနောက်ဖက်မီးတန်းနှင့်အတူ MOHAVE ပုံပါတ်ပြားအား အရောင်တောက်ပစွာဖြင့်တွေ့မြင်ရပါမည်။ KIA သည် Mohave Masterpiece နှင့် ပတ်သက်သည့်အသေးစိတ်အချက်များကို ထုတ်ပြန်ခြင်း မရှိသော်လည်း မကြာခင်က မိတ်ဆက်ခဲ့သည့် KIA Telluride ကဲ့သို့ Full Size SUV အနေဖြင့် မဝေးသည့်အနာဂတ်တွင်တွေ့မြင်ရမည်ဖြစ်ပါသည်။