Lamborghini ၏ နာမည်ကျော် Huracan EVO ၏ နောက်ဘီးယက် RWD Model သည် 2020 အတွက် နှစ်သစ်ကူးအတွက် ထူးခြားမှုများစွာဖြင့် ထွက်ရှိလာပါသည်။ အထူးဆန်းသစ်ပြီး Stylish ဖြစ်သည့် ဒီဇိုင်းတွင် 19 – inch Kari Wheel များ အစပြု၍ EVO RWD တွင် အရှေ့ဖက် ဝန်ရိုးစနစ်ကို ထူးထူးခြားခြားဖန်တီးထားပြီး မိုးများခြင်း ၊ ခြောက်သွေ့သည့် လမ်းမများကဲ့သို့ အခြေအနေမျိုးစုံတွင် ယာဉ်ကို တည်ငြိမ်စေပြီး အကောင်းဆုံး စွမ်းဆောင်ရည်အတွက် ကူညီပေးမည်ဖြစ်သည်။ Naturally Aspirated 5.2 L V 10 Engine ( 610 hp ) အင်ဂျင်ကို တပ်ဆင်ထားမည်ဖြစ်ကာ မြင်းကောင်ရေ ၆၀၀ ကျော်ရှိသည့် စွမ်းဆောင်ရည်သည် Huracan EVO အား လေအဟုန်ကဲ့သို့ မြန်ဆန်သည့် Performance ကို ပေးစွမ်းနိုင်ပါမည်။ ၎င်း၏ အလေးချိန်သည် ( 3062 Ibs ) ခန့်သာ ရှိမည်ဖြစ်သည်။ ၎င်း၏ အမြင့်ဆုံး Performance သည် 0 to 62 mph အား 3.3 Seconds ဖြင့် အမြန်ဆုံးရောက်ရှိနိုင်မည်ဖြစ်ပြီး ထူးခြားသည့် Feature ဖြစ်သည်။ Performance Traction Control System P – TCS အား Reprogrammed အနေဖြင့် အဆင့်မြှင့်တင်ထားပြီး Strada ၊ Sport ၊ Corsa ဟူ၍ Driving Mode ( ၃ ) ခု ဖန်တီးနိုင်မည်ဖြစ်သည်။ Designer များသည် RWD နှင့် AWD Version တို့အား ခြားနားစွာ ဖန်တီးထားပြီး အရှေ့ဖက် Fascia နှင့် Polygonal Intakes ဒီဇိုင်းတို့သည် ထူးခြားမည်ဖြစ်သည်။ ၎င်းအား ယခုနှစ် နွေရာသီတွင် စတင်ရောင်းချမည် ဖြစ်ပြီး ( USD 208571 ) ဖြင့် ဈေးနှုန်းသတ်မှတ်ပါမည်။

Zawgyi Version…

Lamborghini Huracan EVO RWD သည် ထူးခြားမူများစွာကို ပိုင်ဆိုင်ထားခြင်း
