Unicode version…

KIA သည် ၄င်း၏ Electric Concept Car အသစ်တစ်မျိုးအား ယခုနှစ်အတွင်း ကျင်းပမည့် Consumer Electronics Show တွင် မိတ်ဆက်ပြသမည်ဟု ကြေညာလိုက်ပါသည်။ ၄င်းနှင့် ပတ်သက်သည့်အသေးစိတ်အချက်များကို မသိရသော်လည်းနမူနာ ဓါတ်ပုံများစွာထွက်ရှိထားပြီး လူအများ ၏စိတ်ဝင်စားမှုလည်း ရရှိထားသည့် အဆိုပါကားသည် KIA Niro EV ပင်ဖြစ်ပါသည်။ ၄င်းသည် KIA Niro ၏ အမျိုးတူစုဝင်ကားဖြစ်ပြီး Hybrid နှင့် Plug – in Hybrid အနေဖြင့် ထုတ်လုပ်မည်ဖြစ်ပြီး ပုံမှန်ထွက်ရှိထားသည့် Niro Version များနှင့် ကွဲပြားသည့် ပုံစံများဖြင့် ဖန်တီးထားမည်ဖြစ်ပါသည်။ အဓိက ကွဲပြားမှုမှာ ၄င်း၏ အရှေ့ဖက်အပိုင်းဖြစ်ပြီး Headlight များအား အသွင်သစ်ဖြင့်ဖန်တီးထားမည်ဖြစ်ပြီး LED စနစ်ကို အသုံးပြုထားပါမည်။ ကားအနောက်ဖက်ရှိ Taillight ကိုလည်း ဒီဇိုင်းအသစ်ဖြင့် တွေ့မြင်ရ မည်ဖြစ်ပြီး တြိဂံပုံစံရှိသည့် (နှင်းခွဲမီး)များအား ကားအရှေ့နှင့် အနောက်တွင် တပ်ဆင်ထားမည်ဖြစ် ပါသည်။ အရှေ့ဖက် Grille တွင် Motion Graphic နည်းပညာသုံးအလင်းရောင်အချို့ ထည့်သွင်းထားမည် ဖြစ်ပြီး ပုံမှန် Niro ကားများထက် ပိုမိုသွယ်လျပြီး ဗျက်ကျယ်သည့် ပုံစံဖြင့် ဖန်တီးထားပါမည်။

KIA Niro သည် Hyundai Ioniq အား အခြေခံကာထုတ်လုပ်ထားသည့် ကားဖြစ်ပြီး ပုံမှန် Hybrid အမျိုးအစားအပြင် Plug – in Hybrid နှင့် Full Electric အမျိုးအစားများ ထုတ်လုပ်ပါမည်။ ယခု Niro EV Concept တွင် ကြီးမားသည့် Battery Pack အားထည့်သွင်းနိုင်ရန် Multi – Link Suspension များ တပ်ဆင်ထားမည်ဖြစ်ပါသည်။ KIA Niro EV Concept နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက် များအား မကြာမီကျင်းပမည့် Consumer Electronics Show တွင် ထုတ်ပြန်ကြေညာမည်ဖြစ်ပါသည်။

Zawgyi vesion…

KIA သည္ ၄င္း၏ Electric Concept Car အသစ္တစ္မ်ိဳးအား ယခုႏွစ္အတြင္း က်င္းပမည့္ Consumer Electronics Show တြင္ မိတ္ဆက္ျပသမည္ဟု ေၾကညာလိုက္ပါသည္။ ၄င္းႏွင့္ ပတ္သက္သည့္အေသးစိတ္အခ်က္မ်ားကို မသိရေသာ္လည္းနမူနာ ဓါတ္ပံုမ်ားစြာထြက္႐ွိထားၿပီး လူအမ်ား ၏စိတ္၀င္စားမႈလည္း ရ႐ွိထားသည့္ အဆိုပါကားသည္ KIA Niro EV ပင္ျဖစ္ပါသည္။ ၄င္းသည္ KIA Niro ၏ အမ်ိဳးတူစု၀င္ကားျဖစ္ၿပီး Hybrid ႏွင့္ Plug – in Hybrid အေနျဖင့္ ထုတ္လုပ္မည္ျဖစ္ၿပီး ပံုမွန္ထြက္႐ွိထားသည့္ Niro Version မ်ားႏွင့္ ကြဲျပားသည့္ ပံုစံမ်ားျဖင့္ ဖန္တီးထားမည္ျဖစ္ပါသည္။ အဓိက ကြဲျပားမႈမွာ ၄င္း၏ အေ႐ွ႕ဖက္အပိုင္းျဖစ္ၿပီး Headlight မ်ားအား အသြင္သစ္ျဖင့္ဖန္တီးထားမည္ျဖစ္ၿပီး LED စနစ္ကို အသံုးျပဳထားပါမည္။ ကားအေနာက္ဖက္႐ွိ Taillight ကိုလည္း ဒီဇိုင္းအသစ္ျဖင့္ ေတြ႕ျမင္ရ မည္ျဖစ္ၿပီး ႀတိဂံပံုစံ႐ွိသည့္ (ႏွင္းခြဲမီး)မ်ားအား ကားအေ႐ွ႕ႏွင့္ အေနာက္တြင္ တပ္ဆင္ထားမည္ျဖစ္ ပါသည္။ အေ႐ွ႕ဖက္ Grille တြင္ Motion Graphic နည္းပညာသံုးအလင္းေရာင္အခ်ိဳ႕ ထည့္သြင္းထားမည္ ျဖစ္ၿပီး ပံုမွန္ Niro ကားမ်ားထက္ ပိုမိုသြယ္လ်ၿပီး ဗ်က္က်ယ္သည့္ ပံုစံျဖင့္ ဖန္တီးထားပါမည္။

KIA Niro သည္ Hyundai Ioniq အား အေျခခံကာထုတ္လုပ္ထားသည့္ ကားျဖစ္ၿပီး ပံုမွန္ Hybrid အမ်ိဳးအစားအျပင္ Plug – in Hybrid ႏွင့္ Full Electric အမ်ိဳးအစားမ်ား ထုတ္လုပ္ပါမည္။ ယခု Niro EV Concept တြင္ ႀကီးမားသည့္ Battery Pack အားထည့္သြင္းႏိုင္ရန္ Multi – Link Suspension မ်ား တပ္ဆင္ထားမည္ျဖစ္ပါသည္။ KIA Niro EV Concept ႏွင့္ ပတ္သက္သည့္ အေသးစိတ္အခ်က္အလက္ မ်ားအား မၾကာမီက်င္းပမည့္ Consumer Electronics Show တြင္ ထုတ္ျပန္ေၾကညာမည္ျဖစ္ပါသည္။