Unicode version…
Automaker များတွင် စိတ်ဝင်စားဖွယ်တီထွင်မှုများပြုလုပ်လေ့ရှိကြပြီး အချို့သည် အရေးပါသည့် တီထွင်မှုများဖြစ်ကြပြီး အချို့သည် လွယ်ကူသော်လည်း အံ့ကြဖွယ်ရာ အသေးအဖွဲများ ဖြစ်ကြပါသည်။ ၄င်းတို့အနက် Land Rover ၏ စိတ်ဝင်စားဖွယ် Useful ဖြစ်သည့် တီထွင်မှုတစ်မျိုးအား တင်ဆက်ပါမည်။
Land Rover Discovery II အား (1998-2004)ခုနှစ်တွင်း ထုတ်လုပ်အောင်မြင်ခဲ့ပါသည်။ ၄င်းသည်
Discovery I ထက်များစွာလှပပြီး ပါ၀င်မှုများစုံလင်ခဲ့သော်လည်း ၄င်း၏ Head Gaskets ပြဿနာနှင့် အခြား သောဒီဇိုင်းပိုင်းဆိုင်ရာပြဿနာများကြောင့် မျှော်မှန်းသလောက်ရောင်းချရခြင်း မရှိခဲ့ပါ။
သို့သော် အဆိုပါ LR 2 Models များတွင် စိတ်ဝင်စားဖွယ်ပြုလုပ်ထားသည့် Rear Headrests များပါရှိခဲ့ပါသည်။ အဆိုပါခေါင်းမှီများအား ကားအနောက်ဖက်မျက်နှာကျက်တွင် တပ်ဆင်ထားကာ နောက်ဆုံးထိုင်ခုံတန်းများခင်းကျင်းပြီးပါက အပေါ်မှ ဖြုတ်ချရမည်ဖြစ်ပါသည်။ တတိယထိုင်ခုံတန်း ခေါက်သိမ်းခဲ့ပါက အဆိုပါခေါင်းမှီများအား မျက်နှာကျက်သို့ပြန်လည်ထည့်သွင်းရပါမည်။ ထိုစနစ်အား တတိယထိုင်ခုံတန်း အသုံးပြုခြင်း၊ ခေါက်သိမ်းခြင်းများအတွက် များစွာအဆင်ပြေစေရန် ဒီဇိုင်းဆွဲခဲ့ခြင်းဖြစ် ကာ ထူးခြားသည့်ပါ၀င်မှုအဖြစ်လည်း လူသိများခဲ့ပါသည်။
သို့သော်ထိုခေါင်းမှီဒီဇိုင်းအာ (1998-2004)အတွင်း ထုတ်လုပ်ခဲ့သည့် (LR2)ကားများတွင် အသုံး ပြုခဲ့ပြီး (2005)တွင် အသစ်ထုတ်လုပ်ခဲ့သည့် (LR3)တွင် ဆက်လက်ထည့်သွင်ခြင်းမရှိဘဲ သမာရိုးကျဖြစ် သည့် နောက်ခုံနှင့်တွဲဆက်ထားသည့် ခေါင်းမှီများသာ ဖန်တီးခဲ့ပါသည်။
မည်သို့ပင်ဖြစ်စေ (Land Rover LR2)တွင် ထည့်သွင်းခဲ့သည့် စိတ်ဝင်စားဖွယ် Headrest များအား LR2 ချစ်သူများမှ အမှတ်ရနေမည်ဟု ယုံကြည်မိပါသည်။
Zawgyi version…