Zawgyi Version…

Unicode Version…

V 10 Engine ပါဝင်လာသည့် Lamborghini Hurancan Evo
ကမ္ဘာကျော် Lamborghini Hurancan Model အတွက် Midcycle Refresh အနေဖြင့် ထုတ်လုပ်သည့် Huracon Evo အား အထူးဆန်းသစ်လှပသည့် Redesign ပုံစံဖြင့်ဖန်တီးထားပြီး ခေတ်ရှေ့ပြေးသည့် ( Vehicle Dynamic Control ) စနစ်ကိုလည်း ပထမဆုံးထည့်သွင်းထားပါမည်။ အတောင်ပံများဖြင့် ဝင့်ကြွားပေါ်လွင်နေသည့် အရှေ့Bumper များအား ကြီးမားသည့် လေဝင် ပေါက်များ ဖြင့် ခန့်ထည်စွာတွေ့မြင်ရမည်ဖြစ်ပြီး Lamborghini ၏ Hexagon Design ၏ ဟန်ပန် များအား ပြတင်းတံခါးများ ၊ ကားဘေးဖက်လေထွက်ပေါက်များ ၊ အသစ်ဖန်တီးမှုဖြစ်သည့် အ နောက် ဖက်ဒီဇိုင်း ၊ Twin Exhaust Tips နှင့် Spoiler များတွင် ထည့်သွင်းဖန်တီးထားမည်ဖြစ်ပြီး ယခင် Hurancan Model များထက်ပို၍ Aerodynamic ဖြစ်သည့်ကိုယ်ထည်ဖြင့် ထူးခြားစွာဖန်တီး ထားပါမည်။ ၎င်းတွင် အင်ဂျင်အနေဖြင့် – ( Performance 5.2 L V10 Engine ) ၊ ( 640 hp ) အင်ဂျင်အား ပေါ့ပါးသည့် ( Titanium Intake Valve ) ဖြင့် တပ်ဆင်ထားမည်ဖြစ်ပြီး Performance အနေဖြင့် – 0 to 60 mph အား ( 2.9 seconds ) ဖြင့် အမြန်ဆုံးရောက်ရှိနိုင် ပါမည်။ Top speed မှာ ( 202 mph ) ဖြစ်သည့်အတွက် Supercar ဟုဆိုရပါမည်။ ၎င်းသည် AWD System သုံးဖြစ်ပြီး Rear – wheel steering / Torque Vectoring System တို့ပါရှိမည်ဖြစ်ပြီး Lamborghini ၏ တီထွင်မှုတစ်ရပ်ဖြစ်သည့် – ကား၏ Dynamic System အားလုံးကို Setup ပြုလုပ်စေခြင်းဖြင့် ယာဉ်မောင်းဆန္ဒရှိသည့် Driving Dynamic များကို မြန်ဆန်စွာသယ်ဆောင်ပေးနိုင်သည့် Vehicle Dynamic Control ) စနစ်ကို စတင်ထည့်သွင်း ပါမည်။ အလားတူ အဆင့်မြှင့်တင်ထားသည့် – ( 2.0 Version of Lamborghini Piatta forma Inerziale ) စနစ်လည်းပါရှိမည်ဖြစ်သည်။ အလားတူ ( Strada / Sport / Corsa Race – Track Mode ) ပါရှိသည့် Driving Modes / LDVI System ၊ သားရေနှင့် Alcantara ပေါင်းစပ်ခြင်း စသည့်တို့လည်း ပါရှိမည်။ ၎င်းအား U.S.A Market တွင် ယခုနှစ်နွေရာသီ၌ စတင်ရောင်းချ မည်ဖြစ်ပြီး ( USD 261274 ) ဖြင့် ရောင်းချမည်ဖြစ်ကာ Carbon – forged Composites များလည်းပါဝင်မည် ဖြစ်သည်။