Zawgyi Version…
Unicode Version…
ထိုင်ခုံ ၃ တန်းပါ SUV Model အသစ် KIA Telluride ၏ဈေးနှုန်းများထွက်ပေါ်လာ
KIA ၏ 3 – Row SUV အသစ်ဖြစ်သည့် 2020 KIA Telluride SUV ၏ ဈေးနှုန်းများထွက်ရှိ လာပါသည်။ ( 2 WD LX Trim ) အား ( USD 31680 ) ခန့်ဖြင့် ရောင်းချမည်ဖြစ်သည်။ ၎င်းဈေးနှုန်း သည် ( KIA Sorento ) ထက် ( USD 5000 ) ဝန်းကျင်ခန့်ပိုမည်ဖြစ်သည်။ KIA မှ Base LX ၌ ပါဝင်မှုများစွာ ထည့်သွင်းထားမည်ဖြစ်ပြီး ခရီးသည် ၈ ယောက်စီးအနေဖြင့် – Sofino Synthetic သားရေထိုင်ခုံများ ၊ 8 – inch Infotainment ၊ ခုံတန်းအားလုံးအတွက် USB Port များ ၊ Smart Key ၊ Park Distance Warning ၊ Forward / Rear Crass – Traffic Collision Avoidance ၊ Blind Sport Monitor ၊ Smart Cruise Control ၊ Second – row Safe Exit Assist စသည်တို့ပါဝင်မည်။ ( S Trim ) အား ( USD 35035 ) ဖြင့်ရောင်းချမည်ဖြစ်ပြီး – Second Captain chairs ၊ 10 – way power seats တိ့ို ထပ်မံပါရှိပါမည် ။ ( EX Trim ) တွင်မူ – Genuine Leather ၊ ( 10.25 – inch Infotainment Screen ) ၊ Power liftgates ကို ဖြည့်စွက်ထားပါမည်။ အမြင့်ဆုံးဖြစ်သည့် ( SX Trim ) အား ( USD 4235 ) ဖြင့် ရောင်းချမည်ဖြစ်ပြီး ( LED Head light ) ( Dual Sunroof ) ၊ ( Harman / Kerdon အသံစနစ် ) ၊ ( ၃၆၀ ဒီဂရီပတ်လည်ကင်မရာစနစ် ) ၊ စသည်တို့ ပါရှိပါမည်။ ထို့အပြင် AWD , Napper Leather ၊ HUD ၊ Second – row Climate Controls စသည့် ပါဝင်မှုများအား Prestige Package အမည်ဖြင့် မှာယူနိုင်ပြီး – ( USD 4000 ) ဝန်းကျင်ခန့် ကျသင့်ပါမည်။ Trim Level အားလုံးတွင် – ( 3.8 L V6 Engine ) ၊ ( 291 hp ) အင်ဂျင်နှင့် ( 8 – Speed Autogear with Shifting ) ကို တွဲဖက်တပ်ဆင်ထားမည်ဖြစ်ပြီး ယခုနှစ်နွေရာသီတွင် စတင်ရောင်းချပါမည်။ ( အဆိုပါ ဈေးနှုန်းများသည် မြောက်အမေရိကဒေသသို့ တင်ပို့သည့် Model အတွက်ဖြစ်ပြီး အခြားသောဒေသ ၊ နိုင်ငံများ၏ Model နှင့် ကွဲလွဲမှုများရှိနိုင်ပါမည်။)