ဂျပန်ဈေးကွက်တွင် ရောင်းချမည့် Lexus LC 500 Aviation
Lexus ၏ နာမည်ကျော် Sport Model ဖြစ်သည့် Lexus LC သည် အထူးဖန်တီးသည့် LC 500 Aviation အား LC 500 နှင့် LC 500h (၂)မျိုးလုံးအတွက် ဖန်တီးလိုက်ကာ ၎င်းတို့အား ( Aeronautic – Inspired ) အပါအဝင် အထူးဖန်တီးသည့် လက်ရာများဖြင့် တွေ့မြင်ရပါမည်။ ကား၏ အနောက်ဖက် ဧရိယာ၊ Spoiler နှင့် ပတ်လည်နေရာများတွင် အလွန်ပေါ့ပါးသည့် – ( Carbon Fiber Reinforced Plastic – CFRP ) ကိုလည်း ထည့်သွင်းထားမည်ဖြစ်ပြီး အဆိုပါ ( CFRP Winglet များသည် ကား၏နံဘေး (၂)ဖက်ကို အရှိန်ဖြင့် ဝင်လာမည့် လေအဟုန်များကို လှည့်လည်ပေးခြင်းဖြင့် Smooth ဖြစ်စေမည့်အတွက် အရှိန်မြင့်မားစွာ မောင်းနှင်ရာတွင် အထူး အကျိုးရှိစေပါမည်။ ထို့အပြင် Steering တုန့်ပြန်မှု အထူးကောင်းမွန်ကာ ၊ Comfort နှင့် High Speed တွင် ကားကိုယ်ထည်ကို တည်ငြိမ်စေပါမည်။ အဆိုပါ CFRP Winglet များအား LFA Project မှ လက်ဖြင့် ဖန်တီးတည်ဆောက်ထားပြီး ( 3D Carbon Fiber ) ကို အသုံးပြုထားပါ သည်။ Standard LC Model တွင် ပါဝင်သည့် ( Black 21-inch Split-Spoke Wheels) ကိုလည်း LC 500 Aviation တွင်သာ ရရှိနိုင်မည်ဖြစ်သည်။ LC ၏ သင်္ကေတဖြစ်သည့် ( Spindle Grille ) နှင့် Taillight Garnish တို့ကိုလည်း Blacked Out Treatment ဖြင့် ဖန်တီးထားမည်။ ကားအတွင်းခန်းတွင် ထူးခြားသည့် Color ဖြစ်သည့် – Aviation Black Color နှင့်အတူ Alcantara Steering ၊ Door Trim နှင့် အတွင်းခန်း အခင်းအကျင်းတို့တွင် ထည့်သွင်းထားပါမည်။ Powertrain အနေဖြင့် ပုံမှန် LC 500 နှင့် တူညီမည်ဖြစ်သည်။ LC 500 Aviation တွင် Silver ၊ White ၊ Black ဟူ၍ အရောင် (၃) ရောင်သာ သီးသန့်ရရှိနိုင်မည်ဖြစ်ပြီး ဂျပန်ဈေးကွက်အတွက် ထုတ်လုပ်မည်ဖြစ်ကာ ( 2021 , January , 6 ) တွင် စတင်ရောင်းချပါမည်။