ပြိုင်ကားများ ထုတ်လုပ်မှုဖြင့် နာမည်ကျော်သည့် (Koenigsegg)သည် ယမန်နှစ်က ကျင်းပခဲ့သည့် (Geneva Auto Show) တွင် ပြသခဲ့သည့် (Regera)ကား (၂)မျိုးအနက် (Regera Hyper car)အား ရောင်းချခဲ့ပြီး ဖြစ်၍ ကျန်ရှိနေသည့် (Regera 80th)အား အရောင်းလက်ခံခဲ့သည်ဟု ကြေငြာလိုက်ပါသည်။ ထို့ကြောင့် ယခုလက်ရှိအချိန်တွင် (Koenigsegg)ကားများ၏ (Current Models)များသည် မရရှိနိုင်တော့ပါ။
(Konenigsegg)ကားများသည် (Technologically Sophisticated Vehicles)များ ဖြစ်ကြပြီး ၎င်းတို့အနက် (Regera)သည် အထင်ရှားဆုံး ကားဖြစ်ပါသည်။ (Regera)တွင် အင်ဂျင်အနေဖြင့် (Twinturbo V8 Engine)နှင့် (လျှပ်စစ်မော်တာ(၃)ခု)ပေါင်းစပ်ထားပြီး (Maximum Output)အနေဖြင့် (1500 hp)ရှိမည် ဖြစ်ပါသည်။ အဆိုပါ စွမ်းအားမြင့် အင်ဂျင်၏ (Performance)သည် (284 mph in 10 seconds)ဖြစ်၍ ကမ္ဘာ့အမြန်ဆုံး နှုန်းဟု ဆိုရမည်ဖြစ်ပါသည်။ ၎င်းသည် နောက်ဘီးယက်စနစ်သုံးကားဖြစ်ပြီး အင်ဂျင်နှင့် (နောက်ဘီးယက်စနစ်)တို့အား တိုက်ရိုက်ချိတ်ဆက်ထားပါသည်။
(Koenigsegg)ကားများ ၀ယ်ယူရာတွင် ကုမ္ပဏီ၏ (Certified Pre-Owned Program)အား ဖန်တီးထားပြီး ၎င်းတွင် (Certified Legends)ခေါ် (၂)နှစ် အတွင်းပြင်ဆင်မွမ်းမံနိုင်မည့် (Factory Warranty)ပါရှိပါသည်။
ယမန်နှစ်က ကျင်းပခဲ့သည့် (Geneva Auto Show)တွင် (Koenigsegg)၏ ထင်ရှားသည့် ကားများဖြစ် ကြသည့် (Customer Regera), (Multiple Customer Agera RS)ကားများကို ပြသခဲ့ပြီး ကုန်စင်စွာ ရောင်းချရ ခဲ့ပါသည်။
(Koenigsegg)အနေဖြင့် မဝေးလှသည့် အနာဂတ်ကာလတွင် (New Koenigsegg Hypercar)အား အသွင်သစ်/အမြင် သစ်ဖြင့် ထုတ်လုပ်သွားမည် ဖြစ်ပါသည်။