Lexus LC Convertible Concept သည် Production ဖြစ်လာနိုင်ဖွယ်ရှိ

Unicode Version…


Zawgyi Version…

Lexus LC Convertible Concept သည် Production ဖြစ်လာနိုင်ဖွယ်ရှိ
Lexus LC သည် Lexus ၏ များစွာ ထင်ရှားသည့် Model ဖြစ်ပြီး Coupe တစ်စင်း၏ အသွင်အပြင်နှင့် ထူးခြားသည့်ဖန်တီးမှုများကြောင့် နာမည်ကျော်ကြားပါသည်။ Lexus သည် 2019 နှစ်ဦးပိုင်းတွင် ကျင်းပလေ့ရှိ သည့် Detroit Auto show တွင် LC Model အသစ်ဖြစ်သည့် LC convertible အား Concept အနေဖြင့် မိတ်ဆက်ပြသမည်ဖြစ်ပြီး ၎င်းအား Production Model အနေဖြင့် လက်တွေ့ကျကျ ဖန်တီးနိုင်သည့် အစီအစဉ်ရှိပါသည်။
( ယခုပြသသည့် Concept Model အား LC Coupe Model ၏ ရှင်းလင်းထင်ရှားသည့် ဒီဇိုင်းအား ရယူထားမည်ဖြစ်ပြီး အနာဂတ် Convertible Model ၏ ပြယုဂ်ကိုလည်း တင်ထပ်စေသည် ) – ဟု LC Convertible Car Concept ၏ ဒီဇိုင်းနာချုပ်ဖြစ်သူ Tedao Mori မှ ပြောကြားပါသည်။ ( Production အနေဖြင့် ထုတ်လုပ်သည့် Model တွင်လည်း ထူးခြားသားနားသည့် အသွင်အပြင်အား ရင်သပ်ရှုမောဖွယ်ဖြင့် တွေ့မြင်ရမည် ) ဟု ၎င်းမှ ထပ်လောင်းပြောကြားပါသည်။ Concept Model တွင် ( 22 – inch wheels ) များအပါအ၀င် အ၀ါရောင်လိုင်းများ ပေါင်းစပ်ထားသည့် အဖြူရောင်သားရေဖြင့် ခမ်းနားစွာ ခင်းကျင်းထား မည်ဖြစ်ပြီး ( Dark – Colored Trimming ) များလည်း ပါရှိပါမည်။
LC Convertible Concept ၏ အင်ဂျင်နှင့် ပတ်သက်၍ Lexus မှ ကြိုတင်ပြောကြားထားခြင်း မရှိသော်လည်း ၎င်းအား ဓာတ်ဆီအင်ဂျင်နှင့် Hybridized Powertrain ဖြင့် ထုတ်လုပ်မည်ဖြစ်ပါသည်။

Unicode version…


LEAVE A REPLY

Please enter your comment!
Please enter your name here