1977 တွင် စတင်မိတ်ဆက်ခဲ့သည့် Lada Niva သည် ယခုအချိန်ထိပုံမှန်ထုတ်လုပ် ရောင်းချခဲ့ကာ ယခုအခါ ၎င်း၏ ဒုတိယမြောက် မျိုးဆက်ကို ပြောင်းလဲဖန်တီးမည်ဖြစ်သည်။ ရုရှားကုမ္ပဏီ Lada သည် 2025 အတွင်းကားအသစ် (၄) မျိုးအား ရုရှားဈေးကွက်တွင် အသစ်ထုတ်လုပ်မည်ဖြစ်ကာ ဒုတိယမျိုးဆက် Niva ပထမမျိုးဆက် သွင်ပြင် ဖန်တီးမှုများအတိုင်း အခြေခံပြီး ခေတ်ဆန်ကာ Stylish ဖြစ်သည့် ဒီဇိုင်းတို့ဖြင့် ပြောင်းလဲဖန်တီးမည်ဟု Lada မှ ဆိုထားပါသည်။ New Lada Niva အား တံခါး (၂) ပေါက်ပုံစံ Compact SUV Type နှင့် တံခါး (၄) ပေါက်ပုံစံMedium-Size Model Type ဟူ၍ ပုံစံ(၂) မျိုး ထုတ်လုပ်မည်။ ထို့အတူယခင် Model တွင် ပါဝင်သည့် 4WD System ကို အဆင့်မြှင့်ခြင်းနှင့်အတူ Off-Road ဆိုင်ရာ စွမ်းဆောင်ရည် များကို အဆင့်မြှင့်တင် ဖန်တီးခြင်းတို့ အား ဦးစားပေး ပြုလုပ်ဖန်တီးမည်ဖြစ်ကာ ကား၏ အတွင်းခန်း အခင်းအကျင်းကိုလည်း ရိုးရှင်းပြီး သပ်သပ်ရပ်ရပ် ပုံစံဖြင့် ခင်းကျင်းထားမည် ဖြစ်သည်။ Lada အား Renault မှ ထိန်းချုပ်ထားပြီး Dacia Division Firm နှင့်လည်း ပေါင်းစည်း ထားပါသည်။ New Niva Modelအား CMF-B Platform တွင် အခြေခံထုတ်လုပ်မည် ဖြစ်ကာ အဆိုပါ Platform အား မျိုးဆက် (၅) ဆက် မြောက်ဖြစ်သည့် Renault Clio နှင့် Nissan Juke ဒုတိယမျိုးဆက် Model တို့တွင် အသုံးပြုထားပါသည်။ Lada သည် New Niva ၏ Vision Concept Show အား 2021 တွင် ပြသရန် စီစဉ်ထားပြီး 2025 အတွင်းရောင်းချပါမည်။ ယခုလက်ရှိ 2020 Model အား Update ဖန်တီးမှုအချို့ဖြင့် ထုတ်လုပ်ထားပြီး Comfort Package ကဲ့သို့ Options များလည်း ထည့်သွင်းပေးထားပါသည်။ အင်ဂျင်အနေဖြင့် – ( 1.7 L I4 Engine ) ၊ (83 hp ) အင်ဂျင်နှင့် ( 5-Speed Manual Gearbox ) တို့ကို တပ်ဆင်ထားပါသည်။