Lada Niva အား 1977 တွင် စတင်ထုတ်လုပ်ခဲ့ပြီး ယခုအချိန်အထိ Continuous Production အနေဖြင့် တသမက်ထည်း ထုတ်လုပ်ခဲ့သော်လည်း 2020 တွင် Update Model အနေဖြင့် ဖန်တီးမည် ဖြစ်သည်။ ရုရှားအခြေစိုက် Lada သည် Renault – Nissan အောက်ရှိ Mitsubishi ၏ under control အနေဖြင့် မကြာမီ ရောက်ရှိမည်ဖြစ်သည်။ Niva 4 x 4 Model တွင် Dashboard ပုံစံအသစ်နှင့် Climate Control System ကဲ့သို့ ပြောင်းလဲမှုများဖြင့် ဖန်တီးထားမည်ဖြစ်ကာ မီတာဒိုင်ခွက်ကိုလည်း ပုံစံအသစ်ဖြင့် ထည့်သွင်းထားကာ LCD Screen ၊ On-board Computer တို့လည်း ပါဝင်လာမည်။ သက်သောင့်သက်သာရှိစေမည့် အရှေ့ထိုင်ခုံများနှင့်အတူ ခွက်ထည့်သည့်နေရာ ၊ Driver ပတ်လည်လေအိတ်နှင့် ချိတ်ထားသည့် အရေးပေါ်တုန့်ပြန်မှုစနစ်စသည့် Features များကိုလည်း ထည့်သွင်းထားပါသည်။ သို့သော်၎င်း၏ Body Style ကို ယခင်ဒီဇိုင်းအတိုင်း ဖန်တီးထားမည်ဖြစ်ပြီး Customer များအနေဖြင့် 1970- Style Metal Bumper ဖြင့် ဖန်တီးထားသည့် Regular Model ကိုလည်း မှာယူနိုင်မည်ဖြစ်ပြီး Urban Trim ကဲ့သို့ Option များလည်း ရရှိနိုင်ပါမည်။ ၎င်းတွင် (1.7 L I4 Engine) (83 hp)အင်ဂျင်နှင့် (5-Speed Manual Gearbox) ကို တွဲဖက်တပ်ဆင်ထားပါမည်။ အဆိုပါ Model အား Lada မှ မကြာခင် စတင်ရောင်းချမည် ဖြစ်ပါသည်။
Zawgyi Version……
သက်တမ်းကြာရှည်စွာ မပြောင်းလဲသည့် Lada Niva ၏ ဒီဇိုင်းအား ၂၀၂၀ တွင် Update ပြုလုပ်မည်