Lexus သည် Update Features များစွာ ပါဝင်ထားသည့် RC နှင့် RC F တို့အား ဂျပန်ဈေးကွက်တွင် စတင်မိတ်ဆက်လိုက်ပြီး ၎င်းတို့အား 2023 ၊ January 9 ၊ တွင် Model Launch ပြုလုပ်ပါမည်။ New RC / RCF တို့တွင် ဘီးများကို ထိန်းထားရန်အတွက် Hub bolts with Washer ကိုစတင် အသုံးပြုကာ ( Festering Force ) တို့ကို မြှင့်ပေးရန် ရည်ရွယ်ခြင်းဖြစ်သည်။

ထို့အပြင် Performance ကို အထူးကောင်းမွန် စေရန်အတွက် – Adaptive Variable Suspension နှင့် Electric Power Steering တို့ကို ထည့်သွင်းထား သည့်အပြင် Automatic Transmission ကိုလည်း  Tuning လုပ်ထားပါသည်။ New RCF Sport တွင် Enkei နှင့် BBS တို့မှ Design ထုတ်ထားသည့် Wheel Design အသစ် ( ၂ ) မျိုး ပါဝင်မည်ဖြစ်ကာ Y – Shape Spoke ပုံစံများဖြစ်ပါမည်။ ထို့အပြင် နည်းပညာဆိုင်ရာ အဆင့်မြင့်တင်မှုများအနေဖြင့် – Monocular Camera နှင့် Millimeter – Wave Radar တို့ကိုလည်း အဆင့်မြှင့်တင်ထားပါသည်။

2023 RC နှင့် RC F တို့တွင် New Lexus I S ထံမှ ရယူထားသည့် – 10.3 – inch Touchscreen နှင့် အတူ Electric Parking Brake ၊ Infotainment System ၊ စသည့် Features များစွာကိုလည်း ထည့်သွင်းပေးထားပါသည်။ ထိုင်ခုံများသည် Premium Leather အမျိုးအစား Sport Seats များဖြစ်ကာ အပြာရောင်အနားသက်လိုင်းများကိုလည်း ပေါင်းစပ်ပေးထားခြင်းကိုမြင်တွေ့ရပါသည်။ Lexus သည် 2022 November အထိ စာရင်းအရ RC Coupe အစင်းရေ ( 74,000 ) အား နိုင်ငံ ၆၂ နိုင်ငံတွင် ရောင်းချခဲ့ပြီး RC F အစင်းရေ ( 11,000 ) အားနိုင်ငံ ၅၇ နိုင်ငံတွင် ရောင်းချခဲ့ပါသည်။

#DriveMediaMyanmar