2020 Geneva motor show မှာပွဲထွက်ပြသဖို့စီစဉ်ထားတဲ့ Kia new Sorento 2020 ရဲ့ပုံရိပ်တွေကတော့ ထွက်ပေါ်လာခဲ့ပါပြီ။ Geneva motor show က Covid-19 Outbreak ကြောင့် ရွှေ့ဆိုင်းထားရလို့ အွန်လိုင်းကနေပဲ အကဲခတ်ကြရမှာပါ။
New Sorento ဟာ Space ကျယ်ကျယ်ပါတဲ့ seven-seat SUV တစ်စီးဖြစ်လို့ မိသားစုလိုက် သက်တောင့်သက်သာစီးလို့ရမှာဖြစ်ပါတယ်။ Kia ရဲ့အမှတ်သညာ Tiger Nose’ grille က အခုတော့ LED headlamp တွေနဲ့ တစ်တွဲတည်းဖြစ်သွားပါတယ်။ ထုထည်ခိုင်မာပြီး ကျော့မော့နေတဲ့ ဦးခေါင်းပိုင်းမှာ DRLs နဲ့ Foglights တွေက Front Air Intake အပိုင်းနဲ့ အချိုးကျကျ တွဲဖက်တည်ရှိနေတာကိုတွေ့ရပါတယ်။ Taillights တွေက ထောင်လိုက်အနေအထားရှိပြီး Grille ကစလို့ C-pillar ပေါ်က Reverse-flash၊ Side Skirt နဲ့ Splitter တွေထိ Chrome လိုင်းဖုံးအုပ်ပေးထားပါတယ်။
ဈေးကွက်တချို့မှာ ကူရှင်အရောင်စုံရွေးချယ်လို့ရမှာဖြစ်ပေမဲ့ Europe ဈေးကွက်အတွက် model တွေကတော့ black, grey ဒါမှမဟုတ် two-tone monochrome နဲ့ပဲ ရနိုင်မှာပါ။
2.2-litre Diesel Engine ကိုအသုံးပြုထားပြီး အလေးချိန်လျော့သွားအောင် cast-iron အစား Aluminium သုံးထားပါတယ်။ ပါဝါ 199bhp နဲ့ 324 lb ft ထုတ်ပေးမှာပါ။ ဂီယာက New Eight-speed, Dual-clutch Auto ဖြစ်ပါတယ်။system output 226bhp နဲ့ 258lb ft ထုတ်ပေးနိုင်တဲ့ 1.49kWh Battery၊ 59bhp ထွက် Electric Motor ပါ 1.6-litre Turbo Petrol Engine နဲ့လည်း ရနိုင်မှာဖြစ်ပါတယ်။ ဒီ Version က All-electric running တော့မဟုတ်ပါဘူး။ ဒါပေမဲ့ Plug-in Hybrid model ကတော့ 2020 အကုန်လောက်မှ ထွက်လာဖို့ရှိပါတယ်။
All-wheel drive System ဖြစ်ပြီး Kia ကတော့ အဲဒါကို Terrain Mode လို့ခေါ်ဆိုထားပါတယ်။ Top-spec model တွေမှာ a 12.3-inch digital dashboard နဲ့ 10.25-infotainment display ပါမှာဖြစ်ပြီး live weather, traffic နဲ့ parking report တွေပြသပေးမယ့် Kia ရဲ့ နောက်ဆုံးပေါ် connected operating system ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။
Two phones paired Bluetooth၊ Apple Carplay နဲ့ Android Auto တွေကတော့ model အားလုံးမှာပါဝင်မှာဖြစ်သလို Sorento ရဲ့ seat ၇ ခုလုံးမှာ USB charging socket တစ်ခုစီပါရှိနေမှာပါ။ Safety System အတွက် blind-spot monitoring, adaptive cruise control, semi-autonomous lane-keeping aids နဲ့ autonomous emergency braking စနစ်တွေထည့်ပေးထားပါတယ်။ ရောင်းချမယ့်ဈေးကိုတော့ အတိအကျမသိရသေးပါဘူး။ လက်ရှိ model ရဲ့ starting price £30,250 ($ 36165) ထက် ဘယ်လောက်ပိုများမလဲလို့ပဲ တွေးထားရမှာပါပဲ။
Ref: carmagazine
Thiha