ECD (ယခင်က East Coast Defenders လို့လူသိများ) ဟာ Land Rover Defender တွေကို ပိုပြီးစွမ်းဆောင်ရည်ကောင်းမွန်အောင် ဖန်တီးနေတဲ့ Automotive Design လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ဆီကနေ electric option တစ်ခုတလေ ထွက်ပေါ်လာခြင်းမရှိခဲ့ဖူးသေးပါဘူး။

အခုတော့ Tesla motor နဲ့ 100 kWh battery pack တွေကိုအသုံးပြုထားတဲ့ Version ပေါ်လာခဲ့ပြီဖြစ်ပြီး ဒီကားက 5.5 second အတွင်း 60 အမြန်နှုန်းကိုရောက်နိုင်တယ်ဆိုထားတဲ့အတွက် ဒါဟာV8 အင်ဂျင်သုံးတွေနဲ့ ယှဉ်ရင်တောင် normal Defender standards အရ တကယ့်ကိုမြန်ဆန်တဲ့အနေအထားလို့ဆိုရမှာဖြစ်ပါတယ်။

ECD ရဲ့အပြောအရ battery pack ကို three-phase charger အသုံးပြုကာ 5 နာရီအတွင်း အားအပြည့်ပြန်သွင်းနိုင်မှာဖြစ်ပြီး range 220 miles (354 km) ထိရနိုင်မှာလည်း ဖြစ်ပါတယ်။ တခြား technical detail အသေးစိတ်ကိုတော့ လက်ရှိမှာမသိရသေးပါဘူး။

ဒီ Electric Defender ကို ဝယ်ယူသူရဲ့စိတ်တိုင်းကျ အပြည့်အဝမွမ်းမံပြင်ဆင်နိုင်မှာပါ။ အဲဒီအထဲမှာ cosmetic touches, off-road gear ထပ်တိုးမွမ်းမံမှုနဲ့ interior layout style ပြောင်းလဲမှုတွေ ပါဝင်မှာပါ။

ECD Automotive Design ဟာ British firm နဲ့ပူးပေါင်းပြီး Electric Classic Cars အမည်နဲ့ ဆက်လက်လုပ်ကိုင်သွားဖို့ရှိနေပါတယ်။ (Land Rover Defender EV ရဲ့ video link ကို Comment Box မှာ ဖော်ပြပေးထားပါတယ်)

Ref: motor1
Thiha