Land Rover Myanmar သည် ပိုမိုမြင့်မားသည့်နည်းပညာများဖြင့် ထိပ်တန်း Compact SUV အမျိုးအစားဖြစ်သည့် 2020 Discovery Sport ကို ပြီးခဲ့သည့် သောကြာနေ့က CarsDB Auto Show Mandalay တွင် ပြည်တွင်းဈေးကွက်အတွင်းသို့ စတင်မိတ်ဆက်သွားခဲ့သည်။
2020 Discovery Sport သည် လမ်းကြမ်းရော လမ်းချောပါ စွယ်စုံအသုံးပြုနိုင်ပြီး မောင်းနှင်စီးနင်း မည့်သူတွေ သက်တောင့်သက်သာလွယ်လွယ်ကူကူ အသုံးပြုနိုင်သည့် နောက်ဆုံးပေါ်နည်းပညာများ electrified engines များနဲ့ အားဖြည့်ထားသည်။
New Discovery Sport ၏အတွင်းခန်းသည် တစ်ဖန်ပြန်လည်အသုံးပြုထားသည့် Polyester microfiber နှင့် သားရေမဟုတ်သည့် Luxtex material တွေကို အသုံးပြုထားပြီး အဆင့်မြင့်လက်ရာများနဲ့ သက်တောင့်သက်သာ ဖြစ်စေမည်။
နည်းပညာပိုင်းအရလည်း ခေတ်ရှေ့ပြေးပြီး တုံ့ပြန်မှုကောင်းတဲ့ Land Rover InControl Touch Pro Infotainment ကို Standard အဖြစ် ရရှိနိုင်မည်ဖြစ်ပြီး Apple Car Play၊ Android Auto အသုံးပြုနိုင်မှာဖြစ်တဲ့အပြင် Wireless Charging နှင့် 4G Wi-Fi Hotspot ကိုလည်း အသုံးပြုနိုင်သည်။
2020 Discovery Sport သည် ထိုင်ခုံရွေးချယ်မှုအပိုင်းတွင် (၅)ယောက်စီးနှင့် (၇)ယောက်စီး နှစ်သက်သလိုရွေးချယ်နိုင်မည်ဖြစ်ပြီး အရောင်(၁၂)မျိုးထိရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။
2020 Land Rover Discovery Sport အသစ် Base Model ကို USD 75,000 မှ စတင်ဝယ်ယူနိုင်မည်ဖြစ်ပြီး Trim Level အမြင့်ဆုံး R-Dyanmic HSE Model ကို USD 115,000 ဝန်းကျင်မှ စတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

Zawgyi Version….
Land Rover ၏ စြမ္းေဆာင္ရည္ျပည့္ 2020 Discovery Sport ကို စတင္မိတ္ဆက္
————————————————————-
Land Rover Myanmar သည္ ပိုမုိျမင့္မားသည့္နည္းပညာမ်ားျဖင့္ ထိပ္တန္း Compact SUV အမ်ိဳးအစားျဖစ္သည့္ 2020 Discovery Sport ကို ၿပီးခဲ့သည့္ ေသာၾကာေန႔က CarsDB Auto Show Mandalay တြင္ ျပည္တြင္းေစ်းကြက္အတြင္းသို႔ စတင္မိတ္ဆက္သြားခဲ့သည္။
2020 Discovery Sport သည္ လမ္းၾကမ္းေရာ လမ္းေခ်ာပါ စြယ္စံုအသံုးျပဳႏုိင္ၿပီး ေမာင္းႏွင္စီးနင္း မည့္သူေတြ သက္ေတာင့္သက္သာလြယ္လြယ္ကူကူ အသံုးျပဳႏုိင္သည့္ ေနာက္ဆုံးေပၚနည္းပညာမ်ား electrified engines မ်ားနဲ႔ အားျဖည့္ထားသည္။
New Discovery Sport ၏အတြင္းခန္းသည္ တစ္ဖန္ျပန္လည္အသံုးျပဳထားသည့္ Polyester microfiber ႏွင့္ သားေရမဟုတ္သည့္ Luxtex material ေတြကို အသံုးျပဳထားၿပီး အဆင့္ျမင့္လက္ရာမ်ားနဲ႔ သက္ေတာင့္သက္သာ ျဖစ္ေစမည္။
နည္းပညာပိုင္းအရလည္း ေခတ္ေရွ႕ေျပးၿပီး တံု႔ျပန္မႈေကာင္းတဲ့ Land Rover InControl Touch Pro Infotainment ကို Standard အျဖစ္ ရရိွႏိုင္မည္ျဖစ္ၿပီး Apple Car Play၊ Android Auto အသံုးျပဳႏုိင္မွာျဖစ္တဲ့အျပင္ Wireless Charging ႏွင့္ 4G Wi-Fi Hotspot ကိုလည္း အသံုးျပဳႏုိင္သည္။
2020 Discovery Sport သည္ ထုိင္ခံုေရြးခ်ယ္မႈအပိုင္းတြင္ (၅)ေယာက္စီးႏွင့္ (၇)ေယာက္စီး ႏွစ္သက္သလိုေရြးခ်ယ္ႏိုင္မည္ျဖစ္ၿပီး အေရာင္(၁၂)မ်ိဳးထိေရြးခ်ယ္ဝယ္ယူႏုိင္မည္ျဖစ္သည္။
2020 Land Rover Discovery Sport အသစ္ Base Model ကို USD 75,000 မွ စတင္ဝယ္ယူႏုိင္မည္ျဖစ္ၿပီး Trim Level အျမင့္ဆံုး R-Dyanmic HSE Model ကို USD 115,000 ဝန္းက်င္မွ စတင္ဝယ္ယူႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။