Unicode  version….
ကမ္ဘာ့ထိပ်တန်း ပြိုင်ကားကုပ္မဏီဖြစ်သည့် အီတလီအခြေစိုက် Lamborghini ၏ Super SUV ကား Urus အား ယခုနှစ် December 4 တွင် စတင်မိတ်ဆက်လိုက်ပါသည်။ ၄င်းသည် (Road- Oriented Vehicle) ကား အမျိုးအစားဖြစ်ပြီး အထူးစွမ်းအားမြင့်မားသည့် (Twin- turbo V8 engine) (641 hp) အင်ဂျင်ကို တပ်ဆင်ထားပြီး တံခါး(၄)ပေါက် ပုံစံဖြင့် ဖန်တီးထားသည့် ကားဖြစ်ပါသည်။ All New Urus နှင့် ပတ်သက်သည့် စိတ်ဝင်စားဖွယ် များစွာကို တွေ့မြင်ရမည်ဖြစ်ပါသည်။ (Lamborghini) ကားများသည် နွားရိုင်းနာမည်ဖြင့်သာ မှည့်ခေါ်လေ့ရှိပြီး (အထူးသဖြင့် တိုက်ခိုက်ရေးနွားရိုင်းများ)ယခု Urus အမည်သည် စပိန်နိုင်ငံရှိ နွားရိုင်းသတ်ပွဲရှိ (နွားရိုင်း)အမည်နှင့် အထူးဆက်နွယ်ပါသည်။ကားများသည် အလျားရှည်ပြီး လေးလံပါက အကွေ့များတွင် များစွာအားစိုက်ထုတ်ရပါသည်။ ထိုအချက်ကို ကျော်လွှားနိုင်ရန် ယခု Urus တွင် Active Roll Control စနစ်အား Lamborghini မှ ပထမဆုံးမိတ်ဆက် ထည့်သွင်းထားပါသည်။ထိုစနစ် သည် လမ်းအကွေ့များတွင် ကားကိုယ်ထည်အား ပေါ့ပါးတည်ငြိမ်စေရန် ကူညီပေးမည်ဖြစ်ပါသည်။ ထို့အတူ Handling အားအဆင့်မြှင့်တင်ပေးခြင်းနှင့် Adaptive Damping အားပြုလုပ်ပေးခြင်းတို့အား ကူညီ ပေးမည်ဖြစ်ပါသည်။All New Urus တွင် (21 – inch wheel) အား (standard) ထည့်သွင်းထားပြီး (23- inch wheel) အား အပိုဆောင်း မှာယူနိုင်မှုသည် ပြိုင်ကားချစ်သူများအတွက် ကျေနပ်ဖွယ် ဖြစ်ပါသည်။ အဆိုပါဘီးများတွင် (Carbon Geramic Rotors) များလည်းပါ၀င်မည်ဖြစ်ပြီး အရှေ့ဖက် Rotors များသည် (17.3 inch) အချင်းရှိမည်ဖြစ်ပြီး အနောက်ဖက် Roter များသည် (14.5 inch) အချင်းရှိမည်ဖြစ်ပါသည်။ All-New Urus ၏ (Weight – to –Power) အချိုးသည် ကမ္ဘာပေါ်ရှိ SUV များတွင် အကောင်းဆုံး ဖြစ်ပါသည်။ ၄င်းတွင် (4850 lbs Curb Weight) (641 hp) ဖြစ်ပြီး (7.57 lbs per hp) ရရှိနိုင်ပါမည်။ (All-New Urvs) သည် (Full Time AWD) စနစ်သုံးကားဖြစ်ပြီး ၄င်းတွင် တပ်ဆင်ထားသည့် Torsen Center Differential သည် အရှေ့ဘီးများ၏ Torque အား (40%)ခန့်၄င်း၊ အနောက်ဘီးများ၏ Torque အား (60%) ခန့်၄င်း Torque Split ပြုလုပ်ပေးမည်ဖြစ်ပါသည်။ သို့သော် အသုံးပြုမှု အခြေအနေများအပေါ် မူတည်ကာ အနောက်ဝန်ရိုး၏ Torque အား (87.5%) အထိ၄င်း၊ အရှေ့ဝန်ရိုး၏ Torque အား (70.0%)အထိ၄င်း ကူးပြောင်းနိုင်ပါမည်။ (All New Urus) ၏ Chassis သည် ၄င်း၏ ပြိုင်ကားများကဲ့သို့ Carbon Fiber ကို အသုံးပြုထားမည်မဟုတ်ဘဲ (သံမဏိ)နှင့် (အလူမီနီယံ) သတ္တုတို့ဖြင့် ပြုလုပ်ထားသည့် Chassis ကိုသာ အသုံးပြုထားမည်ဖြစ်ပါသည်။
Zawgyi version..