Unicode version…
ဒီတစ်ခေါက် Drive ရဲ့Cover Model အဖြစ်ရွေးချယ်လိုက်တာကတော့ နို်င်ငံတကာစျေးကွက်မှာပါနေရာရလာပြီဖြစ်တဲ့ KIA ရဲ့Compact SUV KIA Sportage ပဲဖြစ်ပါတယ်။ရန်ကုန်ရဲ့လှပတဲ့နံနက်ခင်းနဲ့အတူ ပန်းလှိုင်အိမ်ရာရဲ့လမ်းမတွေ ထက်မှာ Drive ရဲ့Cover shotting အတွက်ရောက်ရှိလာတဲ့ Sportage က အားလုံးကငေးကြည့်ရလောက်အောင်အမြင် တင့်တယ်နေပါတယ်။ မိုးအကုန် ဆောင်းအကူးကာလဖြစ်လို့ဘေးပတ်ဝန်းကျင်တွေကလည်း စိမ်းစိမ်းစိုစိုနဲ့ လေကောင်း လေသန့်ကိုရှူရှိုက်မိပါတယ်။ ရန်ကုန်မှာ ဒီလိုရှင်းရှင်းလင်းလင်းနဲ့အသက်ရှူဝတဲ့နေရာက အတော်ရှားသွားပါပြီ။ ဒီလိုနေရာနဲ့ Sportage ရဲ့အလှကလိုက်ဖက်လှပေစွလို့ထင်မိပါတယ်။ Sportage ကို ၁၉၉၃ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး အခုဆိုရင်မျိုးဆက်က ၄ ဆက်တိုင်ခဲ့ပါပြီ။ တတိယမျိုးဆက်ကစပြီး ကွဲထွက်လာစေမယ့် ကားဒီဇိုင်းကို တီထွင်ခဲ့ပြီး ၂၀၁၅ မှာပြုလုပ်ခဲ့တဲ့ Frankfurt Auto Show မှာဒီဇိုင်းသစ်ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ ကဲ Sportage ရဲ့အကြောင်းလေးဆက်သွား လိုက်ကြရအောင်ခင်ဗျ။
အပြင်ဘက်ပိုင်း
KIA လို့ပြောလိုက်ရင် ပထမဆုံးပြေးမြင်မိတာကတော့ Design ပိုင်းလှပမှုဆုတွေကို ရရှိပိုင်ဆိုင်ထားတဲ့ တောင်ကိုရီးယား အခြေစိုက်ကားကုမ္ပဏီပါပဲ။ အခုမိတ်ဆက်မယ့် Sportage ကလည်း ၂၀၁၆ ခုနှစ်တုန်းက Red Dot Award ဒီဇိုင်းဆုကို ရရှိထားတဲ့အပြင် KIA Motors ရဲ့ရောင်းအားအကောင်းဆုံးသော Compact SUV အမျိုးအစား ဖြစ်ပါတယ်။ဒါ့အပြင် IAA Frankfurt ပြပွဲတွင် အကောင်းဆုံးကား အစီး 20 စာရင်းတွင် Top 4 အထိ ချိတ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ပုံစံက Sport ဆန်ပြီး Luxury ပုံစံမျိုးပေါက်နေပါတယ်။ ပြန်လည်ဆန်းသစ်ထားတဲ့ ၂၀၁၇ ခုနှစ်ထုတ်မော်ဒယ်မှာ ရှေ့ရှဲတွေက ဝင့်ဝင့်ထယ်ထယ်နဲ့လှပမှုကိုပြသနေသလို တင့်တယ်ပြေပြစ်တဲ့ အနားရေးကြောင်း(ဖောင်းလိုင်း)တွေနဲ့တန်ဆာဆင်ထား ပါတယ်။ Sport ဆန်ဆန်ဒီဇိုင်းရှိတဲ့ Wheel တွေ၊ coupe ကားတွေနဲ့တူတဲ့ အမိုးခုံး၊ တံခါးဘောင်ပတ်ပတ်လည်ကို chrome အပြည့်နဲ့ပြုလုပ်ထားတာက Sport ဆန်တဲ့ရုပ်သွင်ကို Luxury ပုံစံနဲ့ထပ်လောင်းပုံဖော်ထားသလို ခံစားမိခဲ့ရ ပါတယ်။ရှည်လျားတဲ့ Headlights တွေက ဘေးဘက်ထိရောက်အောင်လှပစွာချိုးဆစ်ပုံဖော်ထားသလို အောက် ဘက်မှာ ပါတဲ့ LED Fog light တွေကလည်း လေးထောင့်ပုံစံမျိုးဖြစ်ပြီး Day light စနစ်လည်းပါဝင်ပါတယ်။ နောက်ပြီး Dynamic Bending Lights (DBL) စနစ်က ကားစတီယာရင်ချိုးကွေ့တဲ့အတိုင်း ရှေ့မီးကြီးကို လိုက်ပါကွေ့စေပြီးDriver ရဲ့ မြင် ကွင်းကို ပိုမိုရှင်းလင်းအောင်ပြုလုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် သဘာဝအလင်းရောင်အလိုက် မီးအဖွင့်အပိတ်ပြုလုပ်ပေး နိုင်ပြီး High Beam Assist (HBA) လို ကိုယ့်ကားမီးရောင်ကြောင့် ရှေ့တူရူမှလာတဲ့ ကား Driver အနှောင့်အယှက် မဖြစ် အောင် အလိုအလျောက်အလင်းရောင်လျှော့ချပေးတဲ့စနစ်လည်းပါဝင်ပါတယ်။နောက်ဘက်ကိုကြည့်ရင်လည်း Sport ဆန်ပြီး တစ်ဟုန်ထိုး ပြေးလွှားတော့မယ့်ပုံစံ horizontal နောက်မီးတွေနဲ့က ဘော်ဒီဘေးဘက်နဲ့ပါပေါင်းစပ်ပေးထားပါ တယ်။
အတွင်းပိုင်း
KIA က New Sportage ကသင့်ကိုမတူညီတဲ့ကားမောင်းနှင်မှုပတ်ဝန်းကျင်ကို ရောက်အောင်ခေါ်ဆောင်သွားပါ လိမ့်မယ် လို့ဆိုထားပါတယ်။ အတွင်းခန်းကို စဝင်ဝင်ခြင်းထိတွေ့သိရှိလိုက်ရတာက Sportage ရဲ့ သက်တောင့် သက်သာရှိလှ တဲ့ထိုင်ခုံတွေပါ။ အကောင်းစားလည်သာတွေကို သုံးထားပြီးတော့ ထိုင်ရတာ အတော်ကိုဇိမ်ရှိလှပါတယ်။ ပြီးတော့ Driver seat က Motor seat ဖြစ်ပါတယ်။ အတွင်းမှာပါတဲ့ Button တွေကလည်း Premium quality ပစ္စည်း တွေကိုသုံးစွဲထားလို့နူးညံ့မှုရှိပြီး အဆင့်အတန်းမြင့် ကားတစ်စီးဆိုတာ ဖော်ပြနေသယောင်ဖြစ်နေပါတယ်။ Streeing ပုံစံကလည်း ကိုင်တွယ်ရကောင်းမွန်အောင် ပြုလုပ်ပေးထားပြီး Audio၊ ဖုန်း၊ Bluetooth ၊ အခြား Mode တွေကိုပြောင်းလဲ နိုင်တဲ့ ခလုတ်တွေကိုလည်း တပ်ဆင်ထားပါတယ်။ ဒါ့အပြင် Motor Driven Power Steering (MDPS) စနစ်သုံး စတီယာရင်ကို အပူ/အအေး ပေးတဲ့စနစ်ပါသုံး စွဲထားတာက တော့ KIA ရဲ့နည်းပညာနဲ့Customer တွေအပေါ်ထားရှိတဲ့ လေးစားမှုပြယုဂ်ပါပဲ။ ရှေ့ Driver ခုံနဲ့ Passanger ထိုင်ခုံကို အပးအအေးပေးလို့ လည်းရနိုင်ပါသေးတယ်။ ဒါကခရီးဝေး သွားလာမှုတွေအတွက် သက်တောင့်သက်သာဖြစ်စေမယ့် နည်းပညာဖြစ်ပါတယ်။ အတွင်းခန်းမှာသုံးထားတဲ့နောက်ထပ် ထူးခြားမှုတစ်ခုက Dual Air Con System ပဲဖြစ်ပြီး ဒီစနစ်က တစ်ပြိုင်နက် အပူရော အအေးပါ ထုတ်ပေးနိုင်စွမ်းရှိပါတယ်။ Driver assist အနေနဲ့က 5-inch color touchscreen ပါဝင်ပြီး KIA ရဲ့ UVO ပါဝင်ပါတယ်။ဒီစနစ်က hands-free calling ၊ music-playing ၊ roadside assistance စတာတွေကို အလွယ်တကူထိန်းချူပ်နိုင်ပါတယ်။ Special Features အနေနဲ့ကတော့ Wireless Charger Functionပါဝင်ပြီး USB charger port ကိုလည်းထည့်သွင်းထား ပါတယ်။ ပြီးတော့ Power Sunshade ပါတဲ့ Panoramic Sunroof ၊ Powerနဲ့ချိန်ညှိနိုင်တဲ့ Outside Mirrors ၊ နေရောင်ခြည်ဒဏ်ကို ကာကွယ်နိုင်တဲ့ မှန်တွေ ပါဝင်ပါသေးတယ်။ Entertainment အတွက်လည်း (JBL) တံဆိပ် External Amplifier & Subwoofer ပတ်လည်အသံစနစ်နဲ့ အတူSpeaker 6 လုံးပါလို့ ငြိမ့်ညောင်းတဲ့ အသံစနစ်ကို ခံစားနိုင်မှာပါ။ ပြင်ပအသံ တွေကိုလျှော့ချပေးနိုင်တဲ့ နည်းပ ညာကြောင့်လည်း Driver ကိုစိတ်အနှောင့်အယှက်ကင်းစေဦးမှာပါ။ Remote Keyless Entry ပါဝင်ပြီး Engine Start/stop system နဲ့ စက်နှိုးစက် သတ်နိုင်ပါတယ်။ Auto-Dimming Mirror ကြောင့်လည်း အလိုအလျောက်နောက်က အလင်းရောင်ကို လျှော့ချပေးနိုင်ပြီး မြင်ကွင်းကိုရှင်းလင်းစေနိုင်ပါတယ်။ KIA ကသူ့ရဲ့ထုတ်ကုန် Sportage ကိုဒီ လောက်နဲ့မကျေနပ်နိုင်သေးပါဘူး။နောက် ထပ်နည်းပညာတစ်ခု ထညိ့သွင်းထားပါသေးတယ်။ အဲဒါကတော့ Smart Power (Tailgate) system ဖြစ်ပြီး အဲဒါက Cargo တင်တဲ့နောက်ဖုံးတံခါးကို ဖွင့်စရာမလိုဘဲ သော့ကိုမိမိရဲ့ အိတ်အတွင်း (သို့) ကိုင်ထားရုံနဲ့ဆင်ဆာတွေက အလိုအ လျောက်အာရုံခံပြီး တံခါးဖွင့်ပေးတာပဲဖြစ်ပါတယ်။ ဒီကားမှာသုံးထားတဲ့ ဘက်ကြည့် မှန်ကလည်း နောက်မြင်ကွင်းကို ရှင်းလင်းပြတ်သားစွာမြင်နိုင်စွမ်းရှိပြီး တိကျတဲ့ Guide line ညွှန်ပြမှုတွေလည်းပါဝင်ပါတယ်။ နောက်ပြီး နောက်ဘက် ဝန်တင်ခန်းကလည်း လုံလောက်တဲ့ Space ကိုရရှိနိုင်မှာဖြစ်ပြီး ဒုတိယခုံတန်းက လိုသလိုခေါကိသိမ်းနိုင်စွမ်းရှိပါတယ်။
အင်ဂျင်နဲ့စွမ်းဆောင်ရည်
KIA Motors ရဲ့ နာမည်ကျော် CRDi အမျိုးအစား Engine ကိုသုံးထားပြီး Diesel Capacity 2000 cc ရှိပါပြီး မြင်း ကောင်ရေ 240 HP ထွက်ရှိပါတယ်။ ပြီးတော့ ပေါ့ပါးဖျတ်လတ်တဲ့ Handling နဲ့ဆီစားနှုန်းသက်သာစေမယ့် စနစ်လည်း ပါဝင်ပါသေးတယ်။ SUV အမျိုးအစားဖြစ်ပင်သော်ငြားလည်း 5.3 meter အတွင်း ကားအား U Turn(ဂ ငယ်ကွေ့) ကွေ့လို့ ရအောင် ပြုလုပ်ပေးထားလို့မောင်းနှင်ရအဆင်ပြေလှပါတယ်။ Normal, Eco or Sport မိမိနှစ်သက်ရာ Driving mode တွေကိုပြောင်းလဲမောင်းနှင်နိုင်ပြီး စာရေးသူနှစ်သက်မိတဲ့Sport Mode ကတော့လူငယ်အကြိုက် ပေါ့ပါး သွက်လက်တဲ့ ပုံစံမျိုးကို ပေးစွမ်းနိုင်ပါတယ်။ four-cylinder engines ကိုသုံးထားပြီး စွမ်းအားမြင့် turbocharged စနစ်သုံးထားသလို 6-speed automatic transmission ဖြစ်ပါတယ်။ Torque က 260 lb.-ft. @ 1,450 ~ 3,500 rpm ထွက်ရှိပြီး 2017 Sportage ရဲ့ Trim အားလုံးမှာ Dynamax all-wheel drive system ကိုသုံးထားပြီး ဒီစနစ်က လမ်းအခြေအနေနဲ့ ရာသီဥတုအပေါ်မူတည်ပြီး အောက်ပိုင်းဆိုင်း ထိန်းစနစ်ကို အလိုအလျောက် ချိန်ညှိပေးနိုင် စွမ်းလည်းရှိပါတယ်။ Front Suspension က Stabilizer Bar ပါတဲ့ MacPherson Struts ကိုသုံးထားပြီး နောက် Suspension ကတော့ Independent, Multi-link, High Performance Dampers ကိုသုံးထားပါတယ်။
လုံခြုံရေး
The all-new Sportage ကို လုံခြံုစိတ်ချမှုအပြည့်အဝရရှိစေဖို့အတွက် High-Strength Steel တွေနဲ့တည်ဆောက် ထားတဲ့အပြင် Spotage မှာ AHSS(Advance High Strength Steel)၊ ABS(Anti Braking System)၊ ESC(Electronics Stability Control)၊ Hill Start Assist Control (HAC), Downhill Brake Control (DBC) ၊ Rear Cross Traffic Alert (RCTA) ၊ Auto Cruise Control (ACC) ၊ Electronic Parking Brake (EPB)တို့အပါအဝင် မမြင်ကွယ်ရာမှ ထွက်ပေါ်လာမယ့်အရာတွေကို အာရုံခံပေးနိုင်တဲ့ Blind-Spot Detection (BSD) စနစ်၊ Parking ထိုးရာမှာလည်း ရှေ့၊နောက်၊ ဘေးဘက်တွေမထိခိုက်စေဖို့အတွက် Front- and Rear-Parking Assist စနစ်တွေပါဝင်ပါတယ်။ Airbags အနေနဲ့ ရှေ့ခုံတန်းအတွက် ၄ လုံးနဲ့နောက်ခုံတန်းအတွက် ဘေးတံခါးဘောင်တစ်လျှောက်ကာကွယ်ပေးနိုင်တဲ့ လေအိတ်အရှည် တွေပါဝင်ပါတယ်။ Front Seat-Belt Pretensioners စနစ်ကလည်း ယာဉ်တိုက်မှုဖြစ်ရင် ဒဏ်ရာရရှိလျော့နည်းအောင် ကူညီပေးနိုင်စွမ်းရှိပါတယ်။ဒီလို အဆင့်မြင့်Safety system တွေသုံးထားလို့လည်း The all-new Sportage ဟာ IIHS မှပေးအပ်သည့် Safety Pick Plus၊ NHTSA မှလည်း 5 star Safety Ratings ဆုများကိုလည်းရရှိထားပါသေးတယ်။
စျေးနှုန်းနဲ့သုံးသပ်ချက်
KBB.com Consumer Ratings အရ 2017 ခုနှစ်ထုတ် KIA Sportage ဟာ စွမ်းဆောင်ရည်မှာ 9.6 ၊ သက်တောင့် သက်သာရှိမှုမှာ 9.6 ၊ စတိုင်ကျမှုမှာ 9.7 ၊ တန်ဖိုးမှာ 9.8 ၊ အရည်အသွေးပိုင်းမှာတော့ 10 ၊ ယုံကြည်စိတ်ချရမှုမှာ 9.9 မှတ်တွေကိုရရှိထားပြီး OVERALL ရမှတ်အနေနဲ့10 မှတ်မှာ 9.7 မှတ်အထိရရှိထားတယ်လို့သိရပါတယ်။ ပြီးတော့ ၂၀၁၆ တုန်းကလည်း KIA ရဲ့ရောင်းအားအကောင်းဆုံး Model ဖြစ်ခဲ့ပြီး စျေးနှုန်းက USD 53,500 ရှိပါတယ်။ လက်ရှိမှာ SUV ကားကောင်းတစ်စီးရဖို့အတွက် အနည်းဆုံး USD 50,000 လောက်သုံးရပါလိမ့်မယ်။ဒီလိုအခြေအနေမှာ Sportage က ပြီးပြည့်စုံတဲ့စွမ်းဆောင်ရည်၊သွက်လက်မှု ၊အမြင့်ဆုံးသော Safety စနစ်တွေပါဝင်နေတဲ့အပြင် Sport ဆန်ပြီး Luxury ပုံစံမျိုးကိုရရှိနိုင်မှာ ဖြစ်ပါတယ်။ရန်ကုန်လိုင်စင်၊အမည်ပေါက်နဲ့ဝင်ငွေခွန်ပါပြီးလည်းရရှိမှာဖြစ်လို့ ပိုပြီးပြီးပြည့်စုံတဲ့ Compact SUV ကားကောင်းတစ်စီး လို့ဆိုပါရစေနော်။
တေဇရေးသားသည်
Specifications
Engine – 2.0 liter (CRDi), Turbocharged Diesel
Power – 240 hp @ 6,000 rpm
Torque – 260 lb.-ft. @ 1,450 ~ 3,500 rpm
Body Type- Steel Unibody
Transmission – 6-Speed Auto
Fuel Tank Capacity (Gal)- 16.4
Brake Type- 4-Wheel Disc w/ Antilock Braking System (ABS)
Infotainment – AM/FM/MP3/SiriusXM® 6-Speaker Audio System
Zawgyi version…
ဒီတစ္ေခါက္ Drive ရဲ႕Cover Model အျဖစ္ေရြးခ်ယ္လုိက္တာကေတာ့ ႏုိ္င္ငံတကာေစ်းကြက္မွာပါေနရာရလာျပီျဖစ္တဲ့ KIA ရဲ႕Compact SUV KIA Sportage ပဲျဖစ္ပါတယ္။ရန္ကုန္ရဲ႕လွပတဲ့နံနက္ခင္းနဲ႕အတူ ပန္းလွိဳင္အိမ္ရာရဲ႕လမ္းမေတြ ထက္မွာ Drive ရဲ႕Cover shotting အတြက္ေရာက္ရွိလာတဲ့ Sportage က အားလုံးကေငးၾကည့္ရေလာက္ေအာင္အျမင္ တင့္တယ္ေနပါတယ္။ မုိးအကုန္ ေဆာင္းအကူးကာလျဖစ္လုိ႕ေဘးပတ္ဝန္းက်င္ေတြကလည္း စိမ္းစိမ္းစုိစုိနဲ႕ ေလေကာင္း ေလသန္႕ကုိရွဴရွဳိက္မိပါတယ္။ ရန္ကုန္မွာ ဒီလုိရွင္းရွင္းလင္းလင္းနဲ႕အသက္ရွဴဝတဲ့ေနရာက အေတာ္ရွားသြားပါျပီ။ ဒီလုိေနရာနဲ႕ Sportage ရဲ႕အလွကလုိက္ဖက္လွေပစြလုိ႕ထင္မိပါတယ္။ Sportage ကုိ ၁၉၉၃ ခုႏွစ္ကတည္းက စတင္ထုတ္လုပ္ခဲ့တာျဖစ္ျပီး အခုဆုိရင္မ်ိဳးဆက္က ၄ ဆက္တုိင္ခဲ့ပါျပီ။ တတိယမ်ိဳးဆက္ကစျပီး ကြဲထြက္လာေစမယ့္ ကားဒီဇုိင္းကုိ တီထြင္ခဲ့ျပီး ၂၀၁၅ မွာျပဳလုပ္ခဲ့တဲ့ Frankfurt Auto Show မွာဒီဇုိင္းသစ္ကုိ စတင္မိတ္ဆက္ခဲ့ပါတယ္။ ကဲ Sportage ရဲ႕အေၾကာင္းေလးဆက္သြား လုိက္ၾကရေအာင္ခင္ဗ်။
အျပင္ဘက္ပုိင္း
KIA လုိ႕ေျပာလုိက္ရင္ ပထမဆုံးေျပးျမင္မိတာကေတာ့ Design ပုိင္းလွပမွဳဆုေတြကုိ ရရွိပုိင္ဆုိင္ထားတဲ့ ေတာင္ကုိရီးယား အေျခစုိက္ကားကုမၸဏီပါပဲ။ အခုမိတ္ဆက္မယ့္ Sportage ကလည္း ၂၀၁၆ ခုႏွစ္တုန္းက Red Dot Award ဒီဇုိင္းဆုကုိ ရရွိထားတဲ့အျပင္ KIA Motors ရဲ႕ေရာင္းအားအေကာင္းဆံုးေသာ Compact SUV အမ်ိဳးအစား ျဖစ္ပါတယ္။ဒါ့အျပင္ IAA Frankfurt ျပပြဲတြင္ အေကာင္းဆံုးကား အစီး 20 စာရင္းတြင္ Top 4 အထိ ခ်ိတ္နိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ သူ႕ရဲ႕ပုံစံက Sport ဆန္ျပီး Luxury ပုံစံမ်ိဳးေပါက္ေနပါတယ္။ ျပန္လည္ဆန္းသစ္ထားတဲ့ ၂၀၁၇ ခုႏွစ္ထုတ္ေမာ္ဒယ္မွာ ေရွ႔ရွဲေတြက ဝင့္ဝင့္ထယ္ထယ္နဲ႕လွပမွဳကုိျပသေနသလုိ တင့္တယ္ေျပျပစ္တဲ့ အနားေရးေၾကာင္း(ေဖာင္းလုိင္း)ေတြနဲ႕တန္ဆာဆင္ထား ပါတယ္။ Sport ဆန္ဆန္ဒီဇုိင္းရွိတဲ့ Wheel ေတြ၊ coupe ကားေတြနဲ႕တူတဲ့ အမုိးခုံး၊ တံခါးေဘာင္ပတ္ပတ္လည္ကုိ chrome အျပည့္နဲ႕ျပဳလုပ္ထားတာက Sport ဆန္တဲ့ရုပ္သြင္ကုိ Luxury ပုံစံနဲ႕ထပ္ေလာင္းပုံေဖာ္ထားသလုိ ခံစားမိခဲ့ရ ပါတယ္။ရွည္လ်ားတဲ့ Headlights ေတြက ေဘးဘက္ထိေရာက္ေအာင္လွပစြာခ်ိဳးဆစ္ပုံေဖာ္ထားသလုိ ေအာက္ ဘက္မွာ ပါတဲ့ LED Fog light ေတြကလည္း ေလးေထာင့္ပုံစံမ်ိဳးျဖစ္ျပီး Day light စနစ္လည္းပါဝင္ပါတယ္။ ေနာက္ျပီး Dynamic Bending Lights (DBL) စနစ္က ကားစတီယာရင္ခ်ိဳးေကြ႕တဲ႕အတုိင္း ေရွ႕မီးၾကီးကုိ လိုက္ပါေကြ႕ေစျပီးDriver ရဲ႕ ျမင္ ကြင္းကုိ ပုိမုိရွင္းလင္းေအာင္ျပဳလုပ္ေပးႏုိင္ပါတယ္။ ဒါ့အျပင္ သဘာဝအလင္းေရာင္အလုိက္ မီးအဖြင့္အပိတ္ျပဳလုပ္ေပး ႏုိင္ျပီး High Beam Assist (HBA) လုိ ကုိယ့္ကားမီးေရာင္ေၾကာင့္ ေရွ႕တူရူမွလာတဲ့ ကား Driver အေႏွာင့္အယွက္ မျဖစ္ ေအာင္ အလုိအေလ်ာက္အလင္းေရာင္ေလွ်ာ့ခ်ေပးတဲ့စနစ္လည္းပါဝင္ပါတယ္။ေနာက္ဘက္ကုိၾကည္႔ရင္လည္း Sport ဆန္ျပီး တစ္ဟုန္ထုိး ေျပးလႊားေတာ့မယ့္ပုံစံ horizontal ေနာက္မီးေတြနဲ႕က ေဘာ္ဒီေဘးဘက္နဲ႕ပါေပါင္းစပ္ေပးထားပါ တယ္။
အတြင္းပုိင္း
KIA က New Sportage ကသင့္ကုိမတူညီတဲ့ကားေမာင္းႏွင္မွဳပတ္ဝန္းက်င္ကုိ ေရာက္ေအာင္ေခၚေဆာင္သြားပါ လိမ့္မယ္ လုိ႔ဆုိထားပါတယ္။ အတြင္းခန္းကုိ စဝင္ဝင္ျခင္းထိေတြ႕သိရွိလုိက္ရတာက Sportage ရဲ႕ သက္ေတာင့္ သက္သာရွိလွ တဲ့ထုိင္ခုံေတြပါ။ အေကာင္းစားလည္သာေတြကုိ သုံးထားျပီးေတာ့ ထုိင္ရတာ အေတာ္ကုိဇိမ္ရွိလွပါတယ္။ ျပီးေတာ့ Driver seat က Motor seat ျဖစ္ပါတယ္။ အတြင္းမွာပါတဲ့ Button ေတြကလည္း Premium quality ပစၥည္း ေတြကုိသုံးစြဲထားလုိ႕ႏူးညံ့မွဳရွိျပီး အဆင့္အတန္းျမင့္ ကားတစ္စီးဆုိတာ ေဖာ္ျပေနသေယာင္ျဖစ္ေနပါတယ္။ Streeing ပုံစံကလည္း ကုိင္တြယ္ရေကာင္းမြန္ေအာင္ ျပဳလုပ္ေပးထားျပီး Audio၊ ဖုန္း၊ Bluetooth ၊ အျခား Mode ေတြကုိေျပာင္းလဲ ႏုိင္တဲ႔ ခလုတ္ေတြကုိလည္း တပ္ဆင္ထားပါတယ္။ ဒါ့အျပင္ Motor Driven Power Steering (MDPS) စနစ္သုံး စတီယာရင္ကုိ အပူ/အေအး ေပးတဲ့စနစ္ပါသုံး စြဲထားတာက ေတာ့ KIA ရဲ႕နည္းပညာနဲ႕Customer ေတြအေပၚထားရွိတဲ့ ေလးစားမွဳျပယုဂ္ပါပဲ။ ေရွ႕ Driver ခုံနဲ႕ Passanger ထုိင္ခုံကုိ အပးအေအးေပးလုိ႕ လည္းရႏုိင္ပါေသးတယ္။ ဒါကခရီးေဝး သြားလာမွဳေတြအတြက္ သက္ေတာင့္သက္သာျဖစ္ေစမယ့္ နည္းပညာျဖစ္ပါတယ္။ အတြင္းခန္းမွာသုံးထားတဲ့ေနာက္ထပ္ ထူးျခားမွဳတစ္ခုက Dual Air Con System ပဲျဖစ္ျပီး ဒီစနစ္က တစ္ျပိဳင္နက္ အပူေရာ အေအးပါ ထုတ္ေပးႏုိင္စြမ္းရွိပါတယ္။ Driver assist အေနနဲ႕က 5-inch color touchscreen ပါဝင္ျပီး KIA ရဲ႕ UVO ပါဝင္ပါတယ္။ဒီစနစ္က hands-free calling ၊ music-playing ၊ roadside assistance စတာေတြကုိ အလြယ္တကူထိန္းခ်ဴပ္ႏုိင္ပါတယ္။ Special Features အေနနဲ႔ကေတာ့ Wireless Charger Functionပါဝင္ျပီး USB charger port ကုိလည္းထည့္သြင္းထား ပါတယ္။ ျပီးေတာ့ Power Sunshade ပါတဲ့ Panoramic Sunroof ၊ Powerနဲ႕ခ်ိန္ညွိႏုိင္တဲ့ Outside Mirrors ၊ ေနေရာင္ျခည္ဒဏ္ကုိ ကာကြယ္ႏုိင္တဲ့ မွန္ေတြ ပါဝင္ပါေသးတယ္။ Entertainment အတြက္လည္း (JBL) တံဆိပ္ External Amplifier & Subwoofer ပတ္လည္အသံစနစ္နဲ႕ အတူSpeaker 6 လုံးပါလုိ႕ ျငိမ့္ေညာင္းတဲ့ အသံစနစ္ကုိ ခံစားႏုိင္မွာပါ။ ျပင္ပအသံ ေတြကုိေလွ်ာ့ခ်ေပးႏုိင္တဲ့ နည္းပ ညာေၾကာင့္လည္း Driver ကုိစိတ္အေႏွာင့္အယွက္ကင္းေစဦးမွာပါ။ Remote Keyless Entry ပါဝင္ျပီး Engine Start/stop system နဲ႕ စက္ႏိွဳးစက္ သတ္ႏုိင္ပါတယ္။ Auto-Dimming Mirror ေၾကာင့္လည္း အလုိအေလ်ာက္ေနာက္က အလင္းေရာင္ကုိ ေလွ်ာ့ခ်ေပးႏုိင္ျပီး ျမင္ကြင္းကုိရွင္းလင္းေစႏုိင္ပါတယ္။ KIA ကသူ႔ရဲ႕ထုတ္ကုန္ Sportage ကုိဒီ ေလာက္နဲ႕မေက်နပ္ႏုိင္ေသးပါဘူး။ေနာက္ ထပ္နည္းပညာတစ္ခု ထညိ့သြင္းထားပါေသးတယ္။ အဲဒါကေတာ့ Smart Power (Tailgate) system ျဖစ္ျပီး အဲဒါက Cargo တင္တဲ့ေနာက္ဖုံးတံခါးကုိ ဖြင့္စရာမလုိဘဲ ေသာ့ကုိမိမိရဲ႕ အိတ္အတြင္း (သုိ႕) ကုိင္ထားရုံနဲ႕ဆင္ဆာေတြက အလုိအ ေလ်ာက္အာရုံခံျပီး တံခါးဖြင့္ေပးတာပဲျဖစ္ပါတယ္။ ဒီကားမွာသုံးထားတဲ့ ဘက္ၾကည့္ မွန္ကလည္း ေနာက္ျမင္ကြင္းကုိ ရွင္းလင္းျပတ္သားစြာျမင္ႏုိင္စြမ္းရွိျပီး တိက်တဲ့ Guide line ညႊန္ျပမွဳေတြလည္းပါဝင္ပါတယ္။ ေနာက္ျပီး ေနာက္ဘက္ ဝန္တင္ခန္းကလည္း လုံေလာက္တဲ့ Space ကုိရရွိႏုိင္မွာျဖစ္ျပီး ဒုတိယခုံတန္းက လုိသလုိေခါကိသိမ္းႏုိင္စြမ္းရွိပါတယ္။
အင္ဂ်င္နဲ႕စြမ္းေဆာင္ရည္
KIA Motors ရဲ႕ နာမည္ေက်ာ္ CRDi အမ်ိဳးအစား Engine ကိုသံုးထားျပီး Diesel Capacity 2000 cc ရွိပါျပီး ျမင္း ေကာင္ေရ 240 HP ထြက္ရွိပါတယ္။ ျပီးေတာ့ ေပါ့ပါးဖ်တ္လတ္တဲ့ Handling နဲ႕ဆီစားႏွဳန္းသက္သာေစမယ့္ စနစ္လည္း ပါဝင္ပါေသးတယ္။ SUV အမ်ိဳးအစားျဖစ္ပင္ေသာ္ျငားလည္း 5.3 meter အတြင္း ကားအား U Turn(ဂ ငယ္ေကြ႔) ေကြ႔လို႔ ရေအာင္ ျပဳလုပ္ေပးထားလုိ႕ေမာင္းႏွင္ရအဆင္ေျပလွပါတယ္။ Normal, Eco or Sport မိမိႏွစ္သက္ရာ Driving mode ေတြကုိေျပာင္းလဲေမာင္းႏွင္ႏုိင္ျပီး စာေရးသူႏွစ္သက္မိတဲ့Sport Mode ကေတာ့လူငယ္အၾကိဳက္ ေပါ့ပါး သြက္လက္တဲ့ ပုံစံမ်ိဳးကုိ ေပးစြမ္းႏုိင္ပါတယ္။ four-cylinder engines ကုိသုံးထားျပီး စြမ္းအားျမင့္ turbocharged စနစ္သုံးထားသလုိ 6-speed automatic transmission ျဖစ္ပါတယ္။ Torque က 260 lb.-ft. @ 1,450 ~ 3,500 rpm ထြက္ရွိျပီး 2017 Sportage ရဲ႕ Trim အားလုံးမွာ Dynamax all-wheel drive system ကုိသုံးထားျပီး ဒီစနစ္က လမ္းအေျခအေနနဲ႕ ရာသီဥတုအေပၚမူတည္ျပီး ေအာက္ပုိင္းဆုိင္း ထိန္းစနစ္ကုိ အလုိအေလ်ာက္ ခ်ိန္ညွိေပးႏုိင္ စြမ္းလည္းရွိပါတယ္။ Front Suspension က Stabilizer Bar ပါတဲ့ MacPherson Struts ကုိသုံးထားျပီး ေနာက္ Suspension ကေတာ့ Independent, Multi-link, High Performance Dampers ကုိသုံးထားပါတယ္။
လုံျခံဳေရး
The all-new Sportage ကုိ လုံျခံဳစိတ္ခ်မွဳအျပည့္အဝရရွိေစဖုိ႕အတြက္ High-Strength Steel ေတြနဲ႕တည္ေဆာက္ ထားတဲ့အျပင္ Spotage မွာ AHSS(Advance High Strength Steel)၊ ABS(Anti Braking System)၊ ESC(Electronics Stability Control)၊ Hill Start Assist Control (HAC), Downhill Brake Control (DBC) ၊ Rear Cross Traffic Alert (RCTA) ၊ Auto Cruise Control (ACC) ၊ Electronic Parking Brake (EPB)တုိ႕အပါအဝင္ မျမင္ကြယ္ရာမွ ထြက္ေပၚလာမယ့္အရာေတြကုိ အာရုံခံေပးႏုိင္တဲ့ Blind-Spot Detection (BSD) စနစ္၊ Parking ထုိးရာမွာလည္း ေရွ႕၊ေနာက္၊ ေဘးဘက္ေတြမထိခုိက္ေစဖုိ႕အတြက္ Front- and Rear-Parking Assist စနစ္ေတြပါဝင္ပါတယ္။ Airbags အေနနဲ႕ ေရွ႕ခုံတန္းအတြက္ ၄ လုံးနဲ႕ေနာက္ခုံတန္းအတြက္ ေဘးတံခါးေဘာင္တစ္ေလွ်ာက္ကာကြယ္ေပးႏုိင္တဲ့ ေလအိတ္အရွည္ ေတြပါဝင္ပါတယ္။ Front Seat-Belt Pretensioners စနစ္ကလည္း ယာဥ္တုိက္မွဳျဖစ္ရင္ ဒဏ္ရာရရွိေလ်ာ့နည္းေအာင္ ကူညီေပးႏုိင္စြမ္းရွိပါတယ္။ဒီလုိ အဆင့္ျမင့္Safety system ေတြသုံးထားလုိ႕လည္း The all-new Sportage ဟာ IIHS မွေပးအပ္သည့္ Safety Pick Plus၊ NHTSA မွလည္း 5 star Safety Ratings ဆုမ်ားကိုလည္းရရွိထားပါေသးတယ္။
ေစ်းႏွဳန္းနဲ႕သုံးသပ္ခ်က္
KBB.com Consumer Ratings အရ 2017 ခုႏွစ္ထုတ္ KIA Sportage ဟာ စြမ္းေဆာင္ရည္မွာ 9.6 ၊ သက္ေတာင့္ သက္သာရွိမွဳမွာ 9.6 ၊ စတုိင္က်မွဳမွာ 9.7 ၊ တန္ဖုိးမွာ 9.8 ၊ အရည္အေသြးပုိင္းမွာေတာ့ 10 ၊ ယုံၾကည္စိတ္ခ်ရမွဳမွာ 9.9 မွတ္ေတြကုိရရွိထားျပီး OVERALL ရမွတ္အေနနဲ႕10 မွတ္မွာ 9.7 မွတ္အထိရရွိထားတယ္လုိ႕သိရပါတယ္။ ျပီးေတာ့ ၂၀၁၆ တုန္းကလည္း KIA ရဲ႕ေရာင္းအားအေကာင္းဆုံး Model ျဖစ္ခဲ့ျပီး ေစ်းႏွဳန္းက USD 53,500 ရွိပါတယ္။ လက္ရွိမွာ SUV ကားေကာင္းတစ္စီးရဖုိ႕အတြက္ အနည္းဆုံး USD 50,000 ေလာက္သုံးရပါလိမ့္မယ္။ဒီလုိအေျခအေနမွာ Sportage က ျပီးျပည့္စုံတဲ့စြမ္းေဆာင္ရည္၊သြက္လက္မွဳ ၊အျမင့္ဆုံးေသာ Safety စနစ္ေတြပါဝင္ေနတဲ့အျပင္ Sport ဆန္ျပီး Luxury ပုံစံမ်ိဳးကုိရရွိႏုိင္မွာ ျဖစ္ပါတယ္။ရန္ကုန္လုိင္စင္၊အမည္ေပါက္နဲ႕ဝင္ေငြခြန္ပါျပီးလည္းရရွိမွာျဖစ္လုိ႕ ပုိျပီးျပီးျပည့္စုံတဲ့ Compact SUV ကားေကာင္းတစ္စီး လုိ႕ဆုိပါရေစေနာ္။
ေတဇေရးသားသည္
Specifications
Engine – 2.0 liter (CRDi), Turbocharged Diesel
Power – 240 hp @ 6,000 rpm
Torque – 260 lb.-ft. @ 1,450 ~ 3,500 rpm
Body Type- Steel Unibody
Transmission – 6-Speed Auto
Fuel Tank Capacity (Gal)- 16.4
Brake Type- 4-Wheel Disc w/ Antilock Braking System (ABS)
Infotainment – AM/FM/MP3/SiriusXM® 6-Speaker Audio System