Unicode version..

Lexus သည် ၄င်း၏ ထင်ရှားသည့် LC 500 Coupes အား မကြာမီက ကျင်းပခဲ့သည့် SEMA ပြပွဲတွင် ပြသခဲ့ပါသည်။ ၄င်းသည် အခြားသော LCs များနှင့် လုံးဝကွဲပြားမှုရှိသည့် ကားဖြစ်ပြီး L C Series ၏ ပထမဆုံး ဆန်းသစ်စွာထုတ်လုပ်ထားသည့် ကားလည်းဖြစ်ပါသည်။ ၄င်းအား အထူးသီးသန့်အနေဖြင့် ထုတ်လုပ်ခြင်းဖြစ်ပြီး လွန်စွာထူးခြားဆန်းသစ်သည့် ဆေးရောင်ဖြစ်သည့် (Blue Morpho Butterfly) ဖြင့် ဖန်တီးထားမည်ဖြစ်ကာ မကြာမီရုံတင်ပြသမည့် Marvel ၏ နာမည် ကျော် Black Panther တွင် အဓိကပါ၀င်မည်ဖြစ်ပါသည်။

Lexus L C 500 သည် အထူးသီးသန့်ဖြစ်မှုအားနှစ်သက်သည့် ကားချစ်သူများအတွက်သာ ထုတ်လုပ်ပေးမည်ဖြစ်ပြီး အဓိကထူးခြားမှုဖြစ်သည့် ၄င်း၏ဆေးရောင်အား Hight Light ဖြင့် ရည်ညွှန်းပါမည်။ Lexus ၏ အဆိုအရ ယခု L C 500 တွင် ချယ်မှုန်းထားသည့်ဆေးရောင်သည် အမှန်တကယ်တောက်ပပြီး အလင်းပြန်မည့် (အပြာရောင်)ဆေးရောင်ဖြစ်ပြီး နည်းပညာအသစ်ဖြစ် သည့် (နာနိုနည်းပညာဖန်တီးမှု)အား အပြာရောင်ဆေးအောင်တွင် မြှပ်နှံထားရှိမည်ဖြစ်၍ တောက်ပ သောအပြာရောင်ဆေးရောင်အဖြစ် တွေ့မြင်ရမည်ဖြစ်ပါသည်။ အဆိုပါ (Blue Morpho Butterfly) ဆေးရောင်အား (Lexus)မှ အချိန်(၈)လခန့်အထိ အချိန်ယူပြုလုပ်ခြင်းဖြစ်ပြီး ပထမဆုံးကားနှစ်စင်း သာ ထိုအချိန်အတွင်း ပြိုင်တူပြီးစီးခဲ့ပါသည်။ ထိုသို့ခက်ခဲစွာဖန်တီးရသည့် (Lexus LC 500)အထူး ကားများအား (U.S Market) အတွက် အစင်းရေ (၁၀၀)ခန့်သာ ကန့်သတ်ထုတ်လုပ်မည် ဖြစ်ပါသည်။ အဆိုပါကားများတွင် ဆန်းကြယ်သည့်အပြာရောင်ဆေးအပြင် (21 – inch forget wheels)၊ (အထူးသီးသန့်ဖြစ်သည့် ကာဗွန်ဖိုင်ဘာတံခါးများ)လည်း ပါ၀င်မည်ဖြစ်ပါသည်။

(Black Panther) ရုပ်ရှင်တွင်ပါ၀င်မည့် (Lexus LC 500)သည် အထက်ပါကားများနှင့် အနည်းငယ်ကွဲပြားမှုရှိမည်ဖြစ်ပြီး ကြီးမားခန့်ထည်သည့် ဒီဇိုင်းဖြင့် ဖန်တီးထားမည်ဖြစ်ပါသည်။ ကားဘေးဖက်နံပါးများတွင် ငွေရောင်လိုင်းများပါ၀င်မည်ဖြစ်ပါသည်။ Dark Indigo Blue ဆေးရောင် ဖြင့်ဖန်တီးထားသည့် Black Panther မျက်နှာဖုံးဒီဇိုင်းအား ကားအမိုးတွင် ရေးဆွဲထားပါမည်။ ကားအတွင်းခန်းတွင် အနက်ရောင်သားရေများအား Blue Alcantara ဖြင့် တွဲဖက်ထားမည်ဖြစ်ပါ သည်။ ထို့အပြင် (Bullet Proof / Self – healing Vibranium Body/ Brain – Computer Interface) စသည့် အဆန်းတကြယ်ပါ၀င်မှုများကိုလည်း Super Hero ၏ကားနှင့် ကိုက်ညီစွာထည့်သွင်းထားပါမည်။ ထိုသို့ ထူးခြားမှုများစွာဖြင့် ဖန်တီးထားသည့် (Lexus LC Blue Marpho Butterfly) ကားပါ၀င်မည့် (Black Panther)အား စောင့်မျှော်ကြည့်ရှုသင့်ကြောင်း ရည်ညွှန်းလိုက်ပါသည်။

Zawgyi version…

Lexus သည္ ၄င္း၏ ထင္႐ွားသည့္ LC 500 Coupes အား မၾကာမီက က်င္းပခဲ့သည့္ SEMA ျပပြဲတြင္ ျပသခဲ့ပါသည္။ ၄င္းသည္ အျခားေသာ LCs မ်ားႏွင့္  လံုး၀ကြဲျပားမႈ႐ွိသည့္ ကားျဖစ္ၿပီး L C Series ၏ ပထမဆံုး ဆန္းသစ္စြာထုတ္လုပ္ထားသည့္ ကားလည္းျဖစ္ပါသည္။ ၄င္းအား အထူးသီးသန္႕အေနျဖင့္ ထုတ္လုပ္ျခင္းျဖစ္ၿပီး လြန္စြာထူးျခားဆန္းသစ္သည့္ ေဆးေရာင္ျဖစ္သည့္ (Blue Morpho Butterfly) ျဖင့္ ဖန္တီးထားမည္ျဖစ္ကာ မၾကာမီ႐ံုတင္ျပသမည့္ Marvel ၏ နာမည္ ေက်ာ္ Black Panther တြင္ အဓိကပါ၀င္မည္ျဖစ္ပါသည္။

Lexus L C 500 သည္ အထူးသီးသန္႕ျဖစ္မႈအားႏွစ္သက္သည့္ ကားခ်စ္သူမ်ားအတြက္သာ ထုတ္လုပ္ေပးမည္ျဖစ္ၿပီး အဓိကထူးျခားမႈျဖစ္သည့္ ၄င္း၏ေဆးေရာင္အား Hight Light ျဖင့္ ရည္ညႊန္းပါမည္။ Lexus ၏ အဆိုအရ ယခု L C 500 တြင္ ခ်ယ္မႈန္းထားသည့္ေဆးေရာင္သည္ အမွန္တကယ္ေတာက္ပၿပီး အလင္းျပန္မည့္ (အျပာေရာင္)ေဆးေရာင္ျဖစ္ၿပီး နည္းပညာအသစ္ျဖစ္ သည့္ (နာႏိုနည္းပညာဖန္တီးမႈ)အား အျပာေရာင္ေဆးေအာင္တြင္ ျမွပ္ႏွံထား႐ွိမည္ျဖစ္၍ ေတာက္ပ ေသာအျပာေရာင္ေဆးေရာင္အျဖစ္ ေတြ႕ျမင္ရမည္ျဖစ္ပါသည္။ အဆိုပါ (Blue Morpho Butterfly) ေဆးေရာင္အား (Lexus)မွ အခ်ိန္(၈)လခန္႕အထိ အခ်ိန္ယူျပဳလုပ္ျခင္းျဖစ္ၿပီး ပထမဆံုးကားႏွစ္စင္း သာ ထိုအခ်ိန္အတြင္း ၿပိဳင္တူၿပီးစီးခဲ့ပါသည္။ ထိုသို႕ခက္ခဲစြာဖန္တီးရသည့္ (Lexus LC 500)အထူး ကားမ်ားအား (U.S Market) အတြက္ အစင္းေရ (၁၀၀)ခန္႕သာ ကန္႕သတ္ထုတ္လုပ္မည္ ျဖစ္ပါသည္။ အဆိုပါကားမ်ားတြင္ ဆန္းၾကယ္သည့္အျပာေရာင္ေဆးအျပင္ (21 – inch forget wheels)၊ (အထူးသီးသန္႕ျဖစ္သည့္ ကာဗြန္ဖိုင္ဘာတံခါးမ်ား)လည္း ပါ၀င္မည္ျဖစ္ပါသည္။

(Black Panther) ႐ုပ္႐ွင္တြင္ပါ၀င္မည့္ (Lexus LC 500)သည္ အထက္ပါကားမ်ားႏွင့္ အနည္းငယ္ကြဲျပားမႈ႐ွိမည္ျဖစ္ၿပီး ႀကီးမားခန္႕ထည္သည့္ ဒီဇိုင္းျဖင့္ ဖန္တီးထားမည္ျဖစ္ပါသည္။ ကားေဘးဖက္နံပါးမ်ားတြင္ ေငြေရာင္လိုင္းမ်ားပါ၀င္မည္ျဖစ္ပါသည္။ Dark Indigo Blue ေဆးေရာင္ ျဖင့္ဖန္တီးထားသည့္ Black Panther မ်က္ႏွာဖံုးဒီဇိုင္းအား ကားအမိုးတြင္ ေရးဆြဲထားပါမည္။ ကားအတြင္းခန္းတြင္ အနက္ေရာင္သားေရမ်ားအား Blue Alcantara ျဖင့္ တြဲဖက္ထားမည္ျဖစ္ပါ သည္။ ထို႕အျပင္ (Bullet Proof / Self – healing Vibranium Body/ Brain – Computer Interface) စသည့္ အဆန္းတၾကယ္ပါ၀င္မႈမ်ားကိုလည္း Super Hero ၏ကားႏွင့္ ကိုက္ညီစြာထည့္သြင္းထားပါမည္။ ထိုသို႕ ထူးျခားမႈမ်ားစြာျဖင့္ ဖန္တီးထားသည့္ (Lexus LC Blue Marpho Butterfly) ကားပါ၀င္မည့္ (Black Panther)အား ေစာင့္ေမွ်ာ္ၾကည့္႐ႈသင့္ေၾကာင္း ရည္ညႊန္းလိုက္ပါသည္။