Unicode version…

ပြီးခဲ့သည့် စက်တင်ဘာလ (၂၄) ရက်က လာအိုနိုင်ငံတွင် ကျင်းပခဲ့သော Land Rover Experience Tour Peru 2017 အတွက် ပထမပတ်လည်ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြု ကားမောင်းဝါသနာရှင်ဒေါက်တာစိုးထွဋ်အောင်မှ အနိုင်ရရှိကြောင်း သိရသည်။ ထို့ကြောင့် ၎င်းသည် ပီရူးနိုင်ငံတွင်ကျင်းပမည့် လန်းရိုဗာ၏ အတွေ့အကြုံ ခရီးစဉ်ပြိုင်ပွဲတွင် ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။

အသက် (၃၃) နှစ်အရွယ်ရှိသော ဒေါက်တာစိုးထွဋ်အောင်မှ ပီရူးနိုင်ငံတွင် သဘာဝ၏အလှပဆုံးနှင့် စိန်ခေါ်မှုအကောင်းဆုံး ရှုခင်းများကြားတွင် ကမ္ဘာတစ်ခုလုံးမှအတော်ဆုံး ကားမောင်းသူများစုရုံးပြီး အဆုံးစွန် လမ်းကြမ်းမောင်းစွန့်စားခန်းတွင် သူ၏အတွေ့အကြုံများက ကူညီနိုင်လိမ့်မည်ဟု ယုံကြည်နေသည်။

“ဒါဟာ ကျွန်တော့်အတွက် အကြီးကျယ်ဆုံး စိတ်ဝင်စားစေတဲ့ ကားမောင်းစိန်ခေါ်မှုတစ်ခုကို ကျွန်တော် ပျော်ရွှင်စွာ အောင်နိုင်ခဲ့ရတာပါပဲ“ ဟု ဒေါက်တာစိုးကပြောပါသည်။ သူသည် အင်ဂျီအို (NGO) တစ်ခုတွင် အလုပ်လုပ် နေသည့် ဆေးဆရာဝန်တစ်ဦးဖြစ်ပြီး၊ လမ်းကြမ်းများကို လုံခြံုစွာနှင့် ကျွမ်းကျင်စွာမောင်းနှင်သည့် အလေ့အထ အရေး ကြီးကြောင်း ပြသသည့်သဘောဖြင့် မြန်မာနိုင်ငံ၏ ဝေးလံခေါင်းပါးသောဒေသများကို ကျယ်ကျယ်ပြန့်ပြန့် ခရီးသွားလေ့ ရှိပါသည်။ “ပီရူးနိုင်ငံမှာတွေ့ရမယ့် စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ကြိုတင်မျှော်လင့်နေပြီး ကျွန်တော်ရဲ့ ကား မောင်းကျွမ်းကျင်မှုကို စမ်းသပ်ကြည့်ရမှာပါဘဲ။ မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသနဲ့ ကားလမ်းမပေါက်တဲ့နယ်မြေတွေမှာ၊ ကျွန်တော်ဟာ အလေ့အကျင့်ရခဲ့တော့ ကျွန်တော့်အနေနဲ့ တခြားကားမောင်းသမားတွေထက် အခွင့်အရေး ပိုရမယ်လို့ မျှော်လင့် ပါတယ်။ “

4×4 မြန်မာအသင်းအဖွဲ့ဝင်နှင့်၊ မြန်မာနိုင်ငံ လန်းရိုဗာကလပ်တို့၏ အသင်းဝင်ဖြစ်သည့် ဒေါက်တာစိုးသည် မြန်မာနိုင်ငံ လမ်းကြမ်းမောင်းအဖွဲ့အစည်း (Myanmar Off Road Association) ကို စတင်ထူ ထောင်သူလည်းဖြစ်ပါသည်။

“ဒေါက်တာစိုးရဲ့ လမ်းကြမ်းမောင်းနှင်မှုမှာ ပြင်းထန်တဲ့ဆန္ဒ၊ စိတ်ပါ၀င်စားမှုနဲ့ အတွေ့အကြုံတွေက သူ့ရဲ့ ထင်ရှားတဲ့ အောင်မြင်မှုအတွက် သော့ချက်တွေပဲဆိုတာ ထင်ရှားနေပါတယ်“ ဟု မြန်မာနိုင်ငံဂျက်ဂွာ လန်းရိုဗာ ကား ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ မစ္စတာအိုင်ယင်မက်ကလင်းက ပြောပါသည်။ “ရန်ကုန်မှာလုပ်တဲ့ အရည်အချင်းစစ်ပွဲ မှာ ဒေါက်တာစိုးရဲ့အားကစားကွင်း ခြံစည်းရိုး စိန်ခေါ်မှုအတွက် ကြာချိန်ဟာ အင်မတန်ထူးခြားတဲ့ (၃၂) စက္ကန့်ပဲ ဖြစ် ပြီး၊ အနီးကပ်ဆုံး ပြိုင်ဖက်ရဲ့ကြာချိန်တစ်ဝက်ပဲ ရှိပါတယ်။ ကားတစ်စင်းကို ဘယ်လိုမောင်းရမလဲဆိုတာ သူ ကောင်းကောင်းသိပါတယ်။“ဟု၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

ဒေါက်တာစိုးသည်၊ “လန်းရိုဗာအတွေ့အကြုံခရီး၊ ပီရူး ၂၀၁၇” ပွဲကို ပါ၀င်ဆင်နွှဲမည်ဖြစ်ပြီး ယင်းပွဲက ကမ္ဘာ့ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ (၄၂၀၀) မှာရှိသော အင်ဒီး (စ်) တောင်တန်းများပေါ်တွင် (၆) ရက် အချိန်ကျော်ကျော်အတွင်း ကားမောင်းပြိုင်ပွဲဝင်များက သိပ်သည်းသည့် သစ်တောများအား ပထမဆုံးဖြတ်ကျော်ရ မည်ဖြစ်ကာ ခက်ခဲသော အယ်(လ်)ပိုင်း တောင်တန်း၏ ရေခဲပြင်ပေါ်တွင်လည်း ပြိုင်မောင်းရမည်ဖြစ်သည်။

Zawgyi version…

ျပီးခဲ့သည့္ စက္တင္ဘာလ (၂၄) ရက္က လာအုိႏုိင္ငံတြင္ က်င္းပခဲ့ေသာ Land Rover Experience Tour Peru 2017 အတြက္ ပထမပတ္လည္ၿပိဳင္ပြဲကို ျမန္မာႏုိင္ငံကုိယ္စားျပဳ ကားေမာင္း၀ါသနာရွင္ေဒါက္တာစိုးထြဋ္ေအာင္မွ အႏိုင္ရရွိေၾကာင္း သိရသည္။ ထုိ႕ေၾကာင့္ ၎သည္ ပီရူးႏိုင္ငံတြင္က်င္းပမည့္ လန္းရိုဗာ၏ အေတြ႔အၾကဳံ ခရီးစဥ္ၿပိဳင္ပြဲတြင္  ဆက္လက္ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရမည္ျဖစ္သည္။

အသက္ (၃၃) ႏွစ္အရြယ္ရွိေသာ  ေဒါက္တာစိုးထြဋ္ေအာင္မွ ပီရူးႏိုင္ငံတြင္ သဘာ၀၏အလွပဆုံးႏွင့္ စိန္ေခၚမႈအေကာင္းဆုံး ရႈခင္းမ်ားၾကားတြင္ ကမာၻတစ္ခုလုံးမွအေတာ္ဆုံး ကားေမာင္းသူမ်ားစုရုံးၿပီး အဆုံးစြန္ လမ္းၾကမ္းေမာင္းစြန္႔စားခန္းတြင္ သူ၏အေတြ႔အၾကံဳမ်ားက ကူညီႏုိင္လိမ့္မည္ဟု ယုံၾကည္ေနသည္။

“ဒါဟာ ကၽြန္ေတာ့္အတြက္ အႀကီးက်ယ္ဆုံး စိတ္၀င္စားေစတဲ့ ကားေမာင္းစိန္ေခၚမႈတစ္ခုကို ကၽြန္ေတာ္ ေပ်ာ္ရႊင္စြာ ေအာင္ႏိုင္ခဲ့ရတာပါပဲ“ ဟု ေဒါက္တာစိုးကေျပာပါသည္။ သူသည္ အင္ဂ်ီအို (NGO) တစ္ခုတြင္ အလုပ္လုပ္ ေနသည့္ ေဆးဆရာ၀န္တစ္ဦးျဖစ္ၿပီး၊ လမ္းၾကမ္းမ်ားကို လုံျခံဳစြာႏွင့္ ကၽြမ္းက်င္စြာေမာင္းႏွင္သည့္ အေလ့အထ အေရး ႀကီးေၾကာင္း ျပသသည့္သေဘာျဖင့္ ျမန္မာႏိုင္ငံ၏ ေ၀းလံေခါင္းပါးေသာေဒသမ်ားကို က်ယ္က်ယ္ျပန္႔ျပန္႔ ခရီးသြားေလ့ ရွိပါသည္။ “ပီရူးႏိုင္ငံမွာေတြ႔ရမယ့္ စိန္ေခၚမႈေတြကို ရင္ဆိုင္ဖို႔ ႀကိဳတင္ေမွ်ာ္လင့္ေနၿပီး ကၽြန္ေတာ္ရဲ့ ကား ေမာင္းကၽြမ္းက်င္မႈကို စမ္းသပ္ၾကည့္ရမွာပါဘဲ။ ျမန္မာႏိုင္ငံရဲ႕ ေက်းလက္ေဒသနဲ႔ ကားလမ္းမေပါက္တဲ့နယ္ေျမေတြမွာ၊ ကၽြန္ေတာ္ဟာ အေလ့အက်င့္ရခဲ့ေတာ့ ကၽြန္ေတာ့္အေနနဲ႔ တျခားကားေမာင္းသမားေတြထက္ အခြင့္အေရး ပိုရမယ္လို႔ ေမွ်ာ္လင့္   ပါတယ္။ “

4×4 ျမန္မာအသင္းအဖြဲ႔၀င္ႏွင့္၊ ျမန္မာႏိုင္ငံ လန္းရိုဗာကလပ္တို႔၏ အသင္း၀င္ျဖစ္သည့္ ေဒါက္တာစိုးသည္ ျမန္မာႏိုင္ငံ လမ္းၾကမ္းေမာင္းအဖြဲ႔အစည္း (Myanmar Off Road Association) ကို စတင္ထူ ေထာင္သူလည္းျဖစ္ပါသည္။

“ေဒါက္တာစိုးရဲ႕ လမ္းၾကမ္းေမာင္းႏွင္မႈမွာ ျပင္းထန္တဲ့ဆႏၵ၊ စိတ္ပါ၀င္စားမႈနဲ႔ အေတြ႔အၾကဳံေတြက သူ႔ရဲ႕ ထင္ရွားတဲ့ ေအာင္ျမင္မႈအတြက္ ေသာ့ခ်က္ေတြပဲဆိုတာ ထင္ရွားေနပါတယ္“ ဟု ျမန္မာႏိုင္ငံဂ်က္ဂြာ လန္းရိုဗာ ကား ကုမၸဏီ၏ အေထြေထြမန္ေနဂ်ာ မစၥတာအိုင္ယင္မက္ကလင္းက ေျပာပါသည္။ “ရန္ကုန္မွာလုပ္တဲ့ အရည္အခ်င္းစစ္ပြဲ မွာ ေဒါက္တာစိုးရဲ႕အားကစားကြင္း ျခံစည္းရိုး စိန္ေခၚမႈအတြက္ ၾကာခ်ိန္ဟာ အင္မတန္ထူးျခားတဲ့ (၃၂) စကၠန္႔ပဲ ျဖစ္ ၿပီး၊ အနီးကပ္ဆုံး ၿပိဳင္ဖက္ရဲ႕ၾကာခ်ိန္တစ္၀က္ပဲ ရွိပါတယ္။ ကားတစ္စင္းကို ဘယ္လိုေမာင္းရမလဲဆိုတာ သူ ေကာင္းေကာင္းသိပါတယ္။“ဟု၎က ဆက္လက္ေျပာဆုိခဲ့သည္။

ေဒါက္တာစိုးသည္၊ “လန္းရိုဗာအေတြ႔အၾကဳံခရီး၊ ပီရူး ၂၀၁၇” ပြဲကုိ ပါ၀င္ဆင္ႏႊဲမည္ျဖစ္ၿပီး ယင္းပြဲက ကမာၻ႕ ပင္လယ္ေရမ်က္ႏွာျပင္အထက္ မီတာ (၄၂၀၀) မွာရွိေသာ အင္ဒီး (စ္) ေတာင္တန္းမ်ားေပၚတြင္ (၆) ရက္ အခ်ိန္ေက်ာ္ေက်ာ္အတြင္း ကားေမာင္းၿပိဳင္ပြဲ၀င္မ်ားက သိပ္သည္းသည့္ သစ္ေတာမ်ားအား ပထမဆုံးျဖတ္ေက်ာ္ရ မည္ျဖစ္ကာ  ခက္ခဲေသာ အယ္(လ္)ပိုင္း ေတာင္တန္း၏ ေရခဲျပင္ေပၚတြင္လည္း ၿပိဳင္ေမာင္းရမည္ျဖစ္သည္။