



Unicode Version….

KIA သည် Updated Mohave the Master ၏ ပုံအသစ်များကို ပြသ

KIA သည် ( Mohave the Master ) ဟု အမည်ပေးထားသည့် Full Size SUV ၏ ပုံအသစ် အချို့အား မိတ်ဆက်ပြသလိုက်သည်။ ၎င်းသည် Refresh Model ဖြစ်ပြီး ယခုနှစ် March တွင် ကျင်းပခဲ့သည့် Seoul Motor Show တွင် ပြသခဲ့သည့် Mohave Masterpiece Concept ကို အခြေခံ ထားသည့် Model ဖြစ်ကာ ယခုနှစ် September တွင် Korea ၌ စတင်ရောင်းချပါမည်။
Mohave Master သည် Boxy Design ကိုယ်ထည်ပုံစံဖြစ်ပြီး ကားအရှေ့ဖက်နှင့် Taillight Design တို့အား Concept အတိုင်း ရယူဖန်တီးထားပြီး အနောက်ဖုံးရှိ Mohave နံပါတ်ပြားတွင် ရောင်ဖြာအလင်းများ ပါရှိမည်။ အရှေ့ဖက်တွင် Concept ၏ LED Taillight နှင့် နှင်းခွဲမီးများပါရှိပါမည် ဖြစ်ပြီး ထူးခြားချက်မှာ ထင်ရှားစွာထည့် သွင်းလေ့ရှိသည့် KIA တံဆိပ်အား ယခု Mohave Master တွင် တပ်ဆင်ခြင်း မရှိသည်ကို တွေ့ရပါမည်။ Skid Plate များတွင် ( 4WD Logo ) ပါရှိပါမည်။
KIA သည် Borrego အနေဖြင့် U.S သို့ 2008 မှ စတင်ရောင်းချခဲ့သည့် Model အစားထိုးအနေဖြင့် Mohave Master ကို ရောင်းချရန် လျာထားပါသည်။ ( New Mohave သည် Borrego ထက်ပို၍ လှပ ဆန်းသစ်သည့် အသွင်အပြင်နှင့် စိတ်ဝင်စားဖွယ်ရာများ ပို၍ပါရှိမည်မှာ အသေအချာဖြစ်သည် ) ဟု KIA မှ ပြောကြားထားပါသည်။ အထူးသဖြင့် မိတ်ဆက်ထားသည်မှာ မကြာသေးသည့် Telluride SUV ကဲ့သို့ အသွင်အပြင်နှင့် နောက်ဆုံးပေါ် Features များကိုလည်း Mohave Master သည် ( KIA ) မှ Customer များအတွက် ( Future Update Model ) အနေဖြင့် ထုတ်လုပ်ထားသည့် ကားဟု ဆိုရပါမည်။

LEAVE A REPLY

Please enter your comment!
Please enter your name here