Coronavirus ကပ်ရောဂါဘေးသင့်နေတဲ့ကမ္ဘာ့နိုင်ငံများစွာထဲမှာ အီတလီနိုင်ငံရဲ့အခြေအနေက အဆိုးဆုံးဖြစ်နေတာကို အားလုံးသိထားကြမှာပါ။ April 1, 2020 နေ့ထိစာရင်းတွေအရ အီတလီနိုင်ငံအတွင်းcoronavirus ကူးစက်ခံရမှုပေါင်း 110,574 ခုထိ စံချိန်တင်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ 13155 ဦးနဲ့ ပြန်သက်သာလာသူ 16847 ဦးရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ အီတလီဟာ ကူးစက်ခံရမှုအများဆုံးဖြစ်ပွားနေတဲ့ အမေရိကန်ရဲ့နောက်ကပ်လျက် ဒုတိယနေရာမှာ ရှိနေတာပါ။
ဒီလိုမျိုး နိုင်ငံက အခက်အခဲအကြပ်အတည်းနဲ့ကြုံနေရချိန်မှာ ကုမ္ပဏီကြီးအများစုက အစိုးရကို အဘက်ဘက်ကနေ တတ်နိုင်သမျှကူညီပေးလာကြတာကိုတွေ့ရပြီး အဲဒီအထဲမှာ နာမည်ကျော်ကားထုတ်လုပ်ရေးကုမ္ပဏီ Lamborghini လည်းပါဝင်ပါတယ်။ Lamborghini က ကျန်းမာရေးဝန်ထမ်းတွေအသုံးပြုတဲ့ Virus ကာကွယ်ရေးပစ္စည်းတွေထုတ်လုပ်ပြီး ထောက်ပံ့ကူညီပေးနေတာပါ။
အီတလီနိုင်ငံ Sant’Agata Bolognese မှာရှိတဲ့ Lamborghini ရဲ့ထုတ်လုပ်ရေးစက်ရုံကလည်း အခုဆိုရင် ဆေးဘက်ဆိုင်ရာအထောက်အကူပစ္စည်းတွေထုတ်လုပ်တဲ့နေရာတစ်ခုဖြစ်လို့နေပါပြီ။ ပစ္စည်းတွေကို အဓိကဖန်တီးထုတ်လုပ်ပေးနေကြသူတွေကတော့ Huracan and Aventador unit တွေရဲ့ interior and customization ပိုင်းမှာလုပ်ကိုင်တဲ့ဝန်ထမ်းတွေဖြစ်ပါတယ်။
တစ်ရက်ကို Mask ခုရေ ပေါင်း 1,000 ထိထုတ်လုပ်နိုင်ဖို့ရည်ရွယ်ထားပြီး carbon fiber production plant နဲ့ Research and Development department မှာ 3D printer တွေအသုံးပြုထုတ်လုပ်ထားတဲ့ plexiglass shield တွေကိုတော့တစ်ရက်ကို ခုရေ 200 ရအောင်သတ်မှတ်ထုတ်လုပ်သွားမှာပါ။ အခုထုတ်လုပ်နေတဲ့ Shields နဲ့ mask တွေအားလုံးက Bologna မြို့က Sant’Orsola-Malpig ဆေးရုံကို လှူဒါန်းဖို့ဖြစ်ပါတယ်။
Automobili Lamborghini ရဲ့ CEO ဖြစ်သူ Stefano Domenicali ကလည်း ” ဒီအခြေအနေဆိုးကနေ လွန်မြောက်နိုင်ဖို့အတွက်ဆိုရင် ကပ်ရောဂါဆိုးကို ရှေ့တန်းကနေဦးဆောင်တိုက်ဖျက်နေတဲ့သူတွေကို ကူညီထောက်ပံ့ပေးကြရင်း အားလုံးစုစည်းလက်တွဲပြီး ရုန်းကန်ကြရမှာပါပဲ”လို့ ပြောကြားခဲ့ပါတယ်။
Ref: motor1
Thiha