Zawgyi Version…
အီတလီၿပိဳင္ကားထုတ္လုပ္ေရးကုမၸဏီ Lamnorghini သည္ ထုတ္လုပ္မႈနည္းပါးသည့္ one-off concept ကားတစ္စီးျဖစ္သည့္ Huracan Sterrato ကို ထုတ္ေဖာ္ျပသသြားခဲ့သည္။
Lambo သည္ off-road အထူးကားတစ္စီးျဖစ္သည့္ Huracan Sterrato ကို Huracan Evo ၏ပံုစံအတုိင္း အေျခခံထုတ္လုပ္ထားၿပီး off-road ေမာင္းႏွင္ႏုိင္ေအာင္ စြမ္းေဆာင္ရည္ပိုင္းျမွင့္တင္ထားသည့္ ၿပိဳင္ကား တစ္စီးျဖစ္သည္။
Lambo သည္ Huracan Sterrato ကို ျမင္းေကာင္ေရ 631-hp ထုတ္ေပးႏုိင္သည့္ V-10 Engine၊ AWD စနစ္၊ torque-vectoring စနစ္တုိ႔ျဖင့္ off-driving အတြက္ အသားေပးထုတ္လုပ္ထားျခင္းျဖစ္ၿပီး အေရွ႕ဝင္႐ိုးကို အားျပဳထားျခင္းေၾကာင့္ အျမင့္ဆံုးအရွိန္ႏွင့္ ကုပ္အားေကာင္းမြန္ျခင္းေၾကာင့္ ညက္ေညာစြာေမာင္းႏွင္ႏိုင္မည္ ျဖစ္သည္။
Huracan Sterrato သည္ ကားေျမျပင္မွအျမင့္ (Ground Clearance) ၁.၉ လက္မရိွၿပီး Wheel Track ၁.၂ လက္မႏွင့္ off-road အတြက္ အထူးဒီဇုိင္းထုတ္ထားေသာ၂၀ လက္မ ဘီးမ်ားကုိ တပ္ဆင္ထားသည္။
ကားအမိုးေပၚတြင္ LED မီးႏွစ္လံုးပါဝင္သည့္ LED Light Bar တပ္ဆင္ထားကာ အေရွ႕ဘက္ျခမ္း၌ အီတလီအလံအေရာင္ အစင္းၾကားအေပၚ နံပါတ္(၆၃)ကို ျမင္ေတြ႕ရမည္ျဖစ္သည္။
အတြင္းပိုင္းဒီဇုိင္းပိုင္းကို ေဖာ္ျပမထားေသာ္လည္း Lambo က off-road ေတြအတြက္ အေရးပါသည့္ Roll Cage မ်ားကို Titanium၊ Aluminum အခင္းႏွင့္ Carbon-shell Sport Seats မ်ားကို အသံုးျပဳသြား မည္ျဖစ္ ေၾကာင္း ေၾကညာထားပါသည္။

Unicode Version…

Off-Road Super ကားတစ်စီးအဖြစ် ဖန်တီးထားသည့် Lamborghini Huracan Sterrato
အီတလီပြိုင်ကားထုတ်လုပ်ရေးကုမ္ပဏီ Lamnorghini သည် ထုတ်လုပ်မှုနည်းပါးသည့် one-off concept ကားတစ်စီးဖြစ်သည့် Huracan Sterrato ကို ထုတ်ဖော်ပြသသွားခဲ့သည်။
Lambo သည် off-road အထူးကားတစ်စီးဖြစ်သည့် Huracan Sterrato ကို Huracan Evo ၏ပုံစံအတိုင်း အခြေခံထုတ်လုပ်ထားပြီး off-road မောင်းနှင်နိုင်အောင် စွမ်းဆောင်ရည်ပိုင်းမြှင့်တင်ထားသည့် ပြိုင်ကား တစ်စီးဖြစ်သည်။
Lambo သည် Huracan Sterrato ကို မြင်းကောင်ရေ 631-hp ထုတ်ပေးနိုင်သည့် V-10 Engine၊ AWD စနစ်၊ torque-vectoring စနစ်တို့ဖြင့် off-driving အတွက် အသားပေးထုတ်လုပ်ထားခြင်းဖြစ်ပြီး အရှေ့ဝင်ရိုးကို အားပြုထားခြင်းကြောင့် အမြင့်ဆုံးအရှိန်နှင့် ကုပ်အားကောင်းမွန်ခြင်းကြောင့် ညက်ညောစွာမောင်းနှင်နိုင်မည် ဖြစ်သည်။
Huracan Sterrato သည် ကားမြေပြင်မှအမြင့် (Ground Clearance) ၁.၉ လက်မရှိပြီး Wheel Track ၁.၂ လက်မနှင့် off-road အတွက် အထူးဒီဇိုင်းထုတ်ထားသော၂၀ လက်မ ဘီးများကို တပ်ဆင်ထားသည်။
ကားအမိုးပေါ်တွင် LED မီးနှစ်လုံးပါဝင်သည့် LED Light Bar တပ်ဆင်ထားကာ အရှေ့ဘက်ခြမ်း၌ အီတလီအလံအရောင် အစင်းကြားအပေါ် နံပါတ်(၆၃)ကို မြင်တွေ့ရမည်ဖြစ်သည်။
အတွင်းပိုင်းဒီဇိုင်းပိုင်းကို ဖော်ပြမထားသော်လည်း Lambo က off-road တွေအတွက် အရေးပါသည့် Roll Cage များကို Titanium၊ Aluminum အခင်းနှင့် Carbon-shell Sport Seats များကို အသုံးပြုသွား မည်ဖြစ် ကြောင်း ကြေညာထားပါသည်။