Unicode Version…
Lexus သည် ၎င်း၏ New Concept Version ဖြစ်သည့် LC Model အား ထူးခြားသည့် အရောင်ဖြင့် Concurs d’Elegance ဒေသရှိ Pebble ကမ်းခြေတွင် မိတ်ဆက်ပြသခဲ့သည်။ အထူးတောက်ပမည့် အဝါရောင်ရင့်ရင့်တွင် မီးခိုးရောင် 21- inch Allay Wheel များနှင့် Carbon Fiber အမိုးတို့ပေါင်းစပ်ထားသည့် LC Model သည် တွေ့မြင်ရသူများအား ရင်သပ်ရှုမောဖြစ်ခဲ့ပါသည်။ အပြင်ဖက်အရောင်နှင့် လိုက်ဖက်သည့် အဝါရောင် အတွင်းခန်းနှင့် Alcantara တံခါးဘောင်များ အဝါရောင်သားရေထိုင်ခုံများ အပါအဝင် Instrument Panel , Center Console နှင့် Glove box များသည်လည်း အဝါရောင်သာဖြစ်ပါသည်။ Yellow LC Model သည် LC Series ၏ ဒုတိယအဆင့် ဖြစ်ပြီး ( အပြာရောင် LC 500 Model ) အား 2017 October တွင် မိတ်ဆက်ပြသခဲ့ပါသည်။ Lexus သည် ထိုသို့ ထူးခြားသည့် အရောင်ဖန်တီးမှုများအတွက် ( Nano – Structures ) ကို ထည့်သွင်း အသုံးပြုပြီး ( ၈ ) လခန့် အချိန်ယူ၍ ဆေးချယ်ဖန်တီးခဲ့ပါသည်။
အဆိုပါ Yellow LC Concept အပြင် အထူးသီးသန့်စီစဉ်ထုတ်လုပ်ထားသည် UXZ 250 h ကိုလည်း တပါတည်းပြသခဲ့ပါသည်။ ၎င်းအား အထူးပြုလုပ်ဖန်တီးထားသည့် (မိုးပြာရောင်ဆေးသား ) ဖြင့် ချယ်မှုန်းထားပြီး အကောင်းဆုံး Exhaust Setup များ ၊ Sport Suspension များဖြင့် ထုတ်လုပ် ထားပါသည်။ ထို့အပြင် အထူးသီးသန့် စက်ဘီးတင်စင်လည်းပါရှိမည်ဖြစ်ကာ ( Lexus F – Sport Road Bike ) ကို တင်ဆောင်၍ နေရာမရွေး သွားလာနိုင်ရန် ခင်းကျင်းပြသထားပါသည်။
Zawgyi Version…
Lexus ၏ အထူးထုတ် Concept Model (၂) မျိုးအား Pebble ကမ်းခြေတွင် စတင်ပွဲထုတ်