(ဥရောပဒေသဈေးကွက်)နှင့် (မြောက်အမေရိကဈေးကွက်)ရှိ (Audi Model Lineup)များတွင် Audi Q3 Crossover ထက် အရွယ်သေးငယ်သည့် (Audi Q2 Crossover)အား (Audi)မှ တင်ပို့ရောင်းချ ခဲ့ပါသည်။ ၎င်းသည် (Audi)၏ အသေးငယ်ဆုံးသော (Compact Crossover)ကားဖြစ်ပြီးလူငယ်လေးများ/ မိန်းမပျိုလေးများအတွက် အဓိကဖန်တီးသည့် ကားလည်းဖြစ်ပါသည်။
(Audi Q2)၏ အလျားသည် (165.0 inch)ဖြစ်၍ (Audi Q3)၏ အလျား (172.8 inch)ထက် သေးငယ်မည် ဖြစ်ပါသည်။ (Q2)၏ အကျယ်သည် (70.6 inch)ဖြစ်ပါသည်။ ၎င်းသည် ယာဉ်ကျောရှုပ်ထွေးမှုများစွာရှိသည့် မြို့ကြီးများတွင် ကောင်းမွန်သွက်လက်စွာအသုံးပြုနိုင်သည့်အပြင် (Audi)၏ နာမည်ကျော် အောက်ပိုင်းစနစ်များကြောင့် (Q2)သည် အခြားသော (Small Cars)များထက် ကြံ့ခိုင်မှု လည်းပိုမိုကောင်းမွန်ပါသည်။
(Audi Q2)၏ (U.S.A Version)တွင် ဓာတ်ဆီအင်ဂျင် အမျိုးအစား(၂)မျိုးရရှိနိုင်ပါသည်။ ၎င်းတို့မှာ (1.0 L Turbocharged I4 Engine), (110 hp)အင်ဂျင်နှင့် (2.0 L Turbocharged I4 Engine), (185 hp)အင်ဂျင်တို့ ဖြစ်ကြပါသည်။ (1.0 L Engine)သည် (0 to 60 mph)အား (10.5 Seconds)ဖြင့် ရောက်ရှိ နိုင်ပြီး (2.0 L Engine)သည် ( 0 to 60 mph)အား (7.0 Seconds)ဖြင့် ရောက်ရှိနိုင်ပါသည်။ (Europe Market)ရှိ (Audi Q2)တွင် ဓာတ်ဆီအင်ဂျင်အပြင် ဒီဇယ်အင်ဂျင်သုံးကားများလိုလည်း (optional) အနေဖြင့် မှာယူနိုင်သည်။
(AUDI)သည် ပုံမှန်အားဖြင့် အရွယ်ကြီးမားသည့် ကားများကိုသာအဓိကထုတ်လုပ်သည့် (Brand)ဖြစ်သော်လည်းယခုကဲ့သို့ သေးငယ်လှပပြီး ကြံ့ခိုင်မှုရှိသည့် (Q2 Compact)ကားများကိုလည်းဈေးကွက်ဒေသအလိုက် ထုတ်လုပ်တင်ပို့သည်ကိုတွေ့မြင်ရပါသည်။