Unicode version…

(Land Rover)သည် ၄င်၏နာမည်ကျော် (Discovery Series) ၏ အဆင့်မြှင့်တင်ထုတ်လုပ်ထားသည့် ထူးကဲသော အမျိုးအစားတစ်ခုဖြစ်သည့်(Discovery SVX) အားထုတ်ဖော်ပြသလိုက်ပါသည်။ ၄င်းသည် (Standard Discovery)အား အခြေခံထားပြီး (Off-Road) အသုံးပြုမှုအတွက် များစွာ သင့်လျော်မှု ရှိသည့်ပါ၀င်မှုများဖြင့် ဖန်တီးထားပါသည်။ (New Discovery SVX)အား (Land Rover)၏ တွဲဖက် (Jaguar) ၏ (Special Vehicle Operation) ဌာနမှ ထုတ်လုပ်ဖန်တီးပါသည်။ ၄င်းသည် ပထမဆုံး (SVX) တံဆိပ်ဖြင့် ထုတ်လုပ်ထားမည့်ကားဖြစ်ပြီး (Standard Land Rover) ကားများထက် (All terrain) စွမ်းဆောင်ရည်တွင်သာလွန်မှုရှိသည့် အမှတ်လက္ခဏာဟု အဓိပ္ပါယ်သက်ရောက်ပါသည်။

(SVX)အပြင် အထူးကောင်းမွန်သည့် ငြိမ့်ညောင်းမှုစွမ်းရည်ရှိသည့် (SVR) နှင့် ဇိမ်ခံပစ္စည်းများစွာပါ၀င်မည့် (SV Autobiography) တို့တွင်လည်း ၄င်းတို့၏ အမည်တံဆိပ်များသာ တပ်ဆင်ထားမည်ဖြစ်ပါသည်။ နည်းပညာများအနေဖြင့် ယခု (SVX Model)တွင် (Discovery) အတွက် ပထမဆုံးထည့်သွင်းမှုဖြစ်သည့် (Hydraulic Active Roll Control System) ပါ၀င်မည်ဖြစ်ပြီး ၄င်းသည်ဘီးများနှင့် Off – Road အသုံးပြုမှု ဆိုင်ရာစွမ်းဆောင်မှုအား များစွာတိုးမြှင့်ပေးမည်ဖြစ်ပြီး ကားအကွေ့များတွင် ယာဉ်၏တိမ်းစောင်းမှုအား များစွာလျော့ချပေးပါမည်။

အထူးအားဖြင့် (4WD System) အားများစွာ အဆင်ပြေမှုရှိစေရန် ထောက်ပ့ံ ပေးမည့် နည်းပညာလည်းဖြစ်ပါသည်။ ကားအရှေ့နှင့် အနောက်(Bumper)များအား အကာအကွယ်ပြားများဖြင့် ဖန်တီးထားမည်ဖြစ်ပြီး ကားအနောက်ဖက်တွင် (လျှပ်စစ်ထိန်းချုပ်ချိတ်)လည်း ပါ၀င်ပါမည်။ အတွင်းခန်းတွင်လည်း (12.3 – inch Digital Instrument Screen)၊ (4G Wi-Fi Connectivity) အပါအဝင် နည်းပညာသုံးပစ္စည်းများစွာ ပါရှိပါမည်။ (New Discovery SVX) တွင် အင်ဂျင်များအနေဖြင့် (2.0L Turbocharged I4) (300Ps) ဓာတ်ဆီအင်ဂျင်/ (3.0L V6) ဓာတ်ဆီအင်ဂျင်နှင့် (5.0 L Supercharged V8)၊ (525 PS) ဓာတ်ဆီအင်ဂျင်တို့အားရရှိနိုင်ပါမည်။ (Discovery SVX) အား (2018) ခုနှစ်မှ စတင်ရောင်းချမည်ဖြစ်ပြီး ထိုအချိန်ခန့်မှသာ စျေးနှုန်းနှင့် အသေးစိတ်အချက်များအား (Land Rover) မှထုတ်ပြန်မည်ဖြစ်ပါသည်။

Zawgyi  version…

(Land Rover)သည္ ၄င္၏နာမည္ေက်ာ္ (Discovery Series) ၏ အဆင့္ျမွင့္တင္ထုတ္လုပ္ထားသည့္ ထူးကဲေသာ အမ်ိဳးအစားတစ္ခုျဖစ္သည့္(Discovery SVX) အားထုတ္ေဖာ္ျပသလိုက္ပါသည္။ ၄င္းသည္ (Standard Discovery)အား အေျခခံထားၿပီး (Off-Road) အသံုးျပဳမႈအတြက္ မ်ားစြာ သင့္ေလ်ာ္မႈ ႐ွိသည့္ပါ၀င္မႈမ်ားျဖင့္ ဖန္တီးထားပါသည္။ (New Discovery SVX)အား (Land Rover)၏ တြဲဖက္ (Jaguar) ၏ (Special Vehicle Operation) ဌာနမွ ထုတ္လုပ္ဖန္တီးပါသည္။ ၄င္းသည္ ပထမဆံုး (SVX) တံဆိပ္ျဖင့္ ထုတ္လုပ္ထားမည့္ကားျဖစ္ၿပီး (Standard Land Rover) ကားမ်ားထက္ (All terrain) စြမ္းေဆာင္ရည္တြင္သာလြန္မႈ႐ွိသည့္ အမွတ္လကၡဏာဟု အဓိပၸါယ္သက္ေရာက္ပါသည္။

(SVX)အျပင္ အထူးေကာင္းမြန္သည့္ ၿငိမ့္ေညာင္းမႈစြမ္းရည္႐ွိသည့္ (SVR) ႏွင့္ ဇိမ္ခံပစၥည္းမ်ားစြာပါ၀င္မည့္ (SV Autobiography) တို႕တြင္လည္း ၄င္းတို႕၏ အမည္တံဆိပ္မ်ားသာ တပ္ဆင္ထားမည္ျဖစ္ပါသည္။ နည္းပညာမ်ားအေနျဖင့္ ယခု (SVX Model)တြင္ (Discovery) အတြက္ ပထမဆံုးထည့္သြင္းမႈျဖစ္သည့္ (Hydraulic Active Roll Control System) ပါ၀င္မည္ျဖစ္ၿပီး ၄င္းသည္ဘီးမ်ားႏွင့္ Off – Road အသံုးျပဳမႈ ဆိုင္ရာစြမ္းေဆာင္မႈအား မ်ားစြာတိုးျမွင့္ေပးမည္ျဖစ္ၿပီး ကားအေကြ႕မ်ားတြင္ ယာဥ္၏တိမ္းေစာင္းမႈအား မ်ားစြာေလ်ာ့ခ်ေပးပါမည္။

အထူးအားျဖင့္ (4WD System) အားမ်ားစြာ အဆင္ေျပမႈ႐ွိေစရန္ ေထာက္ပ႔ံ ေပးမည့္ နည္းပညာလည္းျဖစ္ပါသည္။ ကားအေ႐ွ႕ႏွင့္ အေနာက္(Bumper)မ်ားအား အကာအကြယ္ျပားမ်ားျဖင့္ ဖန္တီးထားမည္ျဖစ္ၿပီး ကားအေနာက္ဖက္တြင္ (လွ်ပ္စစ္ထိန္းခ်ဳပ္ခ်ိတ္)လည္း ပါ၀င္ပါမည္။ အတြင္းခန္းတြင္လည္း (12.3 – inch Digital Instrument Screen)၊ (4G Wi-Fi Connectivity) အပါအ၀င္ နည္းပညာသံုးပစၥည္းမ်ားစြာ ပါ႐ွိပါမည္။ (New Discovery SVX) တြင္ အင္ဂ်င္မ်ားအေနျဖင့္ (2.0L Turbocharged I4) (300Ps) ဓာတ္ဆီအင္ဂ်င္/ (3.0L V6) ဓာတ္ဆီအင္ဂ်င္ႏွင့္ (5.0 L Supercharged V8)၊ (525 PS) ဓာတ္ဆီအင္ဂ်င္တို႕အားရ႐ွိႏိုင္ပါမည္။ (Discovery SVX) အား (2018) ခုႏွစ္မွ စတင္ေရာင္းခ်မည္ျဖစ္ၿပီး ထိုအခ်ိန္ခန္႕မွသာ ေစ်းႏႈန္းႏွင့္ အေသးစိတ္အခ်က္မ်ားအား (Land Rover) မွထုတ္ျပန္မည္ျဖစ္ပါသည္။