Lexus သည် ပထမဆုံး EV Model Crossover ဖြစ်သည့် Lexus UX 300 e အား တရုတ်နိုင်ငံ ၊ Guagzhou အပြည်အပြည်ဆိုင်ရာကားပြပွဲ၌ စတင်မိတ်ဆက်လိုက်ပါသည်။ အဆိုပါ EV Model တွင် ( 54.3 – Kwh Output ) ရှိသည့် Lithium – ion Battery Pack ပါရှိပြီး Driving Range သည် ( 248 Miles ) ခန့်ရရှိနိုင်ပါမည်။ ၎င်းနှင့် အတူ ( 201 hp Output ) ရှိသည့် လျှပ်စစ်မော်တာကို တွဲဖက်ထားပြီး 50 KW ရှိသည့် DC လျှပ်စစ်ကို ထုတ်လုပ်ပေးပါသည်။ UX 300 e တွင် သက်တောင့်သက်သာရှိပြီး ထူးခြားသည့် Driving စွမ်းဆောင်ရည်ပါရှိသည် NVH နှင့် Driving Dynamics တို့ ထည့်သွင်းထားကာ Shifter ကို အသုံးပြု၍ Driving Model များကို စိတ်ကြိုက် ဖန်တီးနိုင်မည်ဖြစ်သည်။ ပေါ့ပါးပြီး ဆိတ်ငြိမ်မှုရှိသည့် မောင်းနှင်မှုအခြေအနေကို ပေးအပ်မည့် Active Sound Control – ASC စနစ်တို့လည်း UX 300 e တွင် တွေ့မြင်ရမည်ဖြစ်သည်။ Lexus UX 300 e အား ဥရောပနှင့် တရုတ်နိုင်ငံတို့၌ 2020 တွင် ရောင်းချမည်ဖြစ်ပြီး ဂျပန်တွင် 2021 မှသာ မိတ်ဆက် မည်ဖြစ်သည်။

Zawgyi Version…..
Lexus ၏ ပထမဆုံး EV ဖြစ်သည့် Lexus UX 300 e ဥရောပနှင့် တရုတ်နိုင်ငံတို့တွင် စတင်ရောင်းချမည်