Zawgyi Version…







Unicode Version…
Lexus မှ ပထမတန်းစား Minivan LM အားမွေးဖွားလိုက်ပြီ
Lexus သည် ၎င်း၏ Model Lineup တွင် ပထမဆုံး Luxury MPV အမျိုးအစားအသစ် ဖြစ်သည့် Lexus LM အား Private Limousine Model အနေဖြင့် အသစ်ဖန်တီးလိုက်ပါသည်။ ၎င်းအား တရုတ်နိုင်ငံနှင့် အာရှဈေးကွက်သို့ အဓိကရောင်းချမည်ဖြစ်သည်။ Toyota Al phard ကို အခြေခံထားသည့် Lexus LM ကို ခရီးသည် ( ၄ ) ယောက်စီးအနေဖြင့်သာ ထုတ်လုပ်မည်ဖြစ်ပြီး စွယ်စုံအသုံးပြုနိုင်သည့် Caption Chairs (၂ ) ဦးသီးခြားပါရှိမည်ဖြစ်ပြီး အလည်တွင် ( built – in Touch contra Panel – ၎င်းမှတဆင့် ကားအတွင်းခန်းထိန်းချုပ်ခြင်း ၊ ထိုင်ခုံထိန်းချုပ်ခြင်းအားလုံးကို ဆောင်ရွက်နိုင်မည် ) လည်းပါရှိမည်ဖြစ်ကာ အရှေ့ခန်းနှင့် အနောက်ခန်းကြားတွင် ( Power Glass ) ဖြင့် ပိုင်းခြားထားပြီး ( 26 – inch Screen)၊ ( ၁၄ လီတာ ဆန့်သည့် ရေခဲသေတ္တာ) ၊ စပီကာ (၁၉) လုံးပါသည့် အသံစနစ် စသည့် Features များစုံလင်စွာ ပါရှိမည်ဖြစ်သည်။ မှန်များအား အသံလုံစနစ်ဖြစ်သည့် Double-layer Noise-Reducing Glass စနစ်ကို အသုံးပြုထားမည့်အပြင် တည်ငြိမ်ပြီး သက်သောင့်သက်သာဖြစ်ရန်အတွက် (Swing Valve Shock Absorbers) စနစ်များ အပါအဝင် အဆင့်မြင့် အောက်ပိုင်းစနစ်များလည်း ပါရှိမည်ဖြစ်၍ ထိပ်တန်းအဆင့်အနေဖြင့် အသုံးပြုနိုင်ပါမည်။ ၎င်းတွင် အင်ဂျင် (၂)မျိုး ရရှိနိုင်ပြီး LM 350 h တွင် (3.5 L Petrol Engine) ကို၎င်း၊ LM 300 h တွင် ( 2.5 L Atinson I 4 Engine ) နှင့် Hybrid Powerကို တွဲဖက်ထားသည့် အင်ဂျင်ကို ၎င်း ရရှိနိုင်ပါမည်။ ကားကိုယ်ထည် သည် Alphard ပုံစံအတိုင်းဖြစ်မည် ဆိုသော်လည်း အရှေ့ Grille Design ၊ LASER Light စနစ်တို့သည် ပို၍ ထူးခြားမည်ဖြစ်ပြီး ကားနောက်ဖက် Taillight သည်လည်း ခေတ်ရှေ့ပြေးသည့် ပုံစံဖြစ် ပါမည်။ ၎င်းအား (ရှေ့ဘီးယက်စနစ်)သို့ (AWD System)ဖြင့် ထုတ်လုပ်ထားပါသည်။