Unicode version…
မကြာမှီဖြန့်ချီမည့် New Land Rover Discovery အား အထူးခြားဆုံးဒီဇိုင်းပုံစံအသစ်ဖြင့် ဖန်တီးထားပါသည်။သို့သော် ၄င်း၏ နောက်ဖုံးအခြမ်း Tailgate ၏ ဒီဇိုင်းအား အချိုးအစားညီမျှစွာ ဖန်တီးထားသည်ဟု သတ်မှတ်ရမည်ဖြစ်ပါသည်။
New Discovery ၏ Tailgate အားစတင်လေ့လာပါက ၄င်း၏ အပေါ်ဘက်ဒီဇိုင်း၊ အောက်ဘက်ရှိ (ဘရိတ်မီး) ဒီဇိုင်း၊ မှန်တံခါးနှင့် Discovery တံဆိပ်တို့သည် ကြည့်ရှုရသည်မှာ အဆင်ပြေမှုရှိပါသည်။
သို့သော် Tailgate ၏ အလယ်ပိုင်းတွင် (လိုင်စင်နံပါတ်နေရာ)အား ထူးခြားစွာ ဖယ်ထုတ်ထားပြီး ၄င်း၏ Bottom half area အား အလျားလိုက်ကွေးစောင်းထားသည့် ပုံစံဖြင့် ဖန်တီးထားသည်ကို တွေ့ရပါသည်။ ၄င်း၏ပုံစံသည် အဆန်းတကြယ်ရှိသည့် Design ဖန်တီးမှုဟု ဆိုနိုင်ပါသည်။
ပထမဆုံး Discovery Model အား 1980 ပြည့်နှစ်နှောင်းပိုင်းကာလတွင် စတင်မိတ်ဆက်ခဲ့ ပါသည်။ ထိုအချိန်က ၄င်းကားများ၏ နောက်ဖုံးအလယ်တွင် Tire cover ပါရှိပြီး ဘီးအပိုအား တပ်ဆင် ထား၍ (လိုင်စင်အပြား)အား ဘေးဘက်တွင် တပ်ဆင်ထားခဲ့ပါသည်။ထိုပုံစံအတိုင်း 2004 ခုအထိ ဆက်လက် ထားရှိခဲ့ပါသည်။ထို့နောက် ထပ်မံထုတ်လုပ်သည့် LR 3 / Discovery 3 ကားများတွင် အပိုဘီးအား ယာဉ်အောက်ဘက်သို့သာ ဆက်လက်ထားရှိခဲ့ပါသည်။ အဘယ့်ကြောင့်ဆိုသော နောက်မှန် တံခါးဧရိယာအား ကျယ်ဝန်းစွာထားရှိလို၍ပင်ဖြစ်ပါသည်။
(LR3 / LR4) ကားများတွင် အဆိုပါ (Tailgate) အား ထက်ဝက်ပိုင်းသည့်ဒီဇိုင်းဖြင့် ဖန်တီးခဲ့၍ တံခါး(၂)ချပ်ပုံစံဖြင့် ဖွင့်/ပိတ်ခြင်းပြုလုပ်နိုင်ပါသည်။၄င်းပုံစံနှင့်လိုက်ဖက်သည့် (Body Shape)ကိုလည်း ဖန်တီးထား၍ ကြည့်ရှုရသည်မှာလည်း အဆင်ပြေပါသည်။ သို့သော် ယခု(New Discovery) တွင် (လိင်စင်နံပါတ်)အား (Tailgate)အလည်တွင် ထားရှိခြင်း (သို့) ပြေပြစ်သည့် (Tailgate) အလယ်ပိုင်း ပုံစံဖြင့်ဖန်တီးပါက ယခုပုံစံထက် များစွာအဆင်ပြေမည်မှာ အမှန်ပင်ဖြစ်ပါသည်။
Zawgyi version…