Land Rover သည် အစုံလိုက်ဖြစ်သည့် – Hybridized Turbo diesel Six Engine များ၏ အရွယ်အစားကို အသစ်ပြောင်းလဲထုတ်ရန် စီစဉ်လိုက်ပါသည်။ British Magazine Auto car ၏ သတင်းရင်းမြစ်အရ – Land Rover သည် Mild Hybrid နည်းပညာအား Evoque နှင့် Discovery Sport တို့တွင် အသုံးပြုခဲ့ပြီး ( 30 L I 6 Engine ) နှင့် တွဲဖက်ထားခဲ့ပါသည်။ Output သည် ( 300 hp ) ဖြစ်သည်။ ( U.S.A ) ရှိ Model များဖြစ်ပြီး အခြားဒေသများရှိ ကားများနှင့် ကွဲလွဲမှုရှိပါသည်။ ယခုအခါ စွမ်းဆောင်ရည် ပိုကောင်းသည့် ( 350 hp Output ) အင်ဂျင်ကိုဆက်လက်ထုတ်လုပ်မည် ဖြစ်သည်။ ယခင်က HSE ၊ Dynamic ၊ Autobiography ဟူ၍ Trim များ ရှိထားရာမှ HST Trim ကိုလည်း အသစ်ထည့်သွင်းမည်ဖြစ်သည်။ ဥရောပနှင့် အချို့ဈေးကွက်များအတွက် ( 4.4 L Turbo Diesel V 8 Engine ) ကိုလည်းထုတ်လုပ်မည်ဖြစ်ပြီး ၎င်းအင်ဂျင်သည် ( 335 hp output ) ထွက်ရှိလာ ( 7700 Ibs Touring Capacity ) လည်းရရှိနိုင်သည်။ ထို့အတူ Mild Hybrid System ကိုလည်းပို၍ သန့်စင်ပြီး Efficient ဖြစ်စေရန် အဆင့်မြှင့်တင်ထုတ်လုပ်မည်။ အလားတူ Jaguar သည်လည်း Mild Hybrid နည်းပညာကို အသုံးပြုမည်ဖြစ်ပြီး Six – Cylinder Engine ကို XF နှင့် F – Pace တို့တွင် အသုံးပြုမည်ဖြစ်သည်။

26 Apr 2020
0
Land Rover သည် Turbo Diesel Six အင်ဂျင်များ နှင့် Hybridized တို့၏ အရွယ်အစားကို လျှော့ချမည်
Zawgyi Version….